Wednesday, October 27, 2021

Interview with U Bo Hla Tint (ASEAN- NUG) Part- 2


“မျိုးဆက်သစ်လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားမှုက လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းမှာ အမြင့်ဆုံး ဒီဂရီကို ရောက်နေပါပြီ”

(ဦးဘိုလှတင့်- အာဆီယံဆိုင်ရာ သံအမတ်ကြီး- NUG)
----------------------------
(၂၈/၁၀/၂၀၂၁)

ဒီနေ့  မျိုးဆက်သစ် GZ လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားမှုဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းမှာ အမြင်း့ဆုံး ဒီဂရီအထိ ရောက်နေပြီဖြစ်တဲ့အတွက် မကြာခင် အောင်ပွဲရမှာသေချာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံ ဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကပြောပါတယ်။

အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ သုံးရက်တာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... အာဆီယံ အစည်းအဝေးက ဘယ်လိုဆုံးဖြတ်ချက်တွေ ထွက်လာနိုင်သလဲ၊ စစ်ကောင်စီက အစည်းအဝေးမတက်တဲ့အတွက် အာဆီယံနဲ့ NUG ကြား ဆက်ဆံရေး ပိုတိုးတက်လာနိုင်သလား၊ အရင် ၁၉၉၀ ဝန်းကျင် NCG အစိုးရအောက်မှာ တာဝန်ယူရတာနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲအလွန် NUG အစိုးရအောက်မှာ တာဝန်ထမ်းရတာ အခြေအနေခြင်း ဘယ်လိုကွာခြားသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More