Wednesday, October 13, 2021

Dr Tint Swe Part 1


ဒေါက်တာတင့်ဆွေနှင့် မေးမြန်းချက် (၁) ------------------------------------------- (၁/၉ /၂၀၂၁) အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထူးခြားချက်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေကိုပါ ပါဝင်ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ၁၉၉၀ ခုနှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့် မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလနဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန်ကာလတွေရဲ့ တူညီချက်နဲ့ မတူညီချက်တွေ၊ NCG ဖြစ်ပေါ်လာပုံနဲ့ NUG ဖြစ်ပေါ်လာပုံ တူညီချက်-မတူညီချက်တွေ၊ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစိုးရတွေအပေါ် သဘောထား၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖက်က အသိမှတ်ပြုမှု အခြေအနေတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More