Thursday, April 14, 2016

Paris-Roubaix ပွဲ Mathew Hayman အနိုင်ရ..။
...
ပီတာဆာဂန်နှင့် ကာစီးလာလားတို့ ကံဆိုး...။
...
Spring Classics ပွဲတွေထဲမှာ နာမည်အကြီးဆုံးပွဲတခုဖြစ်တဲ့ Paris-Roubaix ပွဲ ('The Queen of the Classics, or 'The Hell of the North) ပွဲ မှာ Mathew Hayman (Aus) Orica-GreenEdge က 5:51:53 နာရီနဲ့ ပထမ ရသွားပါတယ်။


သူ့နောက်မှာတော့ (၄ ကြိမ်ရထားဖူးသူ) Tom Boonen (Bel) Etixx - Quick-Step က နှာတဖျား နောက်ကျပြီး ဒုတိယနဲ့ Ian Stannard (GBr) Team Sky က တတိယ ရသွားပါတယ်။
၁၁၄ ကြိမ် မြောက် Paris-Roubaix ပွဲဟာ 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။ ပြိးခဲ့တဲ့ သတင်းပတ် ကစီးခဲ့တဲ့ Flunder ထက် ကျောက်တုံးခင်းလမ်းများပေမဲ့ သိပ်အမြင့်ကြီးတွေ မပါပါဘူး။ ဒါပေမဲ့ ကျဉ်းမြောင်းပြီး ရွံတွေပေနေတဲ့အတွက် အတော်အန္တရယ် များပါတယ်။
ဒါကြောင့်လည်း ၃ ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ ကာစီးလာလား လိုပုဂ္ဂိုလ်တောင် လဲပြိုတဲ့သဘောဖြစ်ပါတယ်။ ဒီပွဲကို TV ကနေ အစ-အဆုံး Live ပြတဲ့အတွက် ပရိသတ်တွေလဲမြင်ပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကျနော်က ကာစီလာလား လဲတာကို မမြင်လိုက်ပါ။ ဆာဂန် ခုန်ပျံကျော်လွှားပြီးထွက်လာတာကိုသာမြင်လိုက်ပြီး ချော်လဲသူဟာ ကာစီးလာလာမှန်း မသိလိုက်ပါ။
ပွဲ အစ-အဆုံးကို နဲနဲခြုံပြောရမယ်ဆိုရင် ကီလီု ၃၀ လောက်စီးပြီးကတည်းက ရှေ့မှာ လူ ၂၀ ခန့်အုပ်တခုက ၂ မီနစ်လောက်အသာနဲ့ပြေးနေပါတယ်။ နောက် ပိုင်းမှာ ၄ မီနစ်အထိဖြစ်သွားပါတယ်။ အဲဒီနောက် Peloton အတွင်း ၂ ဖွဲ့ကွဲ သွားပြီး အခု ပထမ ရသူတွေအပါဝင် ၁၀ ကျော် လွတ်ထွက်သွားပါတယ်။
အဲလိုလွတ်သွားတဲ့အချိန်မှာ ဆာဂန်၊ ကာစီးလာလားတို့အဖွဲ့က Peloton ထဲ ကျန်ခဲ့ပါတယ်။ တိုနီမာတင်ဦးဆောင်တဲ့ ဒုတိယ အုပ်စုဟာ လက်ရွေးစဉ် တဒါ ဇင်လိုဖြစ်နေပြီး အသားကုန်အရှိန်တင်ပြေးနိုင်တဲ့အတွက် ရှေ့က အုပ်ကို မီဖို့ တဖြေးဖြေးနီးလာပါတယ်။
အနောက်က Peloton ထဲမှာလည်း ဆာဂန်နဲ့ ကာစီးလာလာ တလှည့်စီ အရှိန် တင်စီးရာကနေ ကီလို ၅၀ ခန့်အလိုမှာ ရှေ့ကိုမီဖို့ ၃၅ စက္ကန့်ပဲလိုပါတော့တယ်။ ကံဆိုးချင်တော့ အဲဒီအချိန်မှာ ကာစီးလာလားချော်လဲပြီး ဆာဂန်က ခုန်ပျံ ကျော်လွှားပြီး သီသီလေးလွတ်လာပါတယ်။

ဒါပေမဲ့ သူမှာ အသင်းဖေါ်ပါမလာတော့ပါဘူး။ (ကျနော်အထင် မမှားဘူးဆိုရင် သူဟာ ကာစီးလာလာနဲ့တွဲစီးဖို့ ဆုံးဖြတ်ထားပုံရပါတယ်)။ တခြား ရှေ့မှာ ပြုတ် ကျန်ခဲ့သူတွေနဲ့အုပ်စုဖွဲ့ပြန်စီးပေမဲ့ အချင်းချင်း အလှည့်ကျတာဝန်ခွဲဝေတာ အ ဆင်ပြေပုံမရပါဘူး။ ဒါကြောင့် တမီနစ်ခန့်ပြတ်နေတာကို ၅၀ စက္ကန့်လောက် အထိကျအောင်သာစီးနိုင်ပြီး အဲဒီထက် ပိုတက်မလာခဲ့ပါ။
ရှေ့ပြေးအုပ်စုထဲမှာတော့ တွန်ဘွန်း၊ ဟာဂန်နဲ့ အခြား ၅ ဦးခန့်ဟာ အလှည့်ကျ အရှိန်တင်ပြီး စနစ်တကျစီးနိုင်တဲ့အတွက် Gap က တမီနစ်အထက် ပြန်တက် သွားပါတယ်။ ကီလို ၃၀ လောက်အလိုအထိ တမီနစ်ပြတ်နေဆဲ၊ ပြီးတော့ ဆာဂန်ဆီမှာ အသင်းဖေါ် သို့မဟုတ် စိတ်တူကိုယ်တူခြေရည်တူ စီးနိုင်သူ မရှိ ဘူးဆိုတော့ အဲဒီမှာ ကတည်းက ဒီနေ့ ဆာဂန်တယောက် ခြေကောင်းပေမဲ့ ကံမကောင်းတော့ဘူးဆိုတော ပေါ်နေတယ်ပြောရမှာပါ။
ရှေ့ပြေးအဖွဲ့တွင်းမှာလည်း စကိုင်းကပုဂ္ဂိုလ်တွေ ၂ ကြိမ်တောင်လဲပြိုပြီး အတော်အခြေအနေဆိုးခဲ့ပါတယ်။ နောက်ဆုံး ၅ ကီလိုမှာတော့ ရှေ့ပြေး ၅ ဦးပဲ ရမယ်ဆိုတာသေချာသွားပါပြီ။ ၀ါရင့် တွန်ဘွန်းနဲ့ ဟာဂန်တို့ရမယ်ဆိုပြီး ထင်ခဲ့ပေမဲ့ ကြားကတယောက်ရသွားပါတယ်။
ဒီနေ့ပန်းဝင်တဲ့ ၁-၁၀ စာရင်းကတော့...
# Rider Name (Country) Team Result
1 Mathew Hayman (Aus) Orica-GreenEdge 5:51:53 
2 Tom Boonen (Bel) Etixx - Quick-Step 
3 Ian Stannard (GBr) Team Sky 
4 Sep Vanmarcke (Bel) Team LottoNl-Jumbo 
5 Edvald Boasson Hagen (Nor) Dimension Data 0:00:03 
6 Heinrich Haussler (Aus) IAM Cycling 0:01:00 
7 Marcel Sieberg (Ger) Lotto Soudal 
8 Aleksejs Saramotins (Lat) IAM Cycling 
9 Imanol Erviti Ollo (Spa) Movistar Team 0:01:07 
10 Adrien Petit (Fra) Direct Energie 0:02:20 
11 Peter Sagan (Svk) Tinkoff Team တို့ဖြစ်ပါတယ်။
လဲပြိုမှုအတွင်းပါသွားတဲ့ ကာစီးလာလာကတော့ ၇ မီနစ်ခွဲနောက်ကျပြီး နံပတ် ၄၀ ဖြစ်သွားပါတယ်။ ဒါကြောင့် စက်ဘီးပွဲ (အထူးသဖြင့် ဒီလို အန္တရယ်များလှ တဲ့ Spring Classics ကျောက်တုံးခင်းလမ်းတွေဟာ) ခြေကောင်းဖို့အပြင် ကံ ကောင်းဖို့လည်းလိုပါသေးတယ်။ ကာစီးလာလားသာ လဲချော်မှုမဖြစ်ဘူးဆိုရင် သူနဲ့ ဆာဂန်ပေါင်းစီးရင်းနဲ့ ပွဲရလာဒ်ဟာ တမျိုးဖြစ်သွားမယ်ဆိုတာ သံသယ ရှိစရာမလိုပါ။ ။

ပွဲအပြီး ဆာဂန်ရဲ့ ပြောကြားချက်...
"It was a crazy and dificult day. Roubaix is a great race, but it's hard to win here. We lost the Oscar Gato already at the beginning of the race and he was my key assistant. Each team has its own strategy. When crashes split the peloton more powerful teams had riders in front and they have had to work against me and complicate mine return to the top. 
I was able to work with Cancellara, but after the his fall we lost good rhythm and thus the chances of winning. For Roubaix is also needed luck and today I didn't."

........

Paris-Roubaix ပွဲအတွက် Peter Sagan ဘာတွေပြင်ထားသလဲ...။
...
Spring Classics ပွဲတွေထဲမှာ နာမည်အကြီးဆုံးပွဲတခုဖြစ်တဲ့ Paris-Roubaix ပွဲ ('The Queen of the Classics, or 'The Hell of the North) ကို မနက်ဖြန်မနက် ၁၀ နာရီခွဲ (မြန်မာစံတော်ချိန် ၃ နာရီဝန်းကျင်) မှာ စတင် ဖို့ရှိနေပါတယ်။
ဒီပွဲဟာ ပြီးခဲ့တဲ့တနင်္ဂနွေကကျင်းပတဲ့ ဘလဂျီယံက အကြိမ် ၁၀၀ မြောက် Tour of Flanders ထက် ၁၄ နှစ်စောတဲ့အတွက် အကြိမ် ၁၁၄ ကြိမ် မြောက်ပွဲဖြစ်ပါတယ်။

Tour of Flanders ဟာ ၂၅၅ ကီလိုမီတာ ရှည်လျားပြီး cobbled climbs ကျောက်တုံးခင်းလမ်းတောင်ကုန်း ၇ ခုနဲ့အတူ လမ်းကျဉ်းတွေ၊ လမ်းကွေ့တွေ အများကြီးပါဝင်တာကို ပရိတ်သတ်တွေမြင်ခဲ့ပြီးဖြစ်မှာပါ။
အခု တနင်္ဂနွေမှစမဲ့ Paris-Roubaix က 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။ ဒါ့အပြင် ရာသီဥတု ကလည်း မိုးသည်းမယ်လို့မှန်းထားတဲ့အတွက် ပွဲဟာ အတော်ပြင်းပြင်းထန် ထန် စီးရမဲ့သဘောရှိနေပါတယ်။
ပွဲကျင်းပမဲ့လမ်းတလျောက် စက်ဘီးအသင်းအတော်များများ ကြိုတင်လေ့လာ ကြသလို မနေ့ကတော့ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂန်တို့ရဲ့ Tinkoff အသင်း သွား ရောက်လေ့လာခဲ့ပါတယ်။ မီဒီယာတွေကို အသိမပေးပဲ ဒီတိုင်းထွက် သွားတာဖြစ်ပေမဲ့ အသင်းကားရပ်တဲ့နေရာတိုင်း၊ စက်ဘီးစီးပြီးရပ်တဲ့နေရာ တိုင်းမှာ မီဒီယာသမားတွေ၊ ပွဲကြည့်ပရိတ်သတ်တွေနဲ့ တိုးပြီး မေးခွန်းတွေကို ဖြေ၊ အော်တိုတွေလက်မှတ်ထိုး၊ ပရိတ်သတ်နဲ့အတူ selfie ရိုက်ရနဲ့ ဆာဂန် တယောက် အတော်အလုပ်များခဲ့ပါတယ်။
အဲဒီမေးမြန်းချက်တွေထဲက တချို့နဲ့ ဒီပွဲအတွက် အထူးပြင်ဆင်ထားတဲ့ ဆာဂန် ရဲ့ စီးတော်ယဉ်အကြောင်းကို မျှဝေလိုက်ပါတယ်...။
...
ဆာဂန် ဘာတွေပြောခဲ့သလဲ...
...
ပြီးခဲ့တဲ့ တနင်္ဂနွေကကျင်းပတဲ့ Tour of Flanders မှာအနိုင်ရထားတဲ့ ဆာဂန်ကို Paris-Roubaix မှာလည်း အနိုင်ရတယ်လို့ အတော်များများက ခန့်မှန်းနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးသတင်းထောက်တွေရဲ့အမေးကို သူက အတိအကျမဖြေပါဘူး။ ...ကျနော်ဟာ အမြဲတန်း အေးဆေးပါပဲ။ စိတ်ဖိအား မရှိပါဘူး...လို့ဖြေပါတယ်။
ဘာဖြစ်ရမယ်လို့ မျှော်မှန်းထားတာမရှိပါဘူး။ ပန်းဝင်တဲ့အထိ စီးမယ်၊ လဲပြိုတဲ့ အထဲမပါအောင် ကရုစိုက်မယ်၊ ကံကောင်းရင်နိုင်မယ်၊ ကံမကောင်းရင် မနိုင် ဘူး...ဆိုပြီး သူက ပြောပါတယ်။
ဆာဂန်နဲ့သူ့အသင်းဖေါ်တွေဟာ ကျောက်တုံးခင်းလမ်း ၂၇ ခုထဲက ၁၆ ဆီ သွားခဲ့ပါတယ်။ လမ်းအခြေအနေကိုကြည့်ပြိးတဲ့နောက် စက်ဘီးအထိုင် ဘာ တွေပြောင်းဖို့လိုမလဲဆိုတာအတွက် သူ့အသင်းရဲ့ နည်းပညာဆရာတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။
ဒီလမ်းတလျောက်မှာ ဘယ်နေရာတွေက အခက်ခဲဆုံးလဲ။ ဘယ်တောင်ကုန်း က ပွဲရဲ့အဆုံးအဖြတ်ကိုပေးနိုင်လဲ။ ဥပမာ ပြီးခဲ့တဲ့တနင်္ဂနွေဆိုရင် Paterberg တောင်ကုန်းမှာ ဆာဂန် ထွက်ပြေးလွတ်မြောက်ပြီး အောင်ပွဲလမ်းစ ရသွားသ လိုမျိုးပေါ့ဆိုပြီးမေးတော့...
လူတိုင်းက Roubaix ကိုကြိုက်တယ်။ ဘာကြောင့်လဲဆိုရင် တခြားပွဲတွေနဲ့ မတူတဲ့အနေအထားရှိနေလို့ပါ။ ပြိးတော့ ဒီပွဲရဲ့နောက်မှာ သမိုင်းကြောင်းက လည်းကြီးကြီးမားမားရှိတယ်လို့ ဆာဂန်ကပြောပါတယ်။ ပြီးတော့ ဒီပွဲမှာ ၄ ကြိမ် အနိုင်ရထားသူ Tom Boonen နဲ့ ၃ ကြိမ်နိုင်ထားသူ Fabian Cancellara တို့ရဲ့ အစဉ်အလာကြီးပုံကိုလဲ သူကပြောခဲ့ပါတယ်။

....
ဒီပွဲအတွက် စက်ဘီးကို အထူးပြင်ဆင်ဖို့ လိုအပ်သလား...။
...
ဆာဂန်ဟာ ဒီပွဲအတွက် စက်ဘီးကို အထူးပြင်ဆင်ထားတယ်လို့သိရပါတယ်။ (ဓတ်ပုံထဲက ဘီးကိုကြည့်ပါ)။ နောက်ဆုံးပြင်ဆင်မှုကတော့ အဲဒီနေ့ (မနက် ဖြန်) မှာမိုးရွာမလား၊ နေသာမလားဆိုတဲ့အချက်ပေါ် ကြည့်ပြီး တာယာ အပြောင်းအလဲ ထပ်လုပ်မယ်လို့ဆိုပါတယ်။
ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်းဆိုရင် သူရဲ့ Specialized S-Works ဘီးကို တခု လုံးအနက်ရောင်ဆိုးထားပြီး သူ့အမည်၊ ကမ္ဘာ့ချန်ပီယံသင်္ကေတနဲ့ အခြား သင်္ကေတတချို့ကိုသာ အရောင်ထည့်ထားပါတယ်။ သူ့ဘီးဟာ အသင်းဖေါ် တွေရဲ့ ဘီးနဲ့ သိပ်မကွာပါဘူး။
ဒါပေမဲ့ ကျောက်တုံးခင်းလမ်းတွေပေါ် ခြေချော်မထွက်အောင် ခြေနင်းပြား padded bar ကို extra grip လုပ်ထားပါတယ်။ အရင်ပွဲနဲ့ အဓိကကွာခြား ချက်ကတော့ electronic Shimano Dura Ace Di2 အစား Shimano components ကိုရွေးထားခြင်းပါပဲ။ သူရဲ့ရှေ့ဂီယာက 44-53 ဖြစ်ပါတယ်။
Tinkoff အသင်းရဲ့ chief mechanic Christophe Desimpelaere ကတော့ မနှစ်ကပွဲမှာ ဂီယာနဲ့ mechanical ပြသာနာနဲနဲရှိခဲ့ဖူးတဲ့အတွက် ဒီနှစ် အဲလို မဖြစ်အောင် အသေအချာပြင်ထားပေးတယ်လို့ပြောပါတယ်။ ဘီးရဲ့ အစိတ် အပိုင်းအတော်များများဟာ မနှစ်ကအတိုင်းဖြစ်ပြီး ဘီးဆိုက်ကိုတော့ ၃၀ လက်မ သုံးထားတာတွေ့ရပါတယ်။
ဒါပေမဲ့ မနက်ဖြန် မိုးရွာပြိး စိုစွတ်နေမလား။ နေသာပြီးခြောက်သွေ့နေမလား ဆိုတဲ့အပေါ်မူတည်ပြိး ပွဲမစခင် မနက်ပိုင်းမှာမှ တာယာအပြောင်းအလဲ ထပ် လုပ်မယ်လို့ chief mechanic ကပြောပါတယ်။ 
ကဲ...မနက်ဖြန် ပီတာဆာဂန် အနိုင်ရနိုင်သလား...။ ဂန်ဒ၀င် ဆရာကြီးတွေဖြစ် တဲ့ ကာစီလာလားနဲ့ တွန်ဘွန်းတို့ပဲ ရသွားနိုင်မလား...။ မနက် ၁၀ နာရီခွဲကနေ ပွဲအစ-အဆုံး TV မှာ လိုက်ဖ် ကြည့်ရမှာဖြစ်ပါကြောင်း အစီရင်ခံလိုက်ရပါ တယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More