“စစ်ကောင်စီရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ရပ်တန့်အောင် အရင်လုပ်ပြီးမှ ဆွေးနွေးရေးစကားကိုပြောပါ”
(မခင်ဥမ္မာ- Progressive Voice)
----------------------------
(၂၆/၁၀/၂၀၂၁)
အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ရပ်တန့်အောင် အရင်လုပ်ပြီးမှ တွေ့ဆုံဆွေးနွေးရေးဆိုတာကို ပြောသင့်တယ်လို့ Progressive Voice က မခင်ဥမ္မာကပြောပါတယ်။
ဒီနေ့စတင်ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး၊ အဲဒီအစည်းအဝေးအပြီးဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံတကာ ကြားဝင် ညှိနှိုင်းမှုအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... ၃ ရက်ကြာ အာဆီယံအစည်းအဝေးပြီးရင် နိုင်ငံတကာဖက်က ကြားဝင်ညှိနှိုင်းမှုဖြစ်လာနိုင်သလား၊ စစ်တပ်နဲ့ အာဏာခွဲဝေအုပ်ချုပ်ရေးဆိုတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ပုံစံကို ဒီနေ့ တော်လှန်ရေးမျိုးဆက်သစ်က လက်ခံနိုင်သေးရဲ့လား၊ တိုက်ပွဲပုံစံသစ်တွေနဲ့ နိုင်ငံသစ်ကို တည်ဆောက်နိုင်တော့မလား... .. စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
0 comments:
Post a Comment