Saturday, April 30, 2016

La Flèche Wallonne ပွဲ Alejandro Valverde အနိုင်ရ...။

La Flèche Wallonne ပွဲ Alejandro Valverde အနိုင်ရ...။
...
ဗုဒ္ဒဟူးနေ့ (ဧပြီလ ၂၀ ရက်နေ့) က ဘလဂျီယံမှာကျင်းပခဲ့တဲ့ La Flèche Wallonne နွေဦးအထူးပွဲ ၁၉၆ ကီလိုမီတာပြိုင်ပွဲမှာ Alejandro Valverde (Spa) Movistar Team က 4:43:57 နာရီနဲ့ ပမထ ရသွားပါတယ်။
အရင်ဆုံးအရှိန်တင်တဲ့ Daniel Martin (Irl) Etixx - Quick-Step က တတိယ ဖြစ်သွားပြီး သူရဲ့အသင်းဖေါ် Julian Alaphilippe (Fra) Etixx - Quick-Step က ဒုတိယရသွားပါတယ်။

ဒီနေ့ပွဲအပြီး ၁-၁၀ ရသွားသူတွေကတော့...
2016 La Flèche Wallonne - Top 10
# Rider Name (Country) Team Result
1 Alejandro Valverde (Spa) Movistar Team 4:43:57 
2 Julian Alaphilippe (Fra) Etixx - Quick-Step 
3 Daniel Martin (Irl) Etixx - Quick-Step 
4 Wouter Poels (Ned) Team Sky 0:00:04 
5 Enrico Gasparotto (Ita) Wanty - Groupe Gobert 0:00:05 
6 Samuel Sánchez Gonzalez (Spa) BMC Racing Team 
7 Michael Albasini (Swi) Orica-GreenEdge 
8 Diego Ulissi (Ita) Lampre - Merida 
9 Warren Barguil (Fra) Team Giant-Alpecin 
10 Rui Costa (Por) Lampre - Merida တို့ဖြစ်ပါတယ်။
ဆေးရုံတက်နေရင်းနဲ့ အဲဒီပွဲကိုကြည့်ခွင့်ရလိုက်ပါတယ်။ ရှေ့ပြေးအဖွဲ့တွေ တဥိးပြီးတဦး၊ တဖွဲ့ပြီးတဖွဲ့ပြေးနေတဲ့အတွက် အုပ်စု Peloton ထဲကလူတွေ ပထမ ရလိမ့်မယ်လို့ ထင်ဖို့မလွယ်ပါ။
အချိန်အကြာကြီးရှေ့မှာပြေးနေတဲ့အုပ်စုကိုမိပြီးတဲ့နောက် ပန်းဝင်ဖို့ ၁၅ ကီလိုခန့်အလိုမှာမှ ၃ ဦးပါအဖွဲ့တခု ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့မှာ Movistar က တဦးပါပြီး သူ့ကိုကြည့်ရတာ ရှေ့ရောက်ဖို့ စီးနေတာမျီုးမဟုတ်ပဲ အခြား ၂ ဦးထွက်ပြေးမသွားနိုင်အောက် ဖမ်းထားတဲ့ သဘော၊ အရှိန်ပြန်ကျအောင်ဆွဲချထားတဲ့သဘောမျီုးသာတွေ့နေရပါတယ်။

တခါ သူတို့ ၃ ဦးနောက်မှာ နောက်ထပ် ၆ ဦးပါ နောက်လိုက်အဖွဲ့တခု ထွက် ပြေးလွတ်မြောက်လာပါသေးတယ်။ အဲဒီအဖွဲ့မှာလည်း Movistar က တဦး ပါလာပြန်ပါတယ်။ သူဟာလဲ ရှေ့ကပဂ္ဂိုလ်လိုပဲ ရှေ့သွားဖို့မစိးပဲ ဆွဲချဖို့စီးနေ တာမျိုးကိုသာတွေ့နေရပါတယ်။
ဆိုလိုတာက အုပ်စု Peloton ထဲမှာကျန်နေတဲ့ (မြှုပ်ထားတဲ့) သူတိုရဲ့အသင်း ခေါင်းဆောင် ဒီပွဲမှာ ပထမ ရစေဖို့ ဗျုဟာကျကျစီးနေတာဖြစ်ပါတယ်။ ပန်းဝင်ဖို့ ၅ ကိလိုလောက်အလိုမှာတော့ အနောက်အုပ်စုကို ပလတွန်က မိသွားပါတယ်။ ဒါပေမဲ့ ရှေ့ပြေး ၃ ဦးက ပန်းဝင်ဖို့ ၃ ကိလိုအလိုအထိ စက္ကန့် ၂၀ ကျော်အထိဖြတ်ပြီး ပြေးလို့ကောင်းတုန်း။
မမိနိုင်တော့ဘူးလို့ထင်ထားရာကနေ ဘယ်လိုမိသွားမှန်းမသိပါ။ နောက်ဆုံး ပန်းအ၀င်မှာ မြင့်မားတဲ့တောင်ကုန်းခံနေတာကြောင့်လဲဖြစ်နိုင်ပါတယ်။ ပန်းဝင်ဖို့ တကီလိုအတွင်းမှာမှ မိသွားတာဖြစ်ပြီး ပွဲရဲ့အခြေအနေ ချက်ချင်း ပြောင်းသွားပါတယ်။

ကီလို ၂၀၀ ခန့်မောပန်းစွားစီးလာသူတွေအနေနဲ့ ၂၄ ဒီဂရီမြင့်တဲ့တောင်ကို တက်ပြီး ပန်းဝင်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့ Alejandro Valverde (Spa) Movistar Team ဟာ ဒီလိုပွဲမျိုးအတွက် အသေအချာလေ့ကျင့်ထား ပုံရပါတယ်။ Hay လိုခေါ်တဲ့ ဒီပန်းဝင်တောင်ကုန်းဟာ Tour de France ပွဲ တွေမှာလဲ ပါနေကြမို့ အသစ်အဆန်းတော့မဟုတ်ပါဘူး။
ဒါဟာ Alejandro Valverde (Spa) အတွက် ၄ ကြိမ်မြောက် အောင်ပွဲဖြစ် တဲ့အတွက် စံချိန်သစ်တင်နိုင်ခဲ့ပါပြီ။ လာမဲ့ တနင်္ဂနွေ Liège-Bastogne-Liège ပွဲမှာလည်း သူခြေစွမ်းပြဦးမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ဒီပွဲတွေ ဟာ လေ့ကျင့်ရေးအတွက်သာဖြစ်ပြီး သူရဲ့ အဓိကဦးတည်ချက်ကတော့ မေလ ၆ ၇က်ကနေ ၂၉ ရက်နေ့အထိကျင်းပမဲ့ ၂၁ ရက်တာ အီတလီမှာကျင်းပမဲ့ Grand Tour Giro d'Italia ပွဲသာဖြစ်တယ်လို့ Alejandro ကပြောဆိုထားပါ တယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More