Wednesday, October 13, 2021

Dr Tint Swe Part 3


ဒေါက်တာတင့်ဆွေနှင့် မေးမြန်းချက် (၃) ------------------------------------------- (၃/၉ /၂၀၂၁) စစ်အာဏာရှင်စနစ်ကို အပြတ်ရှင်းမယ်ဆိုရင် အာဏာရှင်တွေနဲ့ပေါင်းနေတဲ့ အခွင့် အရေးသမားတွေကိုလည်း အပြတ်ရှင်းသင့်တယ်လို့ ၁၉၉၀ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့် မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် နောက်ဆုံးအပိုင်းမှာတော့... အရင်တော်လှန်ရေးတွေထက် အခုတော်လှန်ရေးက အောင်မြင်မှုရနိုင်ခြေ ပိုများနေတယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ၊ ဘယ်အစိုးရတက်တက် ပေါင်းစား-ညာစားမယ်ဆိုတဲ့ လူတန်းစား ကို ဘယ်လိုသဘောထားသင့်သလဲ၊ ဒလန်တွေကို ရှင်းပစ်တာ ထိရောက်မှုရှိသလား၊ ပြည်တွင်း-ပြည်ပ အကူအညီတွေက နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ တွန်းအားဖြစ်စေသလဲ... စတဲ့ အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ဒီတပတ် စနေ-တနင်္ဂနွေမှာတော့ လက်နက်ကိုင်တော်လှန်ရေးအကြောင်း စစ်ရေး၊နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးသွားဖို့ စီစဉ်ထားပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More