Monday, October 11, 2021

Interview with Wai Wai Nu- Part 2


“AA ရဲ့ ပွင့်လင်း တိုးတက်တဲ့အမြင်တွေကို ကြိုဆိုပါတယ်” (မဝေဝေနု- Women’s Peace Network in Myanmar) -------------------------------------- (၁၁/၁၀/၂၀၂၁) ရိုဟင်ဂျာတွေရဲခံစားချက်ကို စာနာနားလည်ပြီး နိုင်ငံတည်ဆောက်ရေးမှာ ပူးတွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြောလာတဲ့ ရခိုင့်တပ်မတော် AA ရဲ့ ပွင့်လင်းပြီးတိုးတက်တဲ့အမြင် တွေကို ကြိုဆိုပါတယ်လို့ ရိုဟင်ဂျာအရေးအပါဝင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူ မဝေဝေနုကပြောပါတယ်။ စစ်အာဏာသိမ်းပြီး ၈ လအကြာ နိုင်ငံရေးအခြေအနေ၊ လူနည်းစု ရိုဟင်ဂျာတွေရဲ့ အခြေအနေ၊ နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ ပါဝင်ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်ကမေးမြန်းစဉ် သူမက အဲဒီလိုဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... NUG အစိုးရဖက်က သဘောထားပြောင်းလာသလို သာမန်ပြည်သူတွေကြားမှာလည်း ရိုဟင်ဂျာတွေအပေါ် နားလည်မှုရှိလာနေပြီလား၊ ရခိုင်ဒေသခံတွေကကော ရိုဟင်ဂျာတွေရဲ့ခံစားချက်ကို နးလည်ပါရဲ့လား၊ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအစီစဉ် ဘယ်လိုရှိနေသလဲ၊ ပြစ်မှုကျုးလွန်တဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးက အရေးယူနိုင်မယ့် အလား အလာက ဘယ်လိုရှိနေသလဲ... စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။ (နွေဦးတော်လှန်ရေးမှာ ရိုဟင်ဂျာလူငယ်တွေ ဘယ်လိုပါဝင်နေသလဲ၊ GZ တွေကြားမှာ ခွဲခြားဆက်ဆံမှာ တကယ်မရှိတော့ဘူးလား၊ စကစ မကြာခင် နိဂုံးချုပ်တော့မလား... စတဲ့ အကြောင်းအရာတွေပါဝင်တဲ့ တတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More