Friday, April 15, 2016

Peter Sagan ပီတာဆာဂန် mountain bike စီးပြမယ်...။

Peter Sagan ပီတာဆာဂန် mountain bike စီးပြမယ်...။
...
(မြန်မာလူငယ် mountain bike သမားတွေအတွက် အထူးသတင်း)။
ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမားဆိုပြီးပြောနေကြတဲ့ ကမ္ဘာ့ချန်ပီယံ Peter Sagan ပီတာ ဆာဂန်ဟာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားမှာကျင်း ပမဲ့ Tour of California ဆီမသွားမီ တောင်တက်ဘီး mountain bike ပြိုင်ပွဲ ၀င်မယ်လို့သိရပါတယ်။


၂၀၀၈ ခုနှစ်တုန်းက mountain bike ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ဆာဂန်ဟာ သြစတီး ယားနဲ့ ချက်သမ္မတနိုင်ငံတွေမှာ ရှေ့သတင်းပတ်အတွင်းကျင်းပမဲ့ mountain bike ပွဲကို ၀င်ပြိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကာလီဖိုးနီးယားပွဲအတွက် လေ့ကျင့် တဲ့သဘောလဲဖြစ်တယ်လို့ သူရဲ့ Tinkoff အသင်းက ကြေညာချက်ထုတ်ထား ပါတယ်။
mountain bikes ပြန်စီးရတာ သိပ်ပျော်ဖို့ကောင်းပါတယ် လို့ ဆာဂန်ကပြော ပါတယ်။ Gent-Wevelgem နဲ့ Ronde van Vlaanderen က pressure တွေ ကုန်သွားပြီ၊ အခု လမ်းပွဲတွေခဏနားပြီး တောင်တက်ပွဲစီးခွင့်ရအောင် စီစဉ် ပေးတဲ့ စက်ဘီးအသင်းနဲ့ စပွန်ဆာပေးတဲ့အဖွဲ့တွေကို ကျေးဇူးတယ်လို့ ဆာဂန် ကပြောပါတယ်။
သူရဲ့ Tinkoff အသင်းနဲ့အတူ Tinkoff Bank, Specialized, Sportful, Tacx, LOOK, Prologo and Karpos တို့က ဒီပွဲကို စီစဉ်ပေးခဲ့တာလို့လဲ သိရပါ တယ်။ 
ဆာဂန်ဟာ လမ်းပေါ်ပွဲချန်ပီယံမဖြစ်ခင် ဆယ်ကျော်သက်အရွယ်က တောင် တက်ဘီးစီးသူ၊ တောင်တက်ဘီး ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ တောဖြတ် -တောင်ဖြတ်ပွဲလို့ခေါ်နိုင်တဲ့ Cyclo-cross လဲကျွမ်းကျင်သူဖြစ်ပါတယ်။ mountain bikes စီးခြင်းဟာ စက်ဘီးအကိုင်အတွယ် ကျွမ်းကျင်ဖို့အတွက် သိပ်အရေးပါပြီး ဆာဂန်အခုလို ကျွမ်းနေတာဟာ အရင်က mountain bikes စီးတာကြောင့်လို့ အကဲခတ်တွေက မှတ်ချက်ပေးထားပါတယ်။
ဒီပွဲတွေ ဘယ်နေ့ကျင်းပမလဲဆိုတာကိုတော့ ထပ်မံကြေညာပေးပါ့မယ်...။ ။




......

...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More