Thursday, April 14, 2016

Vuelta al Pais Vasco ပွဲပြီးစီး၊ Contador အ၀ါရောင်အကျီရသွားပြီ...။

Vuelta al Pais Vasco ပွဲပြီးစီး၊ Contador အ၀ါရောင်အကျီရသွားပြီ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco ပွဲနောက်ဆုံးနေ့ Eibar - Eibar (ITT) တဦးချင်း စံချိန်ပြု 16.5 km ကီလိုမီတာပြိုင်ပွဲမှာ GC ဆရာကြီး Alberto Contador (Spa) Tinkoff Team က 0:29:13 မီနစ်နဲ့ ပထမ ရသွားပါတယ်။


ဒါဟာ ထူးခြားတဲ့ရလာဒ်ပါပဲ။ ဘာကြောင့်လဲဆို GC သမားတွေဟာ တောင် တက်ပဲကောင်းလေ့ရှိပြီး စံချိန်ပြုမှာ သိပ်ကောင်းလေ့မရှိပါ။ ဒါပေမဲ့ ဒီပွဲမှာ တော့ ထူးထူးခြားခြား GC အတွက် အကြိတ်အနယ်ပြိုင်နေသူ ၃ ဦးစလုံး ပ-ဒု-တ ရသွားပါတယ်။
ဒုတိယ ရသူက Nairo Quintana (Col) Movistar Team ဖြစ်ပြီး 0:00:05 စက္ကန့်နောက်ကျပါတယ်။ မနေ့က ကွန်တာဒါ ကို ၆ စက္ကန့် ဖြတ်ပြီး GC ပထမ ရထားသူ Sergio Henao (Col) Team Sky ကတော့ 0:00:18 စက္ကန့်နောက် ကျပြီး တတိယ ရပါတယ်။
အဓိပါယ်ကတော့ မနေ့က ၆ စက္ကန့်ကိုနှုတ်လိုက်ရင် ၁၂ စက္ကန့်တောင် သာနေ တဲ့အတွက် Henao ဆီက အ၀ါရောင်အကျီကို Contador ဆီပေးလိုက်ရပါ တယ်။ မနေက GC တတိယ နေရာမှာ ၁၀ စက္ကန့်ပြတ်ပြီးရှိနေသူ Thibaut Pinot (Fra) FDJ ကတော့ ဒီနေ့အခြေအနေမကောင်းခဲ့ပါဘူး။ တမီနစ်ကျော် အထိနောက်ကျသွားတဲ့အတွက် GC ပ-ဒု-တ ထဲကနေပြုတ်သွားပါတယ်။
ဒါကြောင့် မနေ့က GC နံပတ် ၆ နေရာမှာ ၃၈ စက္ကန့်ပြတ်နေသူ Quintana က တတိယနေရာဆီတက်လာပါတယ်။ ဒါဟာ Contador အတွက် ဒီပွဲကို ၄ ကြိမ် မြောက်အနိုင်ရခြင်း သို့မဟုတ် သူရဲ့ ပရိုသက်တန်းအတွက် နောက်ဆုံးအကြိမ် အနိုင်ရခြင်းလဲဖြစ်ပါတယ်။
၆ ရက်တာပွဲအပြီး ၁-၁၀ ရသွားတဲ့ GC စာရင်းကတော့...
Final classification after stage 6
# Rider Name (Country) Team Result
1 Alberto Contador (Spa) Tinkoff Team 22:44:43 
2 Sergio Henao (Col) Team Sky 0:00:12 
3 Nairo Quintana (Col) Movistar Team 0:00:37 
4 Thibaut Pinot (Fra) FDJ 0:01:13 
5 Joaquin Rodriguez (Spa) Team Katusha 0:01:22 
6 Samuel Sanchez (Spa) BMC Racing Team 0:01:29 
7 Rui Costa (Por) Lampre - Merida 0:02:19 
8 Simon Spilak (Slo) Team Katusha 0:02:47 
9 Lawson Craddock (USA) Cannondale Pro Cycling 0:02:52 
10 Wilco Kelderman (Ned) Team LottoNl-Jumbo 0:03:14 
တို့ဖြစ်ပါတယ်။

အဲ...တခုကျန်သွားလို့၊ မနေ့က ကျနော်ဟောကိန်းထုတ်ခဲ့တဲ့အတိုင်း ကွန်တာ ဒါ အ၀ါရောင်အကျီရသွားတယ်ဆိုတဲ့အကြောင်းပြောမလို့ပါ။
ဒီပွဲပြီးသွားလို့ မနက်ဖြန် ကြည့်စရာပွဲမရှိတော့ဘူးဆိုပြီး ထင်မနေနဲ့။ ဒီထက်ပို ကောင်းတဲ့ မဟာ စပရင်း ကလစစ် Spring Classics ပွဲကြီးတခု ပြင်သစ်မှာ ကျင်းပဖို့ရှိနေပါတယ်။ Paris-Roubaix ပွဲဟာ ကီလိုမီတာ 258 Km ရှည်ပြီး ကျောက်တုံးခင်း တောင်ကုန်း cobbled climbs ၂၇ ခုအထိပါဝင်ပါတယ်။
ဒါ့အပြင် ရာသီဥတုကလည်း မိုးသည်းမယ်လို့မှန်းထားတဲ့အတွက် ပွဲဟာ အတော်ပြင်းပြင်းထန်ထန်စီးရမဲ့သဘောရှိနေပါတယ်။ ဒီပွဲကို မနက်ဖြန် မနက် ၁၀ နာရီခွဲ (မြန်မာစံတော်ချိန် ၃ နာရီဝန်းကျင်) မှာ TV ကနေ အစ အဆုံး LIVE ပြပေးမှာဖြစ်ပါတယ်။ 
လွဲမှပဲလွဲရော အရဲစွန့်ခန့်မှန်းချက်ပေးရမယ်ဆိုရင် တော့ ဒီနှစ် ခြေအကောင်း ဆုံး၊ သက်လုံအကောင်းဆုံး၊ နည်းစနစ်နဲ့ အရှိန်မြင့် စီးအားအကောင်းဆုံး ဖြစ်နေတဲ့၊ ပြီးခဲ့တဲ့ သတင်းနှစ်ပတ်စလုံးမှာ ဆက်တိုက် အနိုင်ရထားတဲ့ ကမ္ဘာ့ ချန်ပီယံ Peter Sagan ပဲ ပထမ ရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ရပါ တယ်။ ။
......

Vuelta al Pais Vasco ပွဲ ၅ ရက်မြောက်နေ့ Rosa အနိုင်ရ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco ၅ ရက်မြောက်နေ့ (Orio ကနေ Arrate (Eibar) အထိ) 159 km ပွဲမှာ Diego Rosa (Ita) Astana Pro Team က 4:19:19 နာရီနဲ့ တကိုယ်တော် အနိုင်ရသွားပါတယ်။

ဒီနေ့အတွက် တကိုယ်တော်ကတော့ တကယ့်ကိုတကိုယ်တော်ပါ။ ခရီးစဉ်ရဲ့ တ၀က် သို့မဟုတ် ကီလို ၁၀၀ ခန့်ကို တကိုယ်တော်စီးသွားတာ မယုံနိုင် လောက်အောင်ကို ဖြစ်ခဲ့ရပါတယ်။
သူဟာ Breakaway ၁၈ ဦးထဲကနေ ပန်းဝင်ဖို့ကီလို ၁၀၀ ၀န်းကျင်အလိုမှာ ကတည်းက တကိုယ်တော်ထွက်ပြေးလာသူဖြစ်ပါတယ်။ သူဟာ GC ဆရာ ကြီးတွေနဲ့ ၁၄ မီနစ်တောင်ပြတ်နေတာကြောင့် (သူ ၃ မီနစ်ကျော်ပြတ်ပြီး ပထမ ရလဲ GC သမားတွေကို မီဖို့ ၁၀ မီနစ်တောင်လိုသေးတဲ့အတွက်) ဘယ်သူကမှ သူ့ကို အမီလိုက် မဖမ်းတာလဲဖြစ်နိုင်ပါ တယ်။
ပုံမှန်အားဖြင့်ဆိုရင် တကို်ယ်တော်ရှေ့မှာပြေးနေသူဟာ တဖြေးဖြေးခြေကျလာ ပြီး နောက်ကအုပ်စုလိုက် လိုက်လာသူတွေက တဖြေးခြေတက်လာလေ့ရှိပေမဲ့ ဒီနေ့ပွဲမှာတော့ ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။ Rosa ဟာ ခြေမကျတဲ့အပြင် ဒီလောက်မြင့်တဲ့ တောင်တွေကို အရှိန်လုံးဝမကျစေပဲ တဖြေးဖြေးအရှိန်တင်ပြီး စီးသွားပါတယ်။ ဒုတိယ လိုက်နေတဲ့အုပ်စုနဲ့ ပထမ ပိုင်းမှာ ၂ မီနစ်ပြတ်နေရာကနေ ပန်းဝင်ဖို့ ၁၅ ကီလိုဝန်းကျင်မှာ ၄ မီနစ်အထိ ပြတ်သွား ပါတယ်။

GC ဆရာကြီးတွေပါတဲ့အုပ်စုနဲ့ဆို ၇ မီနစ်အထိပြတ်သွားပါတယ်။ ဒီတိုင်းသာ ဆက်လွတ်ထားရင် ၁၄ မီနစ်အထိပြတ်ပြီး GC ပါ ရသွားနိုင်တာကို စိုးရိမ်လို့ လားတော့မသိပါဘူး။ ပန်းဝင်ဖို့ ၁၅ ကီလိုအလိုလောက်ကျမှ GC ဆရာကြီး တွေ အသဲအသန်ထလိုက်ပါတယ်။
ဟိုနေ့ကအ၀ါရောင်ရထားသူ မာလင်ဒါကို စကိုင်းအသင်းက တွဲခေါ်ပြိး ထွက် ပြေးပေမဲ့ သိပ်ကြာကြာလွတ်အောင်မပြေးနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ (ဒီနေ့ GC ရလိမ့်မယ်လို့စာရေးသူမှန်းခဲ့သူ) ကွန်ဒါတာနဲ့ အခု GC ရသွားသူ Henao အတွဲထွက်ပြေးလွတ်မြောက်သွားပါတယ်။
ဒုတိယ လိုက်နေတဲ့အုပ်စုကို သူတို့အတွဲက မိအောင်ဖမ်းနိုင်ခဲ့ပေမဲ့ ပထမ ရသွားသူ တကို်ယ်တော်သမား Rosa ကိုတော့ ဘယ်လိုမှ မမိနိုင်တော့ပါဘူး။
Rosa ဟာ နောက်ကလိုက်လာသူတွေနဲ့ ၃ မီနစ်ကျော်တောင်ပြတ်နေတဲ့ အတွက် ပန်းဝင်စည်းအပေါ်ရိုးရိုမဖြတ်ပဲ စက်ဘီးကိုရပ် လက်နဲ့မပြီး လမ်း လျောက်ပန်းဝင်တဲ့အထိ အပျော်လွန် အောင်ပွဲခံခဲ့ပါတယ်။
ဒီနေ့ ပန်းဝင်စည်းပေါ် ပထမ ဆုံးဖြတ်ခဲ့သူ ၁၀ ဦးကတော့...
1 Diego Rosa (Ita) Astana Pro Team က 4:19:19
2 Sergio Henao (Col) Team Sky 0:03:13 
3 Alberto Contador (Spa) Tinkoff Team 
4 Joaquin Rodriguez (Spa) Team Katusha 0:03:15 
5 Thibaut Pinot (Fra) FDJ 
6 Samuel Sanchez (Spa) BMC Racing Team 0:03:40 
7 Nairo Quintana (Col) Movistar Team 0:03:41 
8 Lawson Craddock (USA) Cannondale Pro Cycling 0:03:56 
9 Rui Costa (Por) Lampre - Merida 0:04:12 
10 Serge Pauwels (Bel) Dimension Data တို့ဖြစ်ပါတယ်။
...
၅ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမား ၁၀ ဦးကတော့...
General classification after stage 5
# Rider Name (Country) Team Result
1 Sergio Henao (Col) Team Sky 22:15:24 
2 Alberto Contador (Spa) Tinkoff Team 0:00:06 
3 Thibaut Pinot (Fra) FDJ 0:00:10 
4 Joaquin Rodriguez (Spa) Team Katusha 0:00:12 
5 Samuel Sanchez (Spa) BMC Racing Team 0:00:31 
6 Nairo Quintana (Col) Movistar Team 0:00:38 
7 Lawson Craddock (USA) Cannondale Pro Cycling 0:01:00 
8 Wilco Kelderman (Ned) Team LottoNl-Jumbo 0:01:07 
9 Rui Costa (Por) Lampre - Merida 0:01:09 
10 Sébastien Reichenbach (Swi) FDJ 0:01:11 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ နောက်ဆုံးနေ့အဖြစ် Eibar - Eibar (ITT) တဦးချင်း စံချိန်ပြု 16.5 km ကီလိုမီတာကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ GC သမား ထိပ်ဆုံး ၁၀ ဦးဟာ ၆ စက္ကန့်ကနေ တမီနစ် ၁၁ စက္ကန့်အထိသာ ကွာတဲ့ အတွက် မနက်ဖြန် တဦးချင်းစံချိန်ပြုမှာ ကောင်းကောင်းစီးနိုင်သူက အ၀ါ ရောင်အကျီကို ရသွားနိုင်တဲ့အနေအထားရှိနေပါတယ်။ လွဲမှပဲလွဲရော လွန်ခဲ့ တဲ့ ပွဲကြီး ၂ ခုစလုံးမှာ ဒုတိယနဲ့ချည်းကျေနပ်လိုက်ရသူ Alberto Contador (Spa) Tinkoff Team မနက်ဖြန် အ၀ါရောင်ရနိုင်တယ်လို့ ဟောကိန်း ထုတ် လိုက်ပါကြောင်း။ ။
.....

Vuelta al Pais Vasco ပွဲ ၄ ရက်မြောက်နေ့ Sanchez အနိုင်ရ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco ၄ ရက်မြောက်နေ့ (Lesaka ကနေ Orio အထိ) 165 km ပွဲမှာ Samuel Sanchez (Spa) BMC Racing Team က 4:13:12 နဲ့ တကိုယ် တော်အနိုင်ရသွားပါတယ်။

တကိုယ်တော်ဆိုပေမဲ့ မနေ့ကအတိုင်း သူပန်းဝင်စည်းပေါ်အရောက်မှာ အနောက်ကအုပ်စုမီလာတဲ့အတွက် အားလုံတပြိုင်တည်းပန်းဝင်သလို ဖြစ် သွားပြီး Rui Costa (Por) Lampre - Merida က ဒုတိယနဲ့ Warren Barguil (Fra) Team Giant-Alpecin က တတိယ ရပါတယ်။
GC ထဲက နာမည်ကြီးတွေဖြစ်တဲ့ ကွန်ဒါတာ၊ ကင်တားနားနဲ့ ဟင်နာရိုတို့ ၃ ဦး ပန်းမ၀င်မီနောက်ဆုံးတောင်ကုန်းမှာ လွတ်ထွက်လာပေမဲ့ တခါတည်းပြတ် အောင် မပြေးနိုင်ကြပါဘူး။ စကိုင်းအသင်းက ဟင်နရို Henao ပါလာတဲ့ အတွက်၊ ဒါမှမဟုတ် သူကနေ ကျန်နှစ်ဦးကိုဆွဲထားတဲ့အတွက် မပြေးတာ လည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆို လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် လင်ဒါဟာ စကိုင်းအသင်းကဖြစ်ပြီး သူနောက်မှာကျန်နေတဲ့အတွက် အခုလို ဆွဲထားတာလို့ ယူဆရပါတယ်။
ရှေ့ပိုင်းအခြေအနေကိုပြောရမယ်ဆိုရင်တော့ တာထွက်ပြီးသိပ်မကြာခင် မြင့်မားတဲ့တောင်တလုံးကိုဖြတ်ကတည်းက ၆ ဦးပါ Breakaway တဖွဲ့ လွတ်မြာက်သွားခဲ့ပါတယ်။ TV မှာလိုက်ဖ်ပြတဲ့ ပန်းဝင်ဖို့ ကီလို ၃၀ ကျော် အလိုအထိ အဲဒီ ၆ ဦးဟာ ၃ မီနစ်ဝန်းကျင်ပြတ်နေဆဲပါ။
ဒါပေမဲ့ စကိုင်းအသင်းဦးဆောင်ပြီးတဖြေးဖြေးအရှိန်တင်လိုက်ရာကနေ ရှေ့ ပြေးအုပ်စုအရှိန်ကျလာပါတယ်။ ပန်းဝင်ဖို့ ၁၄ ကိလိုဝန်းကျင်အလို မြင့်မားလှ တဲ့ (၂၈- ဒီဂရိမြင့်) တောင်ကုန်းအတက်မှာတော့ ကန်ဒါတာ၊ ကင်တားနားတို့ ၂ ဦးပြေးထွက်ရာကနေ ရှေ့ပြေးအဖွဲ့ကို မိသွားခဲ့ပါတယ်။
ဒါပေမဲ့ ရှေ့မှာ ပလင်ခံခဲ့တဲ့အတိုင်း သူတို့နှစ်ဦးနဲ့အတူ စကိုင်းက ဟင်နရို ပါလာတဲ့အတွက် ဆက်မပြေးပဲ ဆိုင်းထားလိုက်ပါတယ်။ အဲဒီအချိန်မှာ အရင် ရှေ့ပြေးနေသူတွေ ထပ်မံထွက်ပြေးလွတ်မြောက်သွားပြန်ပါတယ်။ ဒါပေမဲ့ ပြတ်အောင် မဖြတ်နိုင်ပါဘူး။
ဒီလိုနဲ့ပန်ဝင်ဖို့ ၃ ကိလိုခန့်အလို တောင်ကုန်းမှာ အားလုံးကိုဖမ်းမိပြီး တအုပ် တည်းဖြစ်သွားပါတယ်။ ဒီမတိုင်ခင် GC ဆရာကြီးနှစ်ဦးဖြစ်တဲ့ လူငယ်ခြေ တက် Thibout Pinot (FDJ) နဲ့ Fabio Aru (Astana) နှစ်ဦးတွဲပြီး ရှေ့ပြေး အုပ်စုကို အမီလိုက်တာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
ပန်းဝင်ဖို့ ၂ ကီလိုလောက်အလိုမှာ အခု ပထမ ရသွားသူ စတင်ထွက်ပြေးပါ တယ်။ လမ်းကတောင်ကုန်းကနေ ကုန်းဆင်းလိုမျိုးဖြစ်သွားပြီး ပန်းဝင်ဖို့ မီ တာ ၅၀၀ လောက်အလိုကျမှ ကုန်းပြန်တက်ပါတယ်။ မီတာ ၁၀ လောက် အသာနဲ့ပြေးနေတဲ့ ပုဂ္ဂိုလ်ကို ပန်းဝင်စည်းပေါ်ရောက်မှ နောက်ကလိုက်လာ တဲ့အုပ်စုက မိသွားတယ်ဆိုပါတော့။
ရှေ့မှာအစီရင်ခံခဲ့တဲ့အတိုင်း လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် Mikel Landa Meana နဲနဲပြတ်ကျန်ခဲ့အတွက် ဒီနေ့ အ၀ါရောင်ကိုစွန့်လိုက်ရပါတယ်။ ပထမ ပိုင်းမှာ ကွန်ဒါတာများ အ၀ါရောင်ရပြီလားလို့ထင်မိပေမဲ့ သူ့ဆီမရောက်ပဲ Wilco Kelderman က ယူသွားခဲ့ပါတယ်။
၎ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC စာရင်းကတော့...
General classification after stage 4
# Rider Name (Country) Team Result
1 Wilco Kelderman (Ned) Team LottoNl-Jumbo 17:52:48 
2 Sergio Henao (Col) Team Sky 0:00:04 
3 Mikel Landa Meana (Spa) Team Sky 0:00:07 
4 Samuel Sanchez (Spa) BMC Racing Team 0:00:08 
5 Alberto Contador (Spa) Tinkoff Team 0:00:10 
6 Thibaut Pinot (Fra) FDJ 0:00:12 
7 Rui Costa (Por) Lampre - Merida 0:00:14 
8 Nairo Quintana (Col) Movistar Team 
9 Robert Gesink (Ned) Team LottoNl-Jumbo 
10 Sébastien Reichenbach (Swi) FDJ တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Orio ကနေ Arrate (Eibar) အထိ 159 km ကို ဆက် လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More