Saturday, April 30, 2016

ဆီးနှင်းကြားက Liege-Bastogne-Liege ပွဲ Wouter Poels အနိုင်ရ...။

ဆီးနှင်းကြားက Liege-Bastogne-Liege ပွဲ Wouter Poels အနိုင်ရ...။
...
နွေဦးအထူး Spring Classics တွေထဲက နောက်ဆုံးပွဲဖြစ်တဲ့ Liege-Bastogne-Liege ပွဲကို ဘလဂျီယံမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ ၁၈၉၂ က တည်းကစတင်ခဲ့တဲ့ ရှေးအကျဆုံးဒီပွဲဟာ ကီလိုမီတာ ၂၅၀ ကျော် ရှည် လျားပြီး ရွံ့ဖုံးနေတဲ့ ကျောက်တုံးခင်းလမ်းတွေ၊ ကျောက်တုံးခင်းလမ်း တောင် ကုန်းတွေ၊ ကွင်းပြင်တွေ လမ်းကျဉ်း လမ်းကွေ့ စသဖြင့် အခက်ခဲများ စွာကို ကျော်ဖြတ်စီးနင်းခဲ့ရပါတယ်။

ပိုဆိုးတာက ဒီနေ့ဟာ ရာသီဥတုအတော်ဆိုးပြိး ပွဲချိန် ၆ နာရီစလုံး နှင်းတွေ ကျနေပါတယ်။ စက်ဘီးသမားတွေဟာ အထူးအ၀တ်အစားတွေ၊ မျက်နှာစွပ် တွေနဲ့ အအေးဒဏ်ကိုကာကွယ်ခဲ့ရပါတယ်။
ဒီပွဲမှာမနှစ်က ပထမ ရထားတဲ့ စပိန်ကနာမည်ကြိးစက်ဘီးသမား Alejandro Valverde (Movistar) အနိုင်ရတယ်လို့ထင်ကြေးပေးခဲ့ပေမဲ့ အဲဒိလိုဖြစ်မလာ ခဲ့ပါဘူး။
...

# Rider Name (Country) Team Result
1 Wouter Poels (Ned) Team Sky 6:24:29
2 Michael Albasini (Swi) Orica-GreenEdge
3 Rui Alberto Faria Da Costa (Por) Lampre - Merida
4 Samuel Sanchez Gonzalez (Spa) BMC Racing Team 0:00:04
5 Ilnur Zakarin (Rus) Team Katusha 0:00:09
6 Warren Barguil (Fra) Team Giant-Alpecin 0:00:11
7 Roman Kreuziger (Cze) Tinkoff Team 0:00:12
8 Joaquin Rodriguez Oliver (Spa) Team Katusha
9 Bauke Mollema (Ned) Trek-Segafredo
10 Diego Rosa (Ita) Astana Pro Team.
........

Liege-Bastogne-Liege ပွဲမှာ Valverde ထပ်ရနိုင်သလား...။
...
(လောလောဆယ် Live စီးနေပါတယ်) အောက်က ကွန်မင်း လင့်ခ်ထဲ ဖတ်ပါရန်)။
...
နွေဦးအထူး Spring Classics တွေထဲက နောက်ဆုံးပွဲဖြစ်တဲ့ Liege-Bastogne-Liege ပွဲကို ဘလဂျီယံမှာ တနင်္ဂနွေနေ့လည် စတင်ဖို့ရှိနေပါ တယ်။
၁၈၉၂ ကတည်းကစတင်ခဲ့တဲ့ ရှေးအကျဆုံးဒီပွဲဟာ ကီလိုမီတာ ၂၅၀ ကျော် ရှည်လျားပြီး ရွံ့ဖုံးနေတဲ့ ကျောက်တုံးခင်းလမ်းတွေ၊ ကျောက်တုံးခင်းလမ်း တောင်ကုန်းတွေ၊ ကွင်းပြင်တွေ လမ်းကျဉ်း လမ်းကွေ့ စသဖြင့် အခက်ခဲများ စွာကိုကျော်ဖြတ်စီးနင်းရမှာဖြစ်ပါတယ်။
ဒီပွဲမှာမနှစ်က ပထမ ရထားတဲ့ စပိန်ကနာမည်ကြိးစက်ဘီးသမား Alejandro Valverde (Movistar) ဟာ ပြိးခဲ့တဲ့ဗုဒ္ဒဟူးနေ့ကလည်း La Flèche Wallonne ပွဲမှာအနိုင်ရထားတဲ့အတွက် ဒီနေ့လည်း သူရနိုင်တယ်ဆိုပြီး ထင် ကြေးပေးနေကြပါတယ်။
ဒါပေမဲ့ ရာဇ၀င်အရတော့ ဒီလိုမျိုး ၂ နှစ်ဆက်တိုက်နိုင်ဖူးသူဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမပေါ်ခဲ့ဖူးသေးပါဘူး။ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ၁၉၅၁- ၅၂ တုန်းက Ferdi Kubler တဦးတည်းသာ ၂ နှစ်ဆက်တိုက်နိုင်ထားဖူးပါ တယ်။
ဒါအပြင့် La Flèche Wallonne ပွဲမှာ သူ့ကိုကပ်ပြီးရှုံးခဲ့ကြတဲ့ Etixx-QuickStep အသင်းမှ Julian Alaphilippe နဲ့ Dan Martin တို့ကလည်း ဒီပွဲ မှာ Valverde ကို ပြန်လက်စားချေမယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် ၂၀၁၃ ခုနှစ်က ပထမ ရထားဖူးတဲ့ Dan Martin ဟာ ဒီနေ့ မရ ရအောင်စီးမယ် ဆိုတာ သံသယရှိစရာမလိုပါဘူး။
Valverde ကတော့ လမ်းအနေအထားထက် ရာသီဥတုအနေအထားကို ပိုစိုး ရိမ်တယ်လို့ပြောပါတယ်။ ဘာကြောင့်လဲဆို ဒီနေ့မိုးရွာနိုင်ပြီး ညနေပိုင်းမှာ နှင်း ပါကျနိုင်တယ်လို့ဆိုထားတဲ့အတွက် လမ်းအခြေအနေဆိုးနိုင်ပါတယ်။
ရှေ့မှာတင်ပြခဲ့သူ ၃ ဦးအပြင် 2014 ပထမ ရထားသူ Simon Gerrans (Orica-GreenEdge)၊ စကိုင်းအသင်းမှ Michal Kwiatkowski (Sky)၊ အီတလီအကျော်အမော် Vincenzo Nibali (Astana) အပါဝင် စက်ဘီးသမား ၁၅၀ ကျော် ၀င်ပြိုင်ကြမှာမို့ စိတ်ဝင်စားဘွယ်ဖြစ်ပါတယ်။
မနက်ဖြန်နေ့လည် ဒေသစံတော်ချိန် ၂ နာရီ (မြန်မာအချိန် ၇ နာရီဝန်းကျင်) မှာ Euro Sport TV ကနေ Live ပြမယ်လို့ ကြေညာထားပါတယ်။
....
(ကျနော်တို့ရဲ့ ဇတ်လိုက်ကြီး ပီတာဆာဂန်ကတော့ စပရင်း ကလစစ် တွေကို နားပြီး ရှေ့လလယ်ကျင်းပမဲ့ ကာလီဖိုးနီးယားပွဲအတွက် လေ့ကျင့်ရေး ဆင်းနေ ပါတယ်။)
မနက်ဖြန်မှာ ဒီပွဲအပြင် ခရိုးရေးရှားပွဲ နောက်ဆုံးနေ့ပွဲစဉ်လဲရှိနေပါတယ်။ ဒီပွဲ တွေပြီးရင်တော့ ၂၄ ကနေ မေလ ၁ ရက်နေ့အထိ Tour of Turkey။ ၂၆ ကနေ မေလ ၁ ရက်နေ့အထိ Tour de Romandie (ဆွင်ဇလန်)။ ၂၉ ကနေ မေလ ၁ ရက်နေ့အထိ Tour de Yorkshire (ဗြိတိန်) တို့ရှိနေပါတယ်။
မေလဆန်းမှာတော့ ၆ ရက်ကနေ ၂၉ အထိ Grand Tour ၂၁ ရက်ပွဲ Giro d'Italia (အီတလီ) ရှိနေပါတယ်။ တချိန်တည်းမှာပဲ ပီတာဆာဂန် ၀င်ပြိုင်မဲ့ Tour of California (အမေရိကန်) ကလည်း မေ ၁၅ ကနေ ၂၂ အထိကျင်းပဖို့ရှိနေပါကြောင်း ကြိုတင် အစီရင်ခံလိုက်ရပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More