Wednesday, October 13, 2021

Interview with Wai Wai Nu- Part 3


“စစ်ကောင်စီဟာ ဘယ်တော့မှ အစိုးရဖြစ်လာမှာ မဟုတ်ဘူး”
(မဝေဝေနု- Women’s Peace Network in Myanmar)
--------------------------------------
(၁၂/၁၀/၂၀၂၁)

စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး အာဏာသိမ်းထားတာ ၈ လကြာလာပြီဆိုပေမယ့် ပြည်သူတွေက လက်မခံပဲ ဆက်လက်တော်လှန်နေတာမို့ ဘယ်တော့မှ အစိုးရတရပ် ဖြစ်လာမှာမဟုတ်ဘူးလို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူ မဝေဝေနုကပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၈ လအကြာ နိုင်ငံရေးအခြေအနေ၊ လူနည်းစု ရိုဟင်ဂျာတွေရဲ့ အခြေအနေ၊ နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ ပါဝင်ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်ကမေးမြန်းစဉ် သူမက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် နောက်ဆုံးပိုင်းမှာတော့... ရိုဟင်ဂျာအရေး ကိုင်တွယ်မှုမှာ တာဝန်ရှိသူတွေကို ဘယ်လိုအရေးယူမှာလဲ၊ ပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လိုဆောင်ရွက်ကြမလဲ၊ အာဏာသိမ်းစစ်တပ်က ဘယ်အချိန်အထိ တိုင်းပြည်ကို ထိမ်းချုပ်ထားနိုင်မလဲ၊ GZ တွေရဲ့ စိတ်ကူးအသစ်က ဘာတွေလဲ... စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More