Thursday, October 21, 2021

Interview with U Aung Myo Min of NUG.


“ပြန်လွတ်လာသူတွေထဲမှာ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ မပါသေးဘူး”
(ဦးအောင်မျိုးမင်း- လူ့အခွင့်အရေးဝန်ကြီး- NUG)
------------------------------------------
(၂၁/၁၀/၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်နယ်-တိုင်း ဝန်ကြီးချုပ်တွေလို NLD ထိပ်ပိုင်းခေါင်းဆောင်တွေ မပါသေးတဲ့အတွက် ဒါဟာ ပြုပြင်ပြောင်းလဲမှုလုပ်ချင်လာတဲ့သဘောလို့ လုံး၀ ယူဆလို့မရသေးတဲ့အကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖမ်းဆီးခံထားရသူ ၈၀၀၀ နီးပါးထဲက ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးနေပါပြီလို့ စစ်ကောင်စီက ကြေညာတဲ့အပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က NUG ရဲ့ သဘောထားကိုမေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ... စစ်ကောင်စီက ဘာကြောင့် နိုင်-ကျဉ်းတွေကို အခုလို ပြန်လွှတ်ပေးလိုက်တာလဲ၊ ဒီလိုလွှတ်ပေးမှုအပေါ် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကကြိုဆိုလေမလား၊ ဒီလိုလွှတ်ပေးမှုကြောင့် တိုက်ပွဲအရှိန်တွေ ပြန်ကျသွားနိုင်သလား၊ NUG ဖက်ကကော လွှတ်ပေးမှုကနေဖြစ်ပေါ်လာမယ့် နောက်တဆင့်အတွက် ဘာတွေပြင်ဆင်ထားသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More