Friday, April 15, 2016

၂၀၁၇ မှာ ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမား ပေါ်လာတော့မလား...။

၂၀၁၇ မှာ ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမား ပေါ်လာတော့မလား...။
...
ဆလိုဗက်ကီးယားနိုင်ငံသား အသက် ၂၆ နှစ်အရွယ် ကမ္ဘာ့ချန်ပီယံ Peter Sagan ပီတာ ဆာဂန်ဟာ တနှစ်အတွက် ယူရို ၄ သန်းနဲ့ ၂၀၁၇ အထိ Tinkoff အသင်းနဲ့ စာချုပ်ရှိပါတယ်။ ဒါပေမဲ့ အသင်းပိုင်ရှင် Tinkoff အသင်းက ၂၀၁၆ အကုန်မှာ အသင်းကိုရောင်းထုတ် တော့မယ်လို့ပြောထားတဲ့အတွက် ဆာဂန်ကို ဘယ်အသင်းက ၀ယ်မလဲဆို တာဟာ အခုတလော လူစိတ်ဝင်စားမှု အများဆုံး သတင်းတပုဒ်ဖြစ်လာနေပါတယ်။

အီတလီနိုင်ငံ မီလန်မြို့ကနေ ဒီနေ့ရရှိတဲ့ (VN) velonews သတင်းအရဆိုရင် six-million-euro man သို့မဟုတ် $ 6.77 million အထိ ၂၀၁၇ မှာ ဆာဂန် ရနိုင်တယ်လို့်ဖေါ်ပြထားပါတယ်။
ဒါဟာ လက်ရှိ Tour de France နှစ်ကြိမ် ချန်ပီယံ Chris Froome စကိုင်း အသင်းနဲ့ ဇန်နာဝါရီက စာချုပ်ထပ်ချုပ်တဲ့ 4 million pounds ($5.65 million)၊ တခါ တာ တိုဘုရင် top sprinter Mark Cavendish ကားဗစ်ဒစ် Dimension Data အသင်းနဲ့စာချုပ်ချုပ်တဲ့ 2 million euros ($2.25 million) တွေကို စံချိန်ချိုး သွားတာဖြစ်ပါတယ်။
ဆာဂန်ကို ၂၀၁၇ မှာ ယူရွန် ၆ သန်းပေးပြီး ငှားဖို့ပြင်နေတဲ့အသင်းကတော့ လက်ရှိ ကာစီး လာလားစီးနေတဲ့ Trek – Segafredo အသင်းဖြစ်ပါတယ်။ ကာစီးလာလားဟာ ဒီနှစ်ကုန်မှာ နားတော့မှာဖြစ်တဲ့အတွက် သူနေရာအတွက် လူလိုနေပါတယ်။ "ငွေအများကြီးသူတောင်း ထားတယ်၊ ဘယ်လောက်လဲ ဆိုတာတော့ အတည်ပြုချက်မပေးနိုင်သေးဘူး" လို့ Trek – Segafredo manager Luca Guercilena က VeloNews ကိုပြောပါတယ်။
6 million euros ဆိုတာဖြစ်နိုင်လားဆိုပြိး ထပ်မေးတဲ့အခါမှာတော့ “The amount is more or less that.” လို့ မန်နေဂျာကဖြေပါတယ်။ Trek – Segafredo အသင်းဟာ grand tour အတွက် Vincenzo Nibali ကိုလည်း ၀ယ်ဖို့ကြိုးစားနေပါတယ်။ ဒါပေမဲ့ နီဘာလီဟာ ဥရောပအသင်းထက် ဘာရိန်း မှာအသစ်ဖွဲ့မဲ့အသင်းပေါ် ပိုစိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ 
Trek – Segafredo နဲ့အတူ ဆာဂန်ကို ယူရွန် ၆ သန်းပေးပြီး ငှားချင်နေတဲ့ အသင်းတွေ ကတော့ Etixx – Quick-Step, BMC Racing, နဲ့ Giant – Alpecin တို့ဖြစ်ပါတယ်။ 
တကယ်တန်းပြောမယ်ဆိုရင်တော့ Sagan ဟာ Tour de France ကို တခါမှ မနိုင်ဘူးသေး ပါဘူး။ တခါ Cavendish လို 26 stage နိုင်တာမျိုးလဲ မရှိသေးပါဘူး။ ဒါပေမဲ့ အစိမ်းရောင် အကျီကို ၃ နှစ်ဆက်တိုက်ရထားသလို မနှစ်က နှစ်ကုန်ခါနီးမှာ ကမ္ဘာချန်ပီယံဆုရခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း Gent-Wevelgem နဲ့ Flunder တွေမှာ အောင်ပွဲရခဲ့ပါတယ်။
ပြီးတော့ သူဟာ တခြားစက်ဘီးသမားတွေထက် တမူထူးနေပြီး လူစိတ်ဝင်စားမှု အများဆုံး ရနေတဲ့ စက်ဘီးသမားတဦးဖြစ်နေပါတယ်။ သူဟာ လူတွေကို စက်ဘီးနဲ့ ဖျော်ဖြေရေး entertain လုပ်နိုင်ခဲ့ပါတယ်။ ပန်းအ၀င်မှာ ရှေ့ဘီးကို ထောင်ပြီး စီးပြတဲ့အပြင် အခုဆိုရင် (ကာစီးလာလားလဲပြိုချိန်မှာ) နောက်ဘီးကိုပါ ထောင်ပြီးစီးပြတဲ့အထိတိုးတက်လာ နေပြီ၊ ဒါကြောင့် သူ့ကို ငှားထားနိုင်မယ်ဆိုရင် a win-win scenario ပါပဲလို့ စက်ဘီးသတင်းသမား တွေကပြောပါတယ်။

ဆာဂန်ရဲ့ ပုံရိပ်ဟာ လူကြိုက်သိပ်များနေတဲ့အတွက် ဒီလောက်များတဲ့ ငွေနဲ့ ဈေးကွက်ထဲသွား နိုင်ပါတယ်။ တကယ်ဆိုရင် A grand tour rider (၂၁ ရက် တာပွဲစီးသူတွေ) တယောက်ဟာ တလတာပဲ လူထုကြားရှိနေနိုင်ပါတယ်။ ဒါပေမဲ့ a classics rider ကျတော့ ဖေဖေါ်ဝါရီ ကနေစပြိး grand tour ရာသီအပါဝင် တနှစ်လုံးနီးပါး လူကြားမှာရှိနေပါတယ်။ ဒါကြောင့် ဒီငွေပမဏကို သူရသင့်ပါတယ်လို့ သူတို့ကဆိုပါတယ်။
တကယ်တော့ ဒီနှစ်ကုန်မှာ အသင်းပြောင်းပြီး ဈေးကွက်သစ်ထဲဝင်ရမဲ့သူဟာ ဆာဂန် တဦးတည်းတော့မဟုတ်ပါဘူး။ Geraint Thomas (Sky), Greg Van Avermaet (BMC Racing), Sep Vanmarcke (LottoNL – Jumbo), John Degenkolb (Giant – Alpecin), နဲ့ Edvald Boasson Hagen (Dimension Data) တို့ဟာလည်း ၂၀၁၇ အတွက် ဈေးကွက်ရှာနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆာဂန်သာ ယူရွန် ၆ သန်းနဲ့ဈေးတည့်ရင် ကမ္ဘာ့စက်ဘီးဈေး ကွက်မှာ စံချိန်သစ်တင်စေတော့မှာဖြစ်ပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More