Friday, April 15, 2016

Amstel Gold Race မှာ ဘယ်သူ ပထမ ရနိင်သလဲ...။

Amstel Gold Race မှာ ဘယ်သူ ပထမ ရနိင်သလဲ...။
...
လာမဲ့ တနင်္ဂနွေ (ဧပြီလ ၁၇) မှာ နောက်ထပ် Spring Classcis ပွဲတခု နယ်သာလန်မှာကျင်းပဖို့ရှိနေပါတယ်။ ဘယ်လဂျီယံပွဲတွေအပြီး နယ်သာလန် ဖက်လှည့်လာတဲ့ Amstel Gold ပွဲမှာ ပီတာဆာဂန်မှအပ နာမည်ကြီး အားလုံး နီးပါး ထပ်ပြိုင်ကြမှာပါ။

258-kilometre ရှည်တဲ့ ခရီးကြမ်းတလျောက်မှာ တောင်ကုန်းတွေ၊ ကွင်းပြင် တွေပါပြီး ဂျာမဏီနယ်စပ်ဖက် စီးကြရမှာဖြစ်ပါတယ်။ ဒီပွဲဟာ နယ်သာလန် စက်ဘီးလောကအတွက်အရေးပါတဲ့ပွဲတခုလည်းဖြစ်ပါတယ်။
မနှစ်ကတော့ Michal Kwiatkowski (Team Sky) က ပထမ ရထားပါတယ်။ သူနဲ့အတူ Simon Gerrans (Orica-GreenEdge)၊ Michael Matthews၊ နော်ဝေမှ Edvald Boasson Hagen၊ Tinkokk အသင်းမှ Kreuziger အပါ ၀င် ....တွေဟာ ပထမ ရနိုင်တဲ့စာရင်းထဲပါဝင်သူတွေဖြစ်ပါတယ်။
မနှစ်က ဒုတိယ ရသူ Alejandro Valverde (Movistar) ကတော့ ဒီနှစ် ဒီပွဲ ကို ထပ်မ၀င်ပဲ မေလဆန်းမှာစတင်မဲ့ ၂၁ ရက်တာ Grand Tour. Giro d’Italia အတွက်ပြင်ဆင်နေပါတယ်။ အလားတူ ပီတာဆာဂန်ဟာလဲ ဒီပွဲကို မ၀င်တော့ပဲ လာမဲ့လလယ် အမေရိကန်ပြည်ထောင်စု ကာလီဖုန်းနီးယားမှာ ကျင်းပမဲ့ပွဲအတွက် ပြင်ဆင်နေပါတယ်။
ဆာဂန်ဟာ အမေရိကန်မြေဆီမသွားခင် သြစတီးယားနဲ့ချက်နိုင်ငံတွေမှာ တောင်တက်ဘီး ပြိုင်ပွဲတခုကိုလည်း ၀င်ရောက်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။
...

Spring Classics ပွဲတွေမှာ Grand Tour ချန်ပီယံတွေ (၂၁ ရက်တာပွဲတွေရဲ့ ချန်ပီယံ) ၀င်ပြိုင်လေ့မရှိဘူးဆိုပြီး မနေ့က ကျနော်ရေးမိပါတယ်။ ဒါပေမဲ့ အဲဒီအဆို ဒီနေ့မှားသွားပါပြီ။ ဘာကြောင့်လဲဆိုရင် Vuelta a Espana ရဲ့ လက်ရှိချန်ပီယံ Fabio Aru (Astan) သဖက်ခါ ကျင်းပမဲ့ Amstel Gold Race ပွဲကို ၀င်ပြိုင်မယ်လို့သိရပါတယ်။

Amstel Gold Race ဟာ ကျနော်ရဲ့ ဒီနှစ်အတွက် မူလအစီစဉ်ထဲမှာ မပါပါဘူး။ ဒါပေမဲ့ ဒီပွဲ ကို ကျနော်စမ်းချင်လို့ ၀င်လာတာပါ။ ကျနော်ကြံ့ခိုင်မှုအခြေအနေက အတော်ကောင်းပါ တယ်။ ဒါပေမဲ့ ကျနော်ဟာ ဧပြီလမှာ အသားကုန်စီးလေ့မရှိပါဘူး။ ကျနော့်ရဲ့ ၁၀၀% ဦးတည် ချက်က Tour de France in July သာဖြစ်တယ်လို့ အရူကပြောပါတယ်။
အရူရဲ့ ဒီနှစ်ခြေစွမ်းကို ပြီးခဲ့တဲ့လ ဘာစီလိုးနားဝန်းကျင် Catalunya ပွဲမှာ တွေ့ခဲ့ရပြီဖြစ်ပါ တယ်။ Amstel Gold Race ပွဲမှာ တောင်ကုန်းအတော်များများပါတဲ့အတွက် အရူ ရနိုင် တယ်လို့လဲဆိုနေကြပါတယ်။ သူဟာ ဒီပွဲအပြင် ၂၀ ရက်နေ့နဲ့ ၂၄ တွေမှာကျင်းပမဲ့ Fleche Wallonne and Liege-Bastogne-Liege ပွဲတွေကိုလည်း ၀င်ပြိုင်မယ်လို့သိရပါတယ်။
ဆာဂန်နဲ့ ကာစီလာလား မပါလို့ စိတ်မပါ့တပါ့ဖြစ်နေတဲ့ ကျနော်လို ပရိသတ်တွေအတွက် တော့ အခုလို လူငယ်ခြေတက် (အသက် ၂၅ နှစ်ပါ၊ ဆာဂန်ထက်တောင် တနှစ်ငယ်ပါသေး တယ်) အရူပါလာတဲ့အတွက် လက်ကျန် Spring Classics ၃ ပွဲအပေါ် ပိုပြီးစိတ်ဝင်စားမှုရှိ လာတာ အမှန်ပဲဖြစ်ပါတယ်။ ။
...


ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပွဲစဉ်များ...
အဲဒီပွဲတွေပြီးရင်တော့ Spring Classics ပွဲကုန်ပြီလို့တောင်ပြောနိုင်မယ်ထင် ပါတယ်။ ၂၄ ကနေ မေလ ၁ ရက်နေ့အထိ Tour of Turkey၊ ၂၆ ကနေ မေလ ၁ ရက်နေ့အထိ Tour de Romandie (ဆွင်ဇလန်)၊ ၂၉ ကနေ မေလ ၁ ရက် နေ့အထိ Tour de Yorkshire (ဗြိတိန်) ပွဲကြီးတွေရှိပါတယ်။
မေလဆန်းမှာတော့ ၆ ရက်ကနေ ၂၉ အထိ (၂၁ ရက်) အီတလီမှာ Giro d'Italia ပွဲ၊ မေလ ၁၅ ကနေ ၂၂ အထိ Tour of California၊ ၁၈ ကနေ ၂၂ အထိ Tour of Norway၊ ၂၅ ကနေ ၂၉ အထိ Baloise Belgium Tour ပွဲ တွေရှိနေတာမို့ တ၀ကြီးရှုစားရဖိုှု့ရှိနေပါတယ်။
အဲ...Tour of California ဆိုလို့ အမေရိကားပွဲတွေနဲ့ ဥရောပပွဲတွေ မတူတာ ကိုလည်း သတိရတုန်း တချက်လောက်ပြောကြည့်ချင်ပါတယ်။ California ပွဲ ဟာ ဒီနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ ဒူဘိုင်းပွဲ၊ ကာတာပွဲတွေနဲ့တူတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဆိုလိုတာက အဲဒိနိုင်ငံတွေမှာ လမ်းတွေက ကျယ် ပြီး အဝေးပြေးကားလမ်းမပေါ် ကျင်းပသလိုဖြစ်နေတာကြောင့် လဲပြိုမှုအတော် နည်းပါတယ်။
ဥရောပပွဲတွေကတော့ လမ်းကျဉ်းတွေ၊ မြို့တွင်း၊ ရွာတွင်းတွေဖြတ်ရတာ၊ ဧရာမတောင်တွေ တက်ရတာ၊ ကျောက်တုံးခင်းလမ်းတွေဖြတ်ရတာတွေ ကြောင့် အတော်အန္တရယ်များပါတယ်။ ဒါပေမဲ လူဆိုတာကခက်သား။ အဲဒီလို အန္တရယ်များပြီး ခဲရာခဲဆစ်စီးရတဲ့ပွဲတွေကို အမေရိကားနဲ့ အရှေ့အလယ်ပိုင်း ဟိုက်ဝေးလမ်းပေါ်စီးတဲ့ပွဲတွေထက် ပိုစိတ်ဝင်စားလေ့ ရှိနေပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More