Monday, October 25, 2021

Interview with Khin Omar of Progress Voice- part 1


“အာဆီယံ တခုတည်းမဖြေရှင်းနိုင်ဘူး။ လုံခြုံရေးကောင်စီက ထောက်ခံပေးဖို့ လိုနေပါတယ်”
(မခင်ဥမ္မာ- Progressive Voice)
----------------------------
(၂၅-၁၀-၂၀၂၁)

မြန်မာနိုင်ငံက စစ်ကောင်စီကို အရေးယူတဲ့အခါ အာဆီယံ တခုတည်းနဲ့ ဆောင်ရွက်နိုင်စွမ်းမရှိတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုကို အာဆီယံက ရယူဖို့လိုအပ်နေတယ်လို့ Progressive Voice အဖွဲ့ရဲ့ ဥက္ကဌ မခင်ဥမ္မာကပြောပါတယ်။

မနက်ဖန်စတင်တော့မယ် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ပြီးခဲ့တဲ့ သတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံ အရပ်ဖက်အဖွဲ့များရဲ့ အစည်းအဝေးတောင်းဆိုချက်၊ မနက်ဖန် အစည်းအဝေးကိုတက်မယ့် နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ဆိုတာ ဘယ်လိုမျိုးလဲ၊ ၃ ရက်တာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးပြီး ဘယ်လို ဆုံးဖြတ်ချက်တွေ ထွက်လာနိုင်သလဲ၊ အစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာ အာဆီယံဒေသဆီခရီးထွက်လာတဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်က ဘယ်လောက်အရေးပါသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဆွေးနွေးရေးအကြောင်း မပြောခင် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေ၊ လူသားမဆန် ရက်စက်မှုတွေကို အရင်ရပ်တန့်အောင်လုပ်ဖို့လိုကြောင်းဆွေးနွေးချက် ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More