Wednesday, October 13, 2021

Dr Tint Swe Part 2


ဒေါက်တာတင့်ဆွေနှင့် မေးမြန်းချက် (၂) ------------------------------------------- (၂/၉ /၂၀၂၁) “စစ်အာရှင်စနစ် အလိုမရှိ” ကနေ “အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းကြ” ဆိုပြီး ရရာ လက်နက်ဆွဲကိုင်တော်လှန်တဲ့အထိ ဖြစ်လာနေတဲ့ PDF တွေရဲ့ လမ်းစဉ်ဟာ မြန်မာ့သမိုင်းမှာ လုံးဝအသစ်ပေါ်လာတဲ့ စိတ်ကူးအသစ်ဖြစ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့် မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... “စစ်အာဏာရှင်စနစ် အလိုမရှိ” ကနေ “အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းကြ” ဆိုတဲ့အထိ ဖြစ်လာပြီး လူတွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေကြတာလဲ၊ ၁၉၈၈ ဝန်းကျင်လူငယ်တွေနဲ့ ဒီနေ့ GZ လူငယ်တွေရဲ့ စဉ်းစားပုံ ဘယ်လိုကွာသလဲ၊ ၁၉၈၈ ဝန်းကျင် မြန်မာစစ်တပ်နဲ့ ဒီနေ့ စကစ စစ်တပ် အခြေအနေ ဘယ်လိုကွာသလဲ... စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။ (မေးမြန်းချက် နောက်ဆုံး အပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More