Saturday, October 2, 2021

Interview with Burma News International (BNI)


“စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံသားတိုင်းဟာ သတင်းသမားတွေလို ဖြစ်သွားတယ်”
--------------------------------------------------
(၂-၁၀-၂၀၂၁)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေ ရာနဲ့ချီဖမ်းဆီးခံရ၊ သတင်းဌာနတွေ ဒါဇင်နဲ့ချီပိတ်ပင်ခံရပြီးတဲ့နောက် ကွင်းဆင်းသတင်းယူနိုင်တဲ့ သတင်းထောက် မရှိတော့တဲ့အတွက် ဒေသခံပြည်သူတွေကိုယ်တိုင် သတင်းထောက်တွေဖြစ်လာနေပြီလို့ Burma News International ရဲ့ မူဝါဒရေးရာကော်မီတီ ဥက္ကဌ နန်းဖောဂေ ကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၈ လပြည့်ချိန် မြန်မာသတင်းဌာနတွေရဲ့ သတင်းရယူတင်ပြနိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ မေးမြန်းခန်း အတွင်း သူမ ကအဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် အဲဒီမေးမြန်းချက်ထဲမှာ... ဖမ်းဆီးခံသတင်းထောက်နဲ့ လိုင်စင်အသိမ်းခံရတဲ့ သတင်းဌာနတွေရဲ့ လက်ရှိ အခြေအနေ၊ အများပြည်သူတွေကိုယ်တိုင် CJ တွေဖြစ်လာပုံ၊ အင်တာနက်ဖြတ်တောက်ခံဒေသက သတင်းတွေကို ဘယ်လို ရယူနေသလဲ၊ မြန်မာ့သတင်းလောက အနာဂတ် ဘယ်လိုဖြစ်လာနိုင်သလဲ... စတဲ့ အကြောင်း အရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More