Saturday, April 9, 2016

Paris-Roubaix ပွဲမှာ ဘယ်သူ ပထမ ရနိုင်သလဲ...။

Paris-Roubaix ပွဲမှာ ဘယ်သူ ပထမ ရနိုင်သလဲ...။
...
Spring Classics ပွဲတွေထဲမှာ နာမည်အကြီးဆုံးပွဲတခုဖြစ်တဲ့ Paris-Roubaix ပွဲ ('The Queen of the Classics', or 'The Hell of the North) ကို လာမဲ့တနင်္ဂနွေ (ဧပြီလ ၁၀ ရက်) မှာ ပြင်သစ်မှာ ကျင်းပဖို့ရှိနေ ပါတယ်။ ဒီပွဲဟာ ပြီးခဲ့တဲ့တနင်္ဂနွေကကျင်းပတဲ့ ဘလဂျီယံက အကြိမ် ၁၀၀ မြောက် Tour of Flanders ထက် ၁၄ နှစ်စောတဲ့အတွက် အကြိမ် ၁၁၄ ကြိမ် မြောက်ပွဲဖြစ်ပါတယ်။

Tour of Flanders ဟာ ၂၅၅ ကီလိုမီတာ ရှည်လျားပြီး cobbled climbs ကျောက်တုံးခင်းလမ်းတောင်ကုန်း ၇ ခုနဲ့အတူ လမ်းကျဉ်းတွေ၊ လမ်းကွေ့တွေ အများကြီးပါဝင်တာကို ပရိတ်သတ်တွေမြင်ခဲ့ပြီးဖြစ်မှာပါ။ အခု တနင်္ဂနွေမှစမဲ့ Paris-Roubaix က 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။
ဒါ့အပြင် ရာသီဥတုကလည်း မိုးသည်းမယ်လို့မှန်းထားတဲ့အတွက် ပွဲဟာ အတော်ပြင်းပြင်းထန်ထန်စီးရမဲ့သဘောရှိနေပါတယ်။ ဒီပွဲဟာလည်း အရင် အပတ်က Tour of Flanders လိုပဲ ဆာဂန်ရဲ့အဓိကပြိုင်ဖက်တွေဖြစ်တဲ့ Fabian Cancellara က ၃ ကြိမ်၊ Tom Boonen က ၄ ကြိမ်အနိုင်ရထားဖူးပြီး ဆာဂန်ကိုယ်တိုင်ကတော့ ၂၀၁၄ တုန်းက နံပတ် ၆ အထိပဲရထားဖူးပါတယ်။
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ Grand Tour (၂၁ ရက် တာပွဲများ) တွေမှာ တနှစ်ထဲ ၂ ပွဲ၊ ၃ ပွဲစလုံးအနိုင်ရဖို့မဖြစ်နိုင်သလို အခု Spring Classcis မှာလည်း Tour of Flanders ရော၊ Paris-Roubaix ပါ တနှစ်ထဲ ရဖို့မဖြစ်နိုင်ဘူးလို့ဆိုကြပါတယ်။

ဒါပေမဲ့ ဒီနှစ် ခြေစွပ်ကောင်းပြီး Gent-Wevelgem နဲ့ Flanders ကိုပါ တပတ် ခြားစီ double အနိုင်ရထားတဲ့ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်ဟာ ဒီနှစ်ခုစလုံးကို ရပြီစံချိန်တင်သွားနိုင်တဲ့အလားလာရှိနေတယ်လို့ အကဲခတ်တွေကဆိုနေပါ တယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ တနင်္ဂနွေက နောက်ဆုံး ၁၅ ကီလိုကို တကိုယ် တော် အရှိန်တင်စီးသွားတာ၊ ကာစီးလာလာနဲ့အခြားတဦး နှစ်ဦးပေါင်းလိုက် တာတောင် မမီတော့တဲ့အတွက် ဆာဂန်ဟာ Sprinter သက်သက် မဟုတ် တော့ပဲ Clisscis ဆရာကြီးဖြစ်နေပြီ။ အခြေအခြေကိုကြည့်ပြီး တယောက် တည်းပြေးသင့်ရင်ပြေးရဲနေပြီဆိုတဲ့အနေအထားကြောင့် ဒီပွဲမှာ လူစိတ်ဝင်စား မှု အများဆုံးခံနေရသူဖြစ်လာနေပါတယ်။
ကာစီးလာလားနဲ့ တွန်ဘွန်းအပြင် နောက်ထပ်အလေးထားရမဲ့ ဆာဂန်ရဲ့ပြိုင် ဖက်တွေကတော့.. Niki Terpstra, Zdenek Stybar, Alexander Kristoff, Luke Rowe နဲ့ Lars Boom တို့ဖြစ်ပါတယ်။
ဒါပေမဲ့ စာရေးသူကတော့ ပုဂ္ဂိုလ်ရေးအစွဲရှိတယ်ပဲဆိုဆို Breakaway အဖွဲ့ တခုခုသာ လွတ်မသွားဘူးဆိုရင် ပီတာဆာဂန်ပဲ အနိုင်ရလိမ့်မယ်၊ တနင်္ဂနွေ သုံးပတ် ဆက်တိုက် ဆာဂန် အောင်ပွဲခံလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက် ချင်ပါတယ်။ ။
.....

Paris-Roubaix ပွဲအတွက် Peter Sagan ဘာတွေပြင်ထားသလဲ...။
...
Spring Classics ပွဲတွေထဲမှာ နာမည်အကြီးဆုံးပွဲတခုဖြစ်တဲ့ Paris-Roubaix ပွဲ ('The Queen of the Classics, or 'The Hell of the North) ကို မနက်ဖြန်မနက် ၁၀ နာရီခွဲ (မြန်မာစံတော်ချိန် ၃ နာရီဝန်းကျင်) မှာ စတင် ဖို့ရှိနေပါတယ်။
ဒီပွဲဟာ ပြီးခဲ့တဲ့တနင်္ဂနွေကကျင်းပတဲ့ ဘလဂျီယံက အကြိမ် ၁၀၀ မြောက် Tour of Flanders ထက် ၁၄ နှစ်စောတဲ့အတွက် အကြိမ် ၁၁၄ ကြိမ် မြောက်ပွဲဖြစ်ပါတယ်။

Tour of Flanders ဟာ ၂၅၅ ကီလိုမီတာ ရှည်လျားပြီး cobbled climbs ကျောက်တုံးခင်းလမ်းတောင်ကုန်း ၇ ခုနဲ့အတူ လမ်းကျဉ်းတွေ၊ လမ်းကွေ့တွေ အများကြီးပါဝင်တာကို ပရိတ်သတ်တွေမြင်ခဲ့ပြီးဖြစ်မှာပါ။
အခု တနင်္ဂနွေမှစမဲ့ Paris-Roubaix က 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။ ဒါ့အပြင် ရာသီဥတု ကလည်း မိုးသည်းမယ်လို့မှန်းထားတဲ့အတွက် ပွဲဟာ အတော်ပြင်းပြင်းထန် ထန် စီးရမဲ့သဘောရှိနေပါတယ်။
ပွဲကျင်းပမဲ့လမ်းတလျောက် စက်ဘီးအသင်းအတော်များများ ကြိုတင်လေ့လာ ကြသလို မနေ့ကတော့ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်တို့ရဲ့ Tinkoff အသင်း သွား ရောက်လေ့လာခဲ့ပါတယ်။ မီဒီယာတွေကို အသိမပေးပဲ ဒီတိုင်းထွက် သွားတာဖြစ်ပေမဲ့ အသင်းကားရပ်တဲ့နေရာတိုင်း၊ စက်ဘီးစီးပြီးရပ်တဲ့နေရာ တိုင်းမှာ မီဒီယာသမားတွေ၊ ပွဲကြည့်ပရိတ်သတ်တွေနဲ့ တိုးပြီး မေးခွန်းတွေကို ဖြေ၊ အော်တိုတွေလက်မှတ်ထိုး၊ ပရိတ်သတ်နဲ့အတူ selfie ရိုက်ရနဲ့ ဆာဂန် တယောက် အတော်အလုပ်များခဲ့ပါတယ်။
အဲဒီမေးမြန်းချက်တွေထဲက တချို့နဲ့ ဒီပွဲအတွက် အထူးပြင်ဆင်ထားတဲ့ ဆာဂန် ရဲ့ စီးတော်ယဉ်အကြောင်းကို မျှဝေလိုက်ပါတယ်...။
...

ဆာဂန် ဘာတွေပြောခဲ့သလဲ...
...
ပြီးခဲ့တဲ့ တနင်္ဂနွေကကျင်းပတဲ့ Tour of Flanders မှာအနိုင်ရထားတဲ့ ဆာဂန်ကို Paris-Roubaix မှာလည်း အနိုင်ရတယ်လို့ အတော်များများက ခန့်မှန်းနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးသတင်းထောက်တွေရဲ့အမေးကို သူက အတိအကျမဖြေပါဘူး။ ...ကျနော်ဟာ အမြဲတန်း အေးဆေးပါပဲ။ စိတ်ဖိအား မရှိပါဘူး...လို့ဖြေပါတယ်။
ဘာဖြစ်ရမယ်လို့ မျှော်မှန်းထားတာမရှိပါဘူး။ ပန်းဝင်တဲ့အထိ စီးမယ်၊ လဲပြိုတဲ့ အထဲမပါအောင် ကရုစိုက်မယ်၊ ကံကောင်းရင်နိုင်မယ်၊ ကံမကောင်းရင် မနိုင် ဘူး...ဆိုပြီး သူက ပြောပါတယ်။
ဆာဂန်နဲ့သူ့အသင်းဖေါ်တွေဟာ ကျောက်တုံးခင်းလမ်း ၂၇ ခုထဲက ၁၆ ဆီ သွားခဲ့ပါတယ်။ လမ်းအခြေအနေကိုကြည့်ပြိးတဲ့နောက် စက်ဘီးအထိုင် ဘာ တွေပြောင်းဖို့လိုမလဲဆိုတာအတွက် သူ့အသင်းရဲ့ နည်းပညာဆရာတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။
ဒီလမ်းတလျောက်မှာ ဘယ်နေရာတွေက အခက်ခဲဆုံးလဲ။ ဘယ်တောင်ကုန်း က ပွဲရဲ့အဆုံးအဖြတ်ကိုပေးနိုင်လဲ။ ဥပမာ ပြီးခဲ့တဲ့တနင်္ဂနွေဆိုရင် Paterberg တောင်ကုန်းမှာ ဆာဂန် ထွက်ပြေးလွတ်မြောက်ပြီး အောင်ပွဲလမ်းစ ရသွားသ လိုမျိုးပေါ့ဆိုပြီးမေးတော့...
လူတိုင်းက Roubaix ကိုကြိုက်တယ်။ ဘာကြောင့်လဲဆိုရင် တခြားပွဲတွေနဲ့ မတူတဲ့အနေအထားရှိနေလို့ပါ။ ပြိးတော့ ဒီပွဲရဲ့နောက်မှာ သမိုင်းကြောင်းက လည်းကြီးကြီးမားမားရှိတယ်လို့ ဆာဂန်ကပြောပါတယ်။ ပြီးတော့ ဒီပွဲမှာ ၄ ကြိမ် အနိုင်ရထားသူ Tom Boonen နဲ့ ၃ ကြိမ်နိုင်ထားသူ Fabian Cancellara တို့ရဲ့ အစဉ်အလာကြီးပုံကိုလဲ သူကပြောခဲ့ပါတယ်။

....
ဒီပွဲအတွက် စက်ဘီးကို အထူးပြင်ဆင်ဖို့ လိုအပ်သလား...။
...
ဆာဂန်ဟာ ဒီပွဲအတွက် စက်ဘီးကို အထူးပြင်ဆင်ထားတယ်လို့သိရပါတယ်။ (ဓတ်ပုံထဲက ဘီးကိုကြည့်ပါ)။ နောက်ဆုံးပြင်ဆင်မှုကတော့ အဲဒီနေ့ (မနက် ဖြန်) မှာမိုးရွာမလား၊ နေသာမလားဆိုတဲ့အချက်ပေါ် ကြည့်ပြီး တာယာ အပြောင်းအလဲ ထပ်လုပ်မယ်လို့ဆိုပါတယ်။
ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်းဆိုရင် သူရဲ့ Specialized S-Works ဘီးကို တခု လုံးအနက်ရောင်ဆိုးထားပြီး သူ့အမည်၊ ကမ္ဘာ့ချန်ပီယံသင်္ကေတနဲ့ အခြား သင်္ကေတတချို့ကိုသာ အရောင်ထည့်ထားပါတယ်။ သူ့ဘီးဟာ အသင်းဖေါ် တွေရဲ့ ဘီးနဲ့ သိပ်မကွာပါဘူး။
ဒါပေမဲ့ ကျောက်တုံးခင်းလမ်းတွေပေါ် ခြေချော်မထွက်အောင် ခြေနင်းပြား padded bar ကို extra grip လုပ်ထားပါတယ်။ အရင်ပွဲနဲ့ အဓိကကွာခြား ချက်ကတော့ electronic Shimano Dura Ace Di2 အစား Shimano components ကိုရွေးထားခြင်းပါပဲ။ သူရဲ့ရှေ့ဂီယာက 44-53 ဖြစ်ပါတယ်။
Tinkoff အသင်းရဲ့ chief mechanic Christophe Desimpelaere ကတော့ မနှစ်ကပွဲမှာ ဂီယာနဲ့ mechanical ပြသာနာနဲနဲရှိခဲ့ဖူးတဲ့အတွက် ဒီနှစ် အဲလို မဖြစ်အောင် အသေအချာပြင်ထားပေးတယ်လို့ပြောပါတယ်။ ဘီးရဲ့ အစိတ် အပိုင်းအတော်များများဟာ မနှစ်ကအတိုင်းဖြစ်ပြီး ဘီးဆိုက်ကိုတော့ ၃၀ လက်မ သုံးထားတာတွေ့ရပါတယ်။
ဒါပေမဲ့ မနက်ဖြန် မိုးရွာပြိး စိုစွတ်နေမလား။ နေသာပြီးခြောက်သွေ့နေမလား ဆိုတဲ့အပေါ်မူတည်ပြိး ပွဲမစခင် မနက်ပိုင်းမှာမှ တာယာအပြောင်းအလဲ ထပ် လုပ်မယ်လို့ chief mechanic ကပြောပါတယ်။ 
ကဲ...မနက်ဖြန် ပီတာဆာဂန် အနိုင်ရနိုင်သလား...။ ဂန်ဒ၀င် ဆရာကြီးတွေဖြစ် တဲ့ ကာစီလာလားနဲ့ တွန်ဘွန်းတို့ပဲ ရသွားနိုင်မလား...။ မနက် ၁၀ နာရီခွဲကနေ ပွဲအစ-အဆုံး TV မှာ လိုက်ဖ် ကြည့်ရမှာဖြစ်ပါကြောင်း အစီရင်ခံလိုက်ရပါ တယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More