Saturday, April 23, 2016

ဘယ်တော့မှ လက်မထောက်ပါနဲ့။

နိုင်ငံရေးသမား ဒူးမထောက်၊ စက်ဘီးသမား လက်မထောက် ဖို့အရေးကြီး...။
...
အရင်အပတ်က တင်ပြခဲ့တဲ့အတိုင်း စနေနေ့ (ဧပြီ ၁၆ ရက်) နေ့လည်ပိုင်းက ရေခဲတောင် (ဟိုမင်ကိုလင်) အောက်ဖက်ချမ်းရှိ စက်ဘီးသမားအများစု သွားလေ့ရှိတဲ့အရပ် ဆီ တကူးတကာ့ သွားစီးမိခဲ့ပါတယ်။


ဒါဟာ ဒီနွေဦးမှာ ပထမ ဆုံးအကြိမ် အဲဒီဖက်သွားခြင်းလဲဖြစ်ပါတယ်။ မနှစ်က မြို့ထဲနေပြီး မောင်တိန်းဘိုက်စီးတော့ အဲဒီဖက်ထွက်တာလွယ်ပါတယ်။ ဒီနှစ် က မြို့ထဲနဲ့ ၁၀ ကီလိုလောက်ဝေးတဲ့ မြို့ပြင်ဆီ ပြောင်းလိုက်တော့ အဲဒီဖက် သွားဖို့ မြိုံတခုလုံးကိုပြန်ဖြတ်ရပါတယ်။ ဒါကြောင့် စိတ်ထဲမှာ သိပ်မ၀င်မကျလှ။
မြို့ထဲမှာ ကားရှုတ်တဲ့အပြင် Tran လို့ခေါ်တဲ့ ဓတ်ရထားလမ်းတွေကလည်း အတော် ရှုပ်ပါတယ်။ အဲဒီလိုရှုတ်နေတဲ့ကြားဖြတ်သွားရင် မေဂျာစတာ ဆိုတဲ့ ဘူတာဝန်းကျင်မှာ တခါပစ်လဲပါတယ်။ ဖိနပ်ဘားကို မချွတ်ပဲ ဘရိတ်ဆွဲ၊ စက်ဘီးကိုထိမ်းရင်နဲ့ကားကြားမှာ လဲတာ။ ကားတွေက အရှိန်မရှိလို့တော် သေး။ အဲဒီထက်ပိုတော်တာက ဘုန်းဆို ဒီတိုင်းပစ်လဲတော့ ဘာမှ မနာဘူး။ ခြေနင်းမှာ တန်းလန်းဖြစ်နေတဲ့ ဖိနပ်ကိုမနည်းပြန်ထုတ်ပြီး ပြန်စီးတာ အိုကေ ပါပဲ။
ဒါက တောင်ပေါ်တက်ဖို့အသွား မြို့တွင်းဖြတ်ချိန်ကြုံရတဲ့ပြသာနာ။ မြို့ပြင် ရောက်သွားတော့ အေးဆေးပါပဲ။ တောင်တက်ရတာတော့ မောတာပေါ့။ ဒါပေမဲ့ ဒိဖက်က တောင်တွေကောင်း တာက အတက်ချည်းမဟုတ်။ တက်လိုက် ဆက်လိုက် တောင်တွေဆိုတော့ စီးလို့ကောင်းတယ်။

လက်ရှိ ကျနော်နေတဲ့အရပ်က ဒီတောင်နဲ့အဝေးကြီး။ ဒါပေမဲ့ ကောင်းတာက မီးပိုင့်တခု မှဖြတ်စရာမလိုပဲ (အ၀ိုင်းတွေတော့ရှိတယ်) ၁၅ မိုင်အကွာက လီလီ စတုန်းမြို့အထိ စက်ဘီးလမ်းပေါ်စီးသွားလို့ရတယ်။ မကောင်းတာက တောင်တွေက အတက်ဆို အတက်ချည်း ၄ ကီလို၊ ၅ ကီလိုလောက်ရှိတယ်။ အော်စလိုကနေ လီလီစတုန်းအသွားမှာဆို အဆင်း ၅ ကီလိုရှိပြီး အပြန်မှာ ၅ ကီလို ဆက်တိုက်တက်ပေတော့။
စီးရတာ အရသာ သိပ်မတွေ့လှ။ စီးတဲ့လူကလည်း အခုသွားတဲ့ တောင်ပေါ် ဒေသနဲ့ ယှဉ်ရင်အတော်နည်းပါတယ်။ စီးနေတဲ့လူတွေကို တဦးမှမသိပေမဲ့လည်း လမ်းပေါ်မှာ တခြားစက်ဘီးသမားရှိနေရင် ပြိုင်ဖက်ရှိနေသလို၊ အဖေါ် ရှိနေသလိုခံစားရတာ စက်ဘီးသမား သဘာဝထင်ပါ့။
ထားတော့။ အဲဒိလို တောင်ပေါ်မှာစီးပြီးအပြန် နေ့လည်ကဖြတ်ခဲ့တဲ့ မြို့ထဲကို ပြတ်ဖြတ်ရ ပါတယ်။ အသွားတုန်းကလမ်းအတိုင်းမပြန်မိပဲ ဘာကြောင်း လမ်း ချော်ပြီး မြို့လယ်က နေရှင်နယ်သီရေတာနား ရောက်သွားမှန်း ကိုယ့်ဘာသာ စဉ်းစားလို့မရ။ အဲဒီနေရာက လူလမ်းကူးတဲ့နေရာမှာလူတွေက ရာနဲ့ချီရှိတော့ လူကူးနေချိန် ဘယ်လိုမှ တိုးထွက်သွားဖို့မဖြစ်နိုင်။
ဒီတော့ ဖိနပ်ဘားကိုအသေချာဖြုတ်ပြီး အေးဆေး ခြေထောက်ရပ်မယ်ဆိုပြီး ရပ်ချလိုက်ပါတယ်။ အဲဒီအချိန်ကျမှ ဘယ်ဖက်ခြေတောက်ထွက်မလာဘူး။ ဖြုတ်ထားတာ ညာဖက်ခြေတောက်ဖြစ်နေပါရော့လား။ အဲဒီအချိန် ပထမ တခါ လဲတုန်းကလို တခါတည်း အိပ်ချလိုက်လဲ ဘာမှဖြစ်မှာမဟုတ်ဘူး။ အခုတော့ ဘယ်လိုကနေ ဘယ်လို လက်သွားထောက်မိမှန်းမသိ။
တော်တော့ကိုနာပြီး မထနိုင်တော့။ ဘေးလူတချို့လာပြီထူပေးပေမဲ့ လက်ကျိုး သွားတယ်လို့ သူတို့ထင်ပုံမရ။ ကိုယ်လဲ အဲလောက်အထိ မထင်ဘူး။ အရိုး လိမ်သွားတယ်လို့ပဲ ထင်ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ဘေးကလူကို ဆွဲဆန့်ပေးပါလို့ပြောပြီး ဖြောင်း ဆိုဆန့်လိုက်ရင် အိုကေ သွားမလား ပါပဲ။
ဒီမှာတော့ အဲဒီလို ဘယ်သူမှမလုပ်ရဲဘူးထင်ပါရဲ့။ မြန်မာတဦးဦးများတွေ့မိ မလားဆိုပြီး ၁၀ မီနစ်လောက်အထိ လက်ကိုနှိပ်ရင်းစောင့်ပေမဲ့ ဘယ်သူမှ ပေါ်မလာ။ အရေးပေါ် ကားခေါ်ဖို့ကလည်း နံပတ်မသိ။ ဒီလောက်ဖြစ်ရုံနဲ့ အရေးပေါ်ကား ခေါ်ခွင့်ရှိမရှိကလည်း မသေချာလှ။
ဒီတော့ တက္ကစီငှားပြီး အရေးပေါ်ဆေးရုံသွားမှဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ ဘေးနားလိုက်ကြည့်တော့ တက္ကစီကမရှိပြန်ဘူး။ သမ္မတဥိးသိန်းစိန် လာတုန်းက တည်းတဲ့ဟိုတယ်ရှေ့မှာ အရင်က တက္ကစီတွေအများကြီးရှိပေမဲ့ ဒီနေ့တစီးမှ မတွေ့မိ။ ဒါနဲ့စက်ဘီးကို ယာလက်နဲ့ဆွဲပြီး အော်စလို တက္ကသိုလ် ရှေ့က တက္ကစီတန်းမှာ သွားငှားရပါတယ်။
စက်ဘီးပါ တင်မယ်ဆိုတော့ တင်စရာမရှိဖြစ်နေပါတယ်။ နောက်တန်းက ခုံ တွေကိုလှဲချလိုက်မှ အဆင်ပြေသွားပါတယ်။ ဆေးရုံရောက်တော့ စက်ဘီးကို အထဲသွင်းခွင့်မရှိဆိုပြီး လုံခြုံရေးက တားပါတယ်။ အက်စီးဒင်းဖြစ်လို့၊ လက်ကျိုးသွားလို့ဆိုပြီးပြောတာတောင် သူက သိပ်ရုံချင်ပုံမရ။ နောက်ဆုံး တော့ လက်ခံပြိး လုံခြုံရေးခန်းထဲ စက်ဘီးကိုသိမ်းထားပေးပါတယ်။
လူကတော့ ထုံးစံအတိုင်း တိုကင်နံပတ်ယူ၊ ထိုင်စောင့်ပေါ့။ ကိုယ့်ထက် အခြေ အနေဆိုးတဲ့ သွေးသွရဲရဲလူတွေလည်း ဒီလိုပဲ ထိုင်စောင့်နေရတာပါပဲ။ စောင့် နေရင် သေသွားနိုင်သူမှအပ အားလုံးဒီလိုပဲစောင့်ရလေ့ရှိပါတယ်။ တကယ့် အရေးပေါ် လူနာဆိုရင်တော့ ချက်ချက်လုပ်ပေးပါတယ်။
ကိုယ်က လက်ကျိုးတာဆိုတော့ စောင့်နေရင်းနဲ့မသေလောက်တဲ့ လူနာစာ ရင်းထဲပါတာပေါ့။ ၁၀ မိနစ်လောက်ကြာတော့ လူနာစာရင်းသွင်းခွင့်ရတယ်။ နောက်ထပ် မီနစ် ၃၀ လောက်ကြာမှ ဆရာဝန်ကလာခေါ်ပြီး စစ်တယ်။ ဘာမှ မဖြစ်ဘူးထင်တယ်ဆိုပြီး ကိုယ်ကဆင်ခြေပေးပေမဲ့မရ။ သေချာအောင် ဓတ် မှန်ရိုက်ပါတဲ့။
ဓာတ်မှန်ရိုက်ပြီးတော့ အဲဒီအခန်းရှေ့ကခုံမှာ တခါထိုင်စောင့်ပြန်ပေါ့။ ၁၅ မီနစ် လောက်ကြာတော့ ဆရာဝန်ထွက်လာပြီး မင်းလက်က အက်တာမဟုတ်ဘူး။ ကျိုးသွားတယ်၊ ၂ နေရာကျိုးတယ်။ တထောင်ဆစ်နားကဟာက သိပ်မများပေ မဲ့ လက်ဖ၀ါးနားကဟာက အတော်အခြေအနေဆိုးတယ်။ ထက်ပိုင်းကို ကျိုး ထွက်သွားတာ ဆိုပြီးပြောပါတယ်။ ဓတ်မှန်ကို ကိုယ်က မမြင်၇တော့ သိပ် မရုံချင်။ လက်ကလည်း ဘာမှမနာသလိုပါပဲ။
မင်း ဥလိဘော ဆေးရုံကိုသွားရမယ်။ အဲဒီမှာ အော်ပရေးရှင်း လုပ်ရမယ် ဆိုပြီး ဆရာဝန်မကဆိုပါတယ်။ ပြီးတော့ ခဏလာခဲ့ဦး လို့ပြောပြီး အခန်းတခုထဲ ခေါ် သွားပါတယ်။ အဲဒါ ကျောက်ပတ်တီးစီးတည်းအခန်း။ ကျောက်ပတ်တီးစီးပြီး တော့ တက္ကစီခေါ်ပြီး ဆေးရုံပို့ဖို့ပြင်ပါတယ်။
ကျနော်မှာက စက်ဘီးစီးဝတ်စုံတွေ။ ဦးထုတ်တွေ၊ မျက်မှန်တွေနဲ့။ ရောက်လာ စက အဲဒါတွေကိုဝတ်ထားပေမဲ့ အခု ဆေးစစ်ရင်းနဲ့ ဦးထုတ်လဲချွတ်၊ အနွေး ထည်လည်းချွတ်ဆိုတော့ ယူစရာတွေက လက်တဖက်တည်းနဲ့မနိုင်တော့။ ဒီတော့ နာ့စ်မတွေက ပလစတစ်အိတ်အကြီးတလုံးယူပြီး အားလုံးကို အဲဒီ ထဲ ထည့်ပေးလိုက်တယ်။
စက်ဘီးက ဘယ်လိုလုပ်မလဲ။ ဆေးရုံကိုယူသွားမရမလား။ လုံခြုံရေးကိုမေး တော့ မနက်ဖြန် တယောက်ယောက်ကို လာယူခိုင်းပါ။ လောလောဆယ် သူတို့တာဝန်ယူသိမ်းပေးထားမယ်လို့ပြောပါတယ်။ တက္ကစီပေါ်တက်တော့ ကားသားမက ပါကစ္စတန်ထင်ပါရဲ့။ အတော်သဘောကောင်းပါတယ်။ ဆေးရုံ ထဲအထိလိုက်ပို့ပေးပါတယ်။
ကားခပေးစရာမလိုပါ။ ဆေးရုံက အားလုံးတာဝန်ယူတယ်လို့ဆိုပါတယ်။ စာရွက်စာတန်းတွေကလည်း အင်တာနက်နဲ့သွားသလား၊ ဘယ်လို စင်စတန် ရှိလဲမသိ။ ကျနော်နဲ့အတူ ဘာစာရွက်မှမပေးလိုက်ပေမဲ့ ဒီဆေးရုံးမှာ ကျနော် မှတ်တန်းအကုန်ရှိနေပြီ။ စာရွက် ၃-၄ ခုပါတဲ့ ဖွိုင်တခုကိုင်ထားတဲ့ နာ့စ်လား၊ ဆေးရုံအကူလား မသိ။ (ဒီမှာက နာစ်နဲ့ ဆေးရုံအကူ ၂ မျိုးရှိပါတယ်)။ မွေးနေ့ နဲ့ အမည်ကို သေချာအောင်မေးပြီးတဲ့နောက် ၁၁ လုံးနံပတ်ပါတဲ့ ပလစတစ် လက်ပတ်ကို ကျနော်လည့်မှာ စွပ်ထည့်လိုက်ပါတယ်။
ပြီးတော့ အော်ပရေးရှင်းအတွက် စောင့်ရမဲ့အခန်းဆီပို့လိုက်ပါတယ်။ ခဏနေ တော့ ဆရာဝန်လာခေါ်ပြီး သူ့အခန်းမှာ ရောဂါအခြေအနေ အသေးစိပ်ပြန်မေး ပါတယ်။ အထူးသဖြင့် ဆေးအလဂျီရှိလား။ အရင်က ခွဲစိပ်ဖူးလား။ ဘာဆေး တွေမတည့်တာရှိလဲ။ အရက်သောက်လား၊ ဆေးလိပ်သောက်လား၊ ဒါတွေက မေးဆေးပေးတဲ့နေရာမှာ အရေးပါပုံရပါတယ်။
ဆရာဝန်မက နားကျပ်နဲ့ ဟိုနားဒီနားထောင့်၊ နာ့စ်မက သွးပေါင်ချိန်တိုင်း၊ သွေးဖောက်စစ်ပြီးတဲ့နောက် စိုးရိမ်စရာမရှိဘူး။ မနက်ဖြန်မှ အော်ပရေးရှင်း လုပ်မယ်။ အဲဒါ မင်းဒီမှာ ဆက်နေချင်လဲရတယ်၊ အိပြန်ပြီး မနက် ၁၀ နာရီမှ ပြန်လာလည်းရတယ်။ ဒါပေမဲံ မနက် ၄ နာရီနောက်ပိုင်းကစပြီး ဘာအစာမှ မစားပါနဲ့တဲံ့။
ဆေးရုံဘယ်လောက်ကောင်းကောင်း ဒီတိုင်းတော့ မနေချင်ပါဘူး။ အိမ်ပြန် တာပဲကောင်းပါတယ်ဆိုပြီး ပြန်ထွက်လာပါတယ်။ ပြိးတော့ သတိရတုန်း စက်ဘီးသွားယူမှဆိုပြီး အရေးပေါ်ဆေးရုံဆီ ဓတ်ရထားနဲ့ပြန်လာပါတယ်။ စက်ဘီးကိုယူ၊ ဘူတာကြီးဆီ ၁၀ မီနစ်လောက် စက်ဘီးကိုတွန်း။ အိမ်ပြန် အိပ်ပေါ့။
နောက်တနေ့မနက် ဆေးရုံရောက်တော့ နာစ်မတွေက ရေပတ်တိုက်ပေး၊ ဆေးရုံအ၀တ်လဲပေးနေတုန်း ဆရာဝန်ရောက်လာပါတယ်။ ဒီနေ့ အရေးပေါ် လူနာတွေများနေလို့ တရက်ထပ်စောင့်ပါတဲ့။ အင်း... ကိုယ့်အခြေအနေက သိပ်စိုးရိမ်စရာမဟုတ်တော့လဲ စောင့်ရမှာပေါ့။ အိမ်ပြန်၊ ထမင်းစားပေါ့။
ဒီလိုနဲ့ အင်္ဂါနေ့နေ့လည်ကျမှ ခွဲစိပ်ခွင့်ရခဲ့ပါတယ်။ မေ့ဆေးပေးခွဲတာဆိုတော့ ဘာမှမသိလိုက်ပါ။ မေးဆေးမပေးခင်တော့ ညာဖက်လက်မှာ ဒရင့်သွင်းဖို့ အပ် စိုက်တာ၊ လက်ဖျံပေါ် သွေးသွင်းဖို့ အပ်စိုက်တာတွေလုပ်ပါတယ်။ ဒရင့် သွင်း တာကိုသိလိုက်ပေမဲ့ သွေးသွင်းတဲ့အချိန် သတိမရတော့။ အောင်ဆီဂျင် လိုလိမ့်မယ်ဆိုပြိး နှားခေါင်းပေါ် အစွပ်ထည့်လိုက်ကတည်းက သတိမေ့ သွား တယ်နဲ့တူပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာစလိုက်တာ ၇ နာရီကျော်မှ ကျနော်သတိရပြန်ရ လာ။ ခွဲစိတ်ခန်းကနေ နားနေခန်းဆီတောင်ရောက်နေပြီ။ ဘာမှမနာတော့ စိတ်ထဲမှာ ဘာမှမဖြစ်သလိုပါပဲ။ အဲဒီအချိန်ကျမှ မုန့်၊ သစ်သီးနဲ့ အချိုရည် တွေ သောက်ခွင့်ရပါတယ်။
ခွဲပြီးကာစလူတွေ နားနေခန်းမှာတနာရီလောက်နေပြီးတော့ ကိုယ်နေရမဲ့ အခန်းဆီပို့ပေး ပါတယ်။ ပို့ပေးတယ်ဆိုတာ ကုတင်ပြောင်းစရာလို။ ကုတင် တွေအားလုံးက ဘီးပါပြီး အနိမ့်အမြင့်လုပ်နိုင်တဲ့အတွက် လိုတဲ့နေရာ တွန်း ယူသွားရုံပါပဲ။
ရေးတာ အတော်ရှည်သွားပြီ။ အဲဒီအခန်းမှာ ၂ ရက်နေပြီးတဲ့နောက် မနေ့က နေ့လည်မှာ ဆေးရုံကပြန်ဆင်းလာပါတယ်။ စဖြစ်စဉ်ကနေ မနေ့ကအထိ လက်တဖက်တည်းနဲ့ စာရိုက်နေရပေမဲ့ ဒီနေ့တော့ ကျိုးတဲ့လက်နဲ့စမ်းရိုက် ကြည့်နေပါပြီ။ ဒါဟာ လက်အတွက် လေ့ကျင့်ခန်းလဲဖြစ်ပါတယ်။

ဒီမှာက နိုင်ငံသားအားလုံး ဆေးဝါးကုသခွင့် အခမဲ့ ရတဲ့အတွက် ဘာမှတော့ ပေးစရာမလိုပါ။ ဘတ်စကားစိးပြိးဆေးရုံတက်။ ဆေးရုံပေါ်ရောက်တော့ ကိုယ့် အ၀တ်ကိုချွတ်၊ ဆေးရုံအ၀တ်ကိုစွပ်၊ ဆေးရုံကကျွေးတာကိုစား၊ (အစား အသောက်လည်း အတော်ကောင်းပါတယ်။ Menu နဲ့ မှားစားလို့ရပါတယ်)။ ပြီးတော့ ကိုယ့်အ၀တ်ကိုယ်ပြန်ဝတ်ပြီး ဘတ်စ်ကားနဲ့ပဲ ဆေးရုံက ပြန်ဆင်း လာခဲ့ပေါ့။ 
သြော်။ အရေးကြီးတာ ပြောဖို့ကျန်ခဲ့ပြီ။ အဲဒါကတာ့ စက်ဘီးလဲရင် ဘယ်တော့ မှလက်မထောက်ပါနဲ့။ ဒီတိုင်းသာလဲချလိုက်ပါ ဘာမှမဖြစ်ပါဘူး။ လွန်လှကျွံလှ ပွန်းပဲရုံပေါ့။ အခုတော့ လက်ထောက်မိလို့ ဒီလိုဖြစ်သွားရတာပါ။ ဒါကြောင့် စက်ဘီးသမားမှန်ရင် ဘယ်တော့မှ လက်မထောက်ပါနဲ့...။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More