Friday, October 15, 2021

Interview with U Aung Thu Nyein


“စစ်ကောင်စီမှာ မဟာမိတ်သိပ်နည်းနေလို့ ဒီအတိုင်း ရပ်တည်ဖို့ ခက်ပါတယ်”
-------------------------------------------
(၁၅/၁၀/၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီဟာ အိမ်နီးချင်း အာဆီယံကိုတောင် မဟာမိတ်မဖွဲ့နိုင်ပဲ တရုတ်နဲ့ရုရှားကိုသာအားကိုးနေရတဲ့အတွက် ရေရှည်ရပ်တည်ရေးခက်ခဲနိုင်တယ်လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။

အာဏာသိမ်းပြီး ၈ လကြာ နိုင်ငံရေးအခြေအနေ၊ အာဆီယံ အထူးကိုယ်စားလှယ် လာခွင့်ရ မရအခြေနေ၊ နိုင်ငံတကာရဲ့ ဖိအားတိုးလာနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ... အာဆီယံ အထူးကိုယ်စားလှယ်ခရီးစဉ်ရဲ့ နောက်ဆုံးအခြေနေ၊ အာဆီယံကိုယ်စားလှယ်ကို လာခွင့်မပေးရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ၊ သံတမန်ရေးကြားဝင်စေ့စပ်မှု မအောင်မြင်ရင် လက်နက်ကိုင်တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလား၊ နွေဦးတော်လှန်ရေး ၈ လကျော်ကြာတဲ့အထိ ဒီမိုကရေစီ အင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတွေကြားမှာ တပ်ပေါင်းစု မဖွဲ့နိုင်သေးတာ ဘာကြောင့်လဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More