Tuesday, October 26, 2021

Interview with U Bo Hla Tint of (ASEAN-NUG) Part 1


“အာဆီယံ ခေါင်းဆောင်တွေရဲ့ ပြောင်းလဲလာနေတဲ့ ခြေလှမ်းသစ်ကို ကျနော်တို့ ကြိုဆိုတယ်”

(ဦးဘိုလှတင့်- အာဆီယံဆိုင်ရာ သံအမတ်ကြီး- NUG)
----------------------------
(၂၇/၁၀/၂၀၂၁)

အာဆီယံ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ စစ်ကောင်စီ ဥက္ကဌကို ထိပ်သီးအစည်းအဝေး ဆီ မဖိတ်ပဲချန်ထားတာအပါဝင် အာဆီယံ ခေါင်းဆောင်ပိုင်းရဲ့ ပြောင်းလဲလာနေတဲ့ ခြေလှမ်းသစ်တွေကို ကြိုဆိုပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံ ဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကပြောပါတယ်။

အောက်တိုဘာ ၂၆ ကစပြီး ၃ ရက်တာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... အာဆီယံ သံအမတ်ကြီးအဖြစ် တာဝန်ပေးခံရပုံ၊ စစ်ကောင်စီ ဥက္ကဌ မပါပဲ ကျင်းပတဲ့ အာဆီယံ အစည်းအဝေးက တကယ်ပဲ တိုးတက်တဲ့ ခြေလှမ်းသစ်တွေ လှမ်းလာနိုင်တော့မလား၊ ၃ ရက်တာ အစည်းအဝေးအပြီးမှာ မြန်မာ့အရေးအပေါ် အာဆီယံက ဘယ်လို အရေးယူမှုတွေ လုပ်လာနိုင်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလ တူညီချက်- ကွာခြားချက်အကြောင်းတွေပါဝင်တဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် မှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More