Wednesday, April 6, 2016

Tour of Flanders ပွဲ Peter Sagan အနိုင်ရ...။

Tour of Flanders ပွဲ Peter Sagan အနိုင်ရ...။
...
Spring Classics (နွေဦးအထူး) သို့မဟုတ် cobbled Classics (ကျော်တုံး ခင်းလမ်း) အဖြစ် နာမည်ကြီးလှတဲ့ အကြိမ် ၁၀၀ မြောက် Tour of Flanders အထူးပွဲမှာ ကမ္ဘာ့ချန်ပီယံ Peter Sagan (Svk) Tinkoff Team က 6:10:37 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ ဒီပွဲမှာ ပထမ ရလိမ့်မယ်လို့ အများရဲ့ခန့်မှန်းခြင်းခံထားရသူ Fabian Cancellara (Swi) Trek-Segafredo က 0:00:25 စက္ကန့်နောက်ကျ ပြီး ဒုတိယနဲ့ Sep Vanmarcke (Bel) Team LottoNl-Jumbo 0:00:28 နဲ့ တတိယ ရပါတယ်။
မနှစ်က အနိုင်ရခဲ့သူ နော်ဝေးမှ Alexander Kristoff (Nor) Team Katusha က 0:00:49 နောက်ကျပြီး နံပတ် ၄ ဖြစ်သွားပါတယ်။ သူနဲ့အတူ ပန်းဝင်လာ တဲ့ စက်ဘီးသမား ၁၀ ခန့်ကတော့ ...
5 Luke Rowe (GBr) Team Sky
6 Dylan Van Baarle (Ned) Cannondale Pro Cycling
7 Imanol Erviti (Spa) Movistar Team
8 Zdenek Stybar (Cze) Etixx - Quick-Step
9 Dimitri Claeys (Bel) Wanty - Groupe Gobert
10 Niki Terpstra (Ned) Etixx - Quick-Step တို့ဖြစ်ပါတယ်။ 
Spring Classics တွေရဲ့ထုံးစမ်းအတိုင်း နောက်ဆုံး ၁၀ ကီလိုလောက်ကျန် တဲ့အထိ ဘယ်သူ ပထမ ရမယ်ဆိုတာ ဘယ်လိုမှခန့်မှန်းလို့မရတဲ့အနေ အထားပါ။ ပထမပိုင်းကိုပြောရမယ်ဆိုရင် ၆ ဦးပါ ရှေ့ပြေးအဖွဲ့တခုက ၄ မီနစ် ကျော်အထိ ထွက်ပြေးသွားပါတယ်။

တခါ သူတို့ကိုဖမ်းမိပြီး နောက်ထပ်ထွက်ပြေးတဲ့အုပ်စုထဲ ဂျာမဏီက နာမည် ကြီးတာတိုဘုရင်တဦးပါ ပါသွားတဲ့အတွက် အဲဒီ ၅ ဦးကို မိဖို့မလွယ်တော့ဘူး လို့တောင်ထင်စရာပါ။ ထူးတာက အဲဒီအချိန်အထိ ပထမ ရနိုင်တယ်လို့ မှန်း ထားတဲ့ ပီတာဆာဂန်တို့၊ ကာစီးလာလာတို့က နောက်ဆုံးမှာ မလှုပ်မရှက်ရှိနေ ဆဲ။
ဒီကြားထဲ လဲပြိုမှုတွေကလည်း မကြာခဏဖြစ်ခဲ့ပါတယ်။ အဲဒီအတွင်း နာမည် ကြီးတွေဖြစ်တဲ့ စကိုင်းက သောမတ်စ်တို့၊ ဘီအမ်စီက ပုဂ္ဂိုလိတို့ပါသွားတဲ့ အတွက် ပွဲဟာ အတော်ကို အန္တရာများပြီး အကြိတ်အနယ်ရှိလှပါတယ်။
ကီလို ၅၀ ခန့်အလိုအထိ ရှေ့ပြေး ၅ ဦးခန့်ဟာ တမီနစ်ကျော်အသာနဲ့ပြေးနေဆဲပါ။ အဲဒီအချိန် မှာ ပီတာဆာဂန်၊ ကာစကီနဲ့နောက်တဦးပါ ၃ ဦးပေါင်းအဖွဲ့တခု အုပ်စုထဲကနေ ထွက်ပြေး လွတ်မြောက်လာပါတယ်။ တဖြေးဖြေးနဲ့ ရှေ့အုပ်ကိုမိပြီး ၈ ဦးပေါင်း အရှိန်တင်စီးခဲ့ပါတယ်။
အဲဒီအချိန်အထိ ကာစီးလာလားဟာ ဟိုနောက်အုပ်စုမှာကျန်နေပြီး အသဲအသန်လိုက်နေ ပါတယ်။ ကီလို ၂၀ ခန့်အလိုတောင်ကုန်းအတက်တခုမှာတော့ ဘယ်လိုကနေ ဘယ်လို ဆာဂန်တို့အုပ်စုအရှိန်ကျသွားမှန်းမသိပါ။ ကာစီးလာလားတို့အုပ် ချက်ချင်းမီလာပါတယ်။ အဲဒီလိုမီတဲ့အချိန်နဲ့ ဆာဂန်အရှိန်တင်ထွက်ပြေးတဲ့အချိန်ဟာ တပြိုင်တည်းဖြစ်ပါတယ်။

ဆိုလိုတာက ပြိးခဲ့တဲ့ ၂ ပတ်ပွဲတုန်းကလို ဆာဂန်နဲ့ ကာစကီတွဲပြေးလိမ့်မယ်ဆိုတာ ဖြစ်မလာ ပဲ ကာစကီပြတ်ကျန်ခဲ့ပါတယ်။ ဆာဂန်နဲ့အတူ တတိယ လူက်ပါလာပါတယ်။ ဒါပေမဲ့ ဆာဂန် ဟာ အဲဒီပုဂ္ဂိုလ်ကိုတွဲမခေါ်တော့ပဲ ဖြတ်ထားခဲ့ဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်။
ဒီလိုနဲ့ သူတဦးတည်းထွက်ပြေးလာပါတယ်။ ကာစီလာလားက အဲဒီလူ (အခု တတိယ ရသူ) ကို မိပြီး ၂ ဦးပေါင်းတွဲစီးပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ဟာ ခြေကုန်နေပုံရပြီး ကာစီးလာလားကို မကူနိုင်ခဲ့ပါ။ အဲဒီအချိန် အုပ်စုကြီးတခုလုံး နောက်ခပ်လှမ်းလှမ်းမှာပြတ်ကျန်ခဲ့ပါတယ်။
အကွာအဝေးက ကီလို ၂၀ ၀န်းကျင်ရှိသေးတဲ့အတွက် ဆာဂန် တဦးတည်းပြေးမလား။ ကာစီးလာလားကိုစောင့်ပြီးစီးမလားဆိုတာ စဉ်းစားစရာပါ။ စာရေးသူအထင်ကိုပြောရ မယ်ဆိုရင် ပထမ ပိုင်း တောင်တက်စဉ်က သူဟာ ကာစီးလာလားကိုစောင့်တဲ့ပုံပါပဲ။ ဒါပေမဲ့ ဆရာသမားက ကပ်ပါမလာပဲ ခွာပြီးကျန်ခဲ့တော့ တဦးတည်းစီးမယ်လို့ဆုံးဖြတ်လိုက်ပုံရပါ တယ်။
တကယ်ဆို ဒီဆုံးဖြတ်ချက်ဟာ တာတိုသမားတဦးအဖို့ ကျင်းထဲကျပ်ထဲပါပဲ။ ဘာကြောင့်လဲ ဆို တာတိုဘုရင်တွေရဲ့ ပုံမှန်သီအိုရီက အခြားသူတွေနောက် ကပ်လိုက်၊ ပန်းဝင်ခါနီးမှ အ သားကုန် Sprint တင်ပြီး အနိုင်ယူတဲ့နည်းပါ။
ဒါပေမဲ့ အခုချိန်မှာ နောက်က ၂ ဦးကိုစောင့်တာထက် တဦးတည်းအရှိန်တင်စီးလည်း ဖြစ်နိုင် တာပဲဆိုတာကို ပီတာက ရွေးချယ်လိုက်ပုံရပါတယ်။ အရှိန်တင်တယ်ဆိုပေမဲ့ အသေအလဲ ဖင်ထောင်စီးနေတာမျိုးလဲမဟုတ်ပါဘူး။ လက်ကိုင်ပေါ်လက်ထောင့်ပြီး တဦးချင်းစံချိန်ပြု စီး သလို ပုံမှန်အရှိန်တင်စီးသွားတာပါ။
ပထမ ပိုင်းမှာ ၁၀ စက္ကန့်သာကွာတာကြောင့် ကာစီးလာလားတို့ ၂ ဥိးက မိသွားလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့ ၁၀ ကိလိုအလိုအထိ ၁၅ စက္ကန့်ကွာနေဆဲ။ ၅ ကီလိုရောက်တော့ ၁၈ စက္ကန့်ဆိုတော့ ဆာဂန်ရဲ့စီးနှုန်းဟာ အံ့မခန်းရှိတယ်ပြောရမှာပါ။ ကာစီးလာလား အသေ အလဲ တင်ပေမဲ့ ဘယ်လိုမှ မမိတော့တဲ့အနေထားဖြစ်သွားခဲ့ပါတယ်။
ဒါဟာ ဆာဂန်အတွက် ၆ နှစ်အတွင်း ပထမဆုံး အကြိမ် ဒီပွဲကို အနိုင်ရခြင်းဖြစ်ပါတယ်။ မနှစ် က ပုံပျက်ပန်းပျက်ရှုံးခဲ့ဖူးတာကို လက်စားချေလိုက်တာလို့လဲဆိုနိုင်ပါတယ်။ တခါ ပြီးခဲ့တဲ့ တနင်္ဂနွေကလည်း အလားတူ နွေဦးပွဲတခုကိုနိုင်ထားဖူးပါတယ်။ ဒါကြောင့် ရှေ့တနင်္ဂနွေမှာ ကျင်းပမဲ့ Paris-Roubaix ပွဲမှာ ဆာဂန် ထပ်ရနိုင်တယ်လို့ဟောလိုက်ရင် ပရိသတ်များ ဘယ်လိုထင်ပါသလဲ။ ။



.........

Tour of Flanders ပွဲမှာ အိမ်နီးချင်းမိတ်ဆွေ ၂ ဦး ၀င်ပြိုင်မယ်...။
...
မနက်ဖြန် တနင်္ဂနွေ၊ (ဧပြီလ ၃ ရက်) မှာ ကျင်းပမဲ့ အကြိမ် ၁၀၀ မြောက် Tour of Flanders အထူးပွဲဆီ ၀င်ပြိုင်မဲ့ စက်ဘီးသမား ၁၅၀ ခန့်အတွင်း ထူးထူး ခြားခြား အိမ်နီးချင်း တရုတ်စက်ဘီးသမားတဦးနဲ့ ထိုင်ဝမ်စက်ဘီးသမားတဦး ပါနေတာတွေ့ရပါတယ်။

Lampre-Merida အသင်းအတွက် စီးနေတဲ့ သူတို့နှစ်ဦးရဲ့အမည်က Chun Kai Feng (ထိုင်ဝမ်) နဲ့ Gang Xu (တရုတ်) တို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် တွေကတည်းက သူတို့ဟာ ဒီအသင်းအတွက်စီးနေတာဖြစ်ပေမဲ့ ကီလို ၃၀၀ နီးပါးရှည်တဲ့ Tour of Flanders ပွဲကိုဝင်စီးတာကတော့ ဒီတကြိမ် ပထမ ဆုံး ဖြစ်ပါတယ်။
Feng နဲ့ Xu တို့နှစ်ဦးစလုံးဟာ ဒီပွဲအတွက် သွေးပူလေ့ကျင့်ခန်းအဖြစ် E3 Harelbeke, Gent-Wevelgem နဲ့ Three Days of De Panne ပွဲစဉ် ၃ ခု စလုံးကိုဝင်စီးခဲ့ပေမဲ့ ပန်းဝင်တဲ့အထိ မစီးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ Feng ဟာ Paris - Roubaix ပွဲကို မနှစ်က စီးဖူးထားပါတယ်။
သူတို့နှစ်ဦးရဲ့ Pro ဘ၀ဖြတ်သန်းမှုအကျဉ်းကတော့..
၁- Chun Kai Feng
Current team: Lampre - Merida
Date of birth: 02/11/1988
Nationality: Chinese Taipei
UCI: TPE19881102
Team Affiliations:
2016 - Lampre - Merida
2015 - Lampre-Merida
2013 - Champion System Pro Cycling Team
.....

၂- Gang Xu
Current team: Lampre - Merida
Date of birth: 28/01/1984
Nationality: China
UCI: CHN19840128
Team Affiliations:
2016 - Lampre - Merida
2015 - Lampre-Merida
2014 - Lampre-Merida
2013 - Champion System Pro Cycling Team
2012 - Champion System Pro Cycling Team
2009 - Max Success Sports
2009 - Max Success Pro Cycling
2007 - Hong Kong Pro Cycling
2005 - Marco Polo Cycling Team ဖြစ်ပါတယ်။
...
တနင်္ဂနွေနေ့ Tour of Flanders ပွဲမှာ သူတို့နှစ်ဦးကို ထိပ်ဆုံးမှာ မြင်ရဖို့ မလွယ်ပေမဲ့ အိမ်နီးချင်းစက်ဘီးသမား ၂ ဦးပါတယ်ဆိုပြီး အားပေးသင့်ပါ တယ်။ စာရေးသူစိတ်ထဲရှိတဲ့အတိုင်းပြောရမယ်ဆိုရင် နိုင်ငံတကာမှာကျင်း ပနေတဲ့ Pro စက်ဘီးပွဲအတွင်း အနောက်တိုင်းသားတွေ၊ တောင်အမေရိက တိုက်သားတွေ၊ လူမဲတယောက်စနှစ်ယောက်စမှအပ လူဝါ (အာရှသား) တွေ မတွေ့မိလို့ စိတ်မကောင်းပါ။
ခန္တာကိုယ်ဖွဲ့စည်းပုံအရ သေးငယ်တဲ့အတွက် အနောက်တိုင်းသားတွေကို ယှဉ် ဖို့မလွယ်ဘူးဆိုပြီးတွေးမိပေမဲ့ ကိုလံဘီယာက ကင်တားနားတို့လို လူကိုယ် သေးသေးလေးနဲ့ ပထမ ရနေတာကိုတွေ့မိတော့ စက်ဘီးမှာ ခန္တာကိုယ် အချိုး အစားက အဓိက မဟုတ်ပြန်ပါဘူး။ နည်းစနစ်နဲ့ လေ့ကျင့်မှုကသာ အဓိကလို့ ထင်မိပါတယ်။
ဒါဆို ကျနော်တို့ မြန်မာတွေကော ဘာလို့မဖြစ်နိုင်ရမှာလဲ။ အခုထိ ကျနော် တွေ့မိသလောက်ကတော့ တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ ကိုးရီးယားစက်ဘီးသမား တဦးစနှစ်ဦးစကို Pro ပွဲတွေမှာ တွေ့မိပေမဲ့ အရှေ့တောင် အာရှသားတဦးမှ မတွေ့မိသေးပါဘူး။
တိုင်းပြည်ဆင်းရဲတာနဲ့တော့ သိပ်မဆိုင်ဘူးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆို ကိုလံဘီယာလည်း ဆင်းရဲတဲ့နိုင်ငံပါပဲ။ ကင်တားနားလို ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံ မှာအများကြီးရှိကောင်းရှိနေနိုင်ပါတယ်။ အခုပွင့်လင်းစ အစိုးရသစ်လက်ထက် မှာ (အားကစားဝန်ကြီးဌာနကို ဖြုတ်လိုက်ပေမဲ့) ဒါတွေကို စတင်ကြိုးစားသင့် ပါကြောင်း မနေနိုင် မထိုင်နိုင် အကြံပြုလိုက်ရပါတယ်။ ။
....

Tour of Flanders ပွဲအပြီး သုံးသပ်ချက်များ...။
...
Spring Classics (နွေဦးအထူး) သို့မဟုတ် cobbled Classics (ကျော်တုံး ခင်းလမ်း) အဖြစ် နာမည်ကြီးလှတဲ့ အကြိမ် ၁၀၀ မြောက် Tour of Flanders အထူးပွဲမှာ ကမ္ဘာ့ချန်ပီယံ Peter Sagan (Svk) Tinkoff Team က 6:10:37 နာရီနဲ့ တကိုယ်တော် ပထမ ရသွားခဲ့ပါပြီ။

ဒီပွဲမှာ ပထမ ရလိမ့်မယ်လို့ ခန့်မှန်းခြင်းခံထားရသူ Fabian Cancellara (Swi) Trek-Segafredo က 0:00:25 စက္ကန့်နောက်ကျ ပြီး ဒုတိယနဲ့ Sep Vanmarcke (Bel) Team LottoNl-Jumbo 0:00:28 နဲ့ တတိယ ရသွားခဲ့ပါ တယ်။
မနှစ်က ပထမ ရခဲ့သူ နော်ဝေးမှ Alexander Kristoff (Nor) Team Katusha က 0:00:49 နောက်ကျပြီး နံပတ် ၄ ဖြစ်သွားပါတယ်။ သူနဲ့အတူ ပန်းဝင်လာ တဲ့ စက်ဘီးသမား ၁၀ ကျော် ပန်းဝင်လာခဲ့ပါတယ်။ 
လဲပြိုမှုတွေ ၅ ကြိမ်လောက်ဖြစ်ပြီး နာမည်ကြီးတွေအပါဝင် အနည်းဆုံး ၄ ဦး ဆက်မစီးနိုင်ပဲ ပွဲကနေထွက်လိုက်ရပါတယ်။
...
ပွဲအပြီးမှာ ဆာဂန် ဘာပြောသလဲ...
...
ပွဲအပြီးမှာ ဆာဂန်က သတင်းစာရှင်းပွဲတခုလုပ်ခဲ့ပါတယ်။ Tinkoff အသင်းရဲ့ Facebook ကနေ တိုက်ရိုက်ပြတဲ့အတွက် စာရေးသူလည်းကြည့်ခွင့်ရလိုက်ပါ တယ်။ 
ဒီပွဲကိုဝင်ခဲ့တဲ့ စက်ဘီးသမား ၁၁၇ ဦးစလုံးဟာ ပန်းဝင်စည်းပေါ်ရောက်ရင် သူတို့ရဲ့ခေါင်းကိုသာ အရင်ဆုံးထိုးတင်ဖို့စဉ်းစားလေ့ရှိပါတယ်။ ဘယ်သူကမှ သူတို့ရဲ့ရှေ့ဘီးကိုထောင်ဖို့ သတိမရကြပါဘူးဆိုပြီး Cyclingnews ကရေးပါ တယ်။ ဆိုလိုတာက ဆာဂန် တယောက်ပဲ အောင်ပွဲရရင် စက်ဘီးကို ရှေ့ ဘီးထောင်စီးပြလေ့ရှိပါတယ်။ (တကယ်တော့ ဒီလိုစီးဖို့မလွယ်ပါဘူး)။
နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီးမေးတဲ့အခါမှာတော့ စကိုင်းအသင်းက Peoton ထဲမှာ ၄ ဦးရှိနေချိန်မှာ စကိုင်းကစက်ဘီသမားတဦးနဲ့ (ကာစကီနဲ့) တွဲပြီးစီးရ တာအတော်ကောင်းတယ်လို့ ဆာဂန်ကဖြေပါတယ်။ Kwiatkowski နဲ့ Sep Vanmarcke (LottoNL-Jumbo) တို့ကို ဆာဂန်ဦးဆောင်ပြီး ထိုးဖောက်ထွက် မှုကို winning move အဖြစ် အကဲခတ်တွေကမြင်ကြပါတယ်။
ဒါပေမဲ့ ဆာဂန်အဓိက စိုးရိမ်သူဟာ ကာစီကီမဟုတ်ပဲ ကာစိးလာလားသာဖြစ် ပါတယ်။ “Fabian ဟာ အတော်ကြံခိုင်ပါတယ်၊ ဒါပေမဲ့ သူအမှားတခုလုပ်ခဲ့ တယ်ထင်တယ်။ အဲဒါကဘာလဲဆိုတော့ ကျနော်တို့ breakaway ထဲ သူလိုက် မလာခဲ့ဘူး လို့ ဆာဂန်ကပြောပါတယ်။
Paterberg တောင်ကုန်းအတက် Vanmarcke ကိုချန်ထားပြီး သူတဦးတည်း ထွက်ပြေးချိန်၊ ကာစီလာလားက Vanmarcke မိတဲ့အချိန်မှာ ဆာဂန်က ၁၅ စက္ကန့်ခန့်အသာစီးရနေပါတယ်။ ဒါပေမဲ့ နှစ်ဦးပေါင်းလိုက်မယ်ဆိုရင် အချိန် မရွေးပြန်မိနိုင်တဲ့အနေအထားပါ။
ပန်းဝင်ဖို့ ၁၅ ကီလိုခန့်လိုသေးတဲ့အချိန်မှာ နောက်က ၂ ဦးကိုစောင့်ပြီး ပေါင်း စီးမလား။ တကို်ယ်တော်လွတ်အောင်ပြေးနိုင်မလားဆိုတာဟာ တကယ့် အရေးကြီးတဲ့ရွေးချယ်မှုပါပဲ။ အထူးသဖြင့် တာတိုဘုရင်တွေဟာ ပေါင်းစီးပြီး ပန်းဝင်ခါနီးမှ အသားကုန်အရှိန်တင် အနိုင်ယူတဲ့နည်းကိုသာ သုံးလေ့ရှိပါ တယ်။
ကာစီးလာလား ဆွဲတင်ပြီးလိုက်လာတဲ့အရှိန်က အတော်ပြင်းပါတယ်။ အခြေ အနေကို ကျနော်ထိမ်းထားနိုင်ပြီလို့မပြောချင်ပါဘူး။ ကျနော်ထင်တာက ကျနော်လည်း full gas ဖြစ်သလို သူလည်း full gas ဖြစ်မယ်။ ဒါပေမဲ့ သူ့မှာ Vanmarcke ရှိနေတဲ့အတွက် ပန်းဝင်ခါနီးမှာမီလာပြီး sprint အကြိတ်အနယ် ပြိုင်ရနိုင်တယ်ဆိုတာပါ။ ဒါပေမဲ့ နောက်ဆုံး ၃ ကီလို၊ ၂ ကီလိုအလိုမှာ ကျ နော်အသာစီးရသွားခဲ့ပြီးပါပြီလို့ ဆာဂန်ကဆိုပါတယ်။
နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းက မနှစ်က မရှုမလှရူံးခဲ့တဲ့ ပွဲတွေ မှာ ဒီနှစ် အခုလိုအောင်မြင်မှုရတာဟာ လေ့ကျင့်ရေးနည်းစနစ်၊ ပြိုင်ပွဲရွေးချယ် မှုနည်းစနစ်ပြောင်းသွားလို့လားဆိုတာပါ။ 
ဆိုလိုတာက ဆာဂန်ဟာ ဇန်နာဝါရီလဆန်းပိုင်းမှာ အာဂျင်တီးနားက ၇ ရက် စာပွဲတခုကိုဝင်စီးတာကလွဲရင် ဖေဖေါ်ဝါရီတလလုံးလုံး ပွဲနားပြီး Sierra Nevada ရှိ လေ့ကျင့်ရေးစခန်းမှာ တချိန်လုံးသွားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ တခြားစက်ဘီးသမားအတော်များများက ပင်လယ်ကွေ့ဒေသရှိ ကာတာ၊ အိုမန် နဲ့ တခြားပွဲတွေကို ဆက်တိုက်ဝင်နေခဲ့ပါတယ်။
ဒါပေမဲ့ သူက ဖေဖေါ်ဝါရီလကုန် ၂၇-၂၈ ကျမှ အခုပြိုင်ပွဲကျင်းပရာဒေသအနီး ရှိ နွေဦးအဖွင့်ပွဲတွေဆီ လာပြိုင်ပါတယ်။ ပြိုင်တဲ့အခါမှလည်း ပွဲကိုရွေးပြိုင်ပြီး ပွဲတိုင်းကို မပြိုင်ပါဘူး။
ဆိုလိုတာက မနှစ်က ဒီပွဲမှာ ပထမ ရပြီး ဒီနှစ် နံပတ် ၄ ဖြစ်သွားတဲ့ ခရစ်စ တော့ဆိုရင် ပြီးခဲ့တဲ့ သတင်း ၃ ပတ်အတွင်း ဆာဂန်ပြိုင်တဲ့ပွဲအားလုံးဝင်ပြိုင် တဲ့အပြင် ပြီးခဲ့တဲ့တနင်္ဂနွေနဲ့ ဒီတနင်္ဂနွေကြားကျင်းပတဲ့ De Panne ၃ ၇က် တာပွဲကိုတောင် ၀င်လိုက်ပါသေးတယ်။
ဒါကြောင့် သူပွဲပန်းပြီး အခုပွဲမှာ အခြေအနေမကောင်းတာလို့ စာရေးသူက ယူ ဆပါတယ်။ ဒါဖြင့် လာမဲ့တနင်္ဂနွေမှာကျင်းပမဲ့ Paris-Roubaix မှာလည်း ဆာဂန်အခြေအနေကောင်းနိုင်သလား။ Flanders and Roubaix ဟာ ကျ နော်မျှော်မှန်းထားတဲ့ပွဲတွေပါ။ အခုတနင်္ဂနွေမှာတခုပြီးသွားပြီ။ ကျန်တခုက ရှေ့တနင်္ဂနွေမှလာမှာဆိုတော့ အခု မစဉ်းစားသေးပါဘူးလို့ ဆာဂန်က ဖြေ ကြားသွားခဲ့ပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More