Saturday, April 30, 2016

Giro del Trentino ပွဲပြီးစီး၊ Mikel Landa GC ပထမ ရ...။

Giro del Trentino ပွဲပြီးစီး၊ Mikel Landa GC ပထမ ရ...။
...
အီတလီနိုင်ငံ Trentino ဒေသမှာ ၄ ရက်ကြာကျင်းပခဲ့တဲ့ Giro del Trentino ပွဲ ဒီနေ့ပြီးဆုံးသွားပါပြီ။ ချန်ပီယံဟောင်း Vincenzo Nibali (Ita) Astana Pro Team ရုံးပြီး Astana အသင်းကနေ Sky အသင်းဆီ မနှစ်ကမှပြောင်းသွားသူ သူ့ရဲ့အသင်းဖေါ်ဟောင်း Mikel Landa Meana (Spa) Team Sky က ၄ ရက် ပေါင်း ပထမ ရသွားပါတယ်။


ဒီနေ့နောက်ဆုံးနေ့ဟာ မြင့်မားပြီး ရေခဲဖုံးလွှမ်းနေတဲ့တောင်တွေကိုတက်ခဲ့ရ ပါတယ်။ (ဒီပွဲကို TV မှာ ပြတာ မတွေ့မိပါ။ Tour of Croria ပဲတွေ့မိပါတယ်)။ လတ္တီကျုအမြင့်မှာလေ့ကျင့်ထားလို့ ၀န်ပိပြီး အထိုင်အထနှေးနေတဲ့ နီဘာလီ ဟာ အရင်နေ့တွေကတည်းက အခြေအနေမကောင်းခဲ့ပါဘူး။
ဒါအပြင် ပွဲမစခင်ကတည်းကတောင် ဒီပွဲမှာ Landa ပထမ ရနိုင်တယ်ဆိုပြီး ထုတ်ပြောထားခဲ့တာပါ။ ဒါပေမဲ့ ဒီနှေ့မှာတော့ သူဟာ ရှိသမျှစွမ်းအားကို ထုတ်ပီး ကီလို ၅၀ ခန့်လောက်ကတည်းက စတင်တိုက်ခိုက်ခဲ့ပါတယ်။ အခြား ပြိုင်ဖက် ၂ ဦးနဲ့အတူ ၃ ဦးပေါင်း ထွက်ပြေးသွားလိုက်တာ ၃ မီနစ်အထိ Landa တို့အုပ်စုကို ဖြတ်ထားနိုင်ခဲ့ပါတယ်။
Landa ရဲ့ Team Sky ဟာ အချိန်ကိုအသေအချာတွက်ချက် အရှိန်တင်လိုက် ရာကနေ နောက်ဆုံးပန်းဝင်တောင်ကုန်းမှာ ဖမ်းမိသွားပါတယ်။ ဒါပေမဲ့ ဘာ ဖြစ်ဖြစ် ဒီပွဲဟာ မေလ ၆ ရက်ကနေ ၂၉ ရက်နေ့အထိကျင်းပမဲ့ Giro d'Italia အတွက်သွေးပူလေ့ကျင့်ခန်းဖြစ်တာကြောင့် နီဘာလီ အခြေအနေကောင်းနေ သေးတယ်လို့ပြောနိုင်ပါတယ်။
ဒီနေ့တရက်စာ အနိုင်ပွဲကိုပြောရမယ်ဆိုရင်တော့ Tanel Kangert (Est) Astana Pro Team က 4:07:29 နာရီနဲ့ ပထမ။ Matteo Busato (Ita) Southeast - Venezuela က ဒုတိယနဲ့ Mikel Landa Meana (Spa) Team Sky ကတတိယ ရပါတယ်။ 

ဒါဟာလည်း လင်ဒါနဲ့ စကိုင်းအသင်းရဲ့ သွေးအေးအေးနဲ့တွက်ချက်မှုဟာ စိတ် လှုပ်ရှားဖွယ်ပါ။ ဘာကြောင့်လဲဆိုရင် အခု ပထမ ရသွားတဲ့ Tanel Kangert (Est) Astana Pro Team ဟာ လင်ဒါနောက်မှာ ကပ်ပြီး ၈ စက္ကန့်အပြတ်နဲ့ ဒုတိယ GC ရထား သူပါ။ 
အခု သူ ပထမ ရသွားတဲ့အတွက် time bonus ၁၀ စက္ကန့်ရသွားပါတယ်။ ဒါ ကြောင့် လင်ဒါကို ၂ စက္ကန့်အသာရသွားပါတယ်။ ဒါပေမဲ့ လင်ဒါဟာ စတုတ္တ မဟုတ်ပဲ တတိယ နေရာကနေ ပန်းဝင်နိုင်တာကြောင့် time bonus ၄ စက္ကန့် ရပြန်ပါတယ်။ အပေါင်းအနှုတ်လုပ်လိုက်တော့ ၂ စက္ကန့်အသာနဲ့ လင်ဒါကပဲ GC ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ဒိနေ့ပွဲအပြီး ၁-၁၀ GC သမားတွေကတော့...
Final general classification
# Rider Name (Country) Team Result
1 Mikel Landa Meana (Spa) Team Sky 14:44:48 
2 Tanel Kangert (Est) Astana Pro Team 0:00:02 
3 Jakob Fuglsang (Den) Astana Pro Team 0:00:14 
4 Sergey Firsanov (Rus) Gazprom-Rusvelo 0:00:19 
5 Patrick Konrad (Aut) Bora-Argon 18 0:00:24 
6 Romain Bardet (Fra) AG2R La Mondiale 
7 Domenico Pozzovivo (Ita) AG2R La Mondiale 0:00:28 
8 Emanuel Buchmann (Ger) Bora-Argon 18 0:00:30 
9 Jean-Christophe Peraud (Fra) AG2R La Mondiale 0:00:42 
10 Hubert Dupont (Fra) AG2R La Mondiale 0:00:56 တို့ ဖြစ် ပါတယ်။
ဒီပုဂ္ဂိုလ်တွေရဲ့ မကျေပွဲကိုတော့ လာမဲ့မေလ ၆ ရက်နေက ၂၉ ရက်အကြား ၂၁ ရက်တိုင်တိုင်ကျင်းပမဲ့ Giro d'Italia ပွဲမှာ အားပါးတရ ရှုစားရဖို့ရှိနေပါ တယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More