Wednesday, October 13, 2021

MMS Part 1


နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးမောင်မောင်စိုနှင့် မေးမြန်းချက် (၁) ------------------------- (၅/၉ /၂၀၂၁) အသစ်ဖြစ်ပေါ်လာတဲ့ PDF တပ်တွေနဲ့ အရင်ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ပူးတွဲတိုက်ပွဲဝင်နိုင်အောင်ရေးအတွက် အရေးကြီးတဲ့ ဦးဆောင်မှုတခု လိုအပ် နေတယ်လို့ လက်နက်ကိုင်တပ်ဖွဲ့အရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်းသူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်း ဘယ်လောက်များများရှိနေပြီး ဘာတွေလုပ်နေကြသလဲ၊ စစ်အုပ်စု နဲ့ အဲဒီအဖွဲ့တွေကြားက အပစ်ခတ်ရပ်စဲရေးသဘောတူချက်က ဆက်ရှိနေဆဲလား၊ စစ်အစိုးရ အဆက်ဆက်ကိုတော်လှန်နေတဲ့ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေက အခု အသစ်ဖြစ်ပေါ်လာတဲ့ PDF နဲ့လက်တွဲပြီး စစ်အုပ်စုကို တော်လှန်ဖို့အရေးမှာ ဘာကြောင့် အဆင်သင့်မဖြစ်သေးတာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (လက်နက်ကိုင်တိုက်ပွဲ ရှေ့အလားအလာ ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ ဆိုတဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More