Wednesday, April 6, 2016

Scheldeprijs ပွဲ Kittel အနိုင်ရ...။

Scheldeprijs ပွဲ Kittel အနိုင်ရ...။
...
ဘလဂျီယံရဲ့ နောက်ဆုံး Spring Classics လို့ယူဆရတဲ့ Scheldeprijs ၂၀၈ ကီလိုမီတာပြိုင်ပွဲမှာ Marcel Kittel (Ger) Etixx - Quick-Step က 4:54:05 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ မနှစ်က ပထမ ရထားသူ Mark Cavendish (GBr) Dimension Data က နှာတဖျားနောက်ကျပြီး ဒုတိယနဲ့ André Greipel (Ger) Lotto Soudal က တတိယ ရပါတယ်။ ဒီ ၃ ဦးစလုံးဟာ တကယ့် နာမည်ကြီး Sprinter တွေမို့ ပန်းဝင်စည်းရောက်ခါနီး မီတာ ၂၀၀ လောက်ဟာ တကယ်ကိုအကြိတ်အနယ်ပါ။
ပန်ဝင်းဖို့ မီတာ ၂၀၀ လောက်အလိုမှာကတည်းက Kittel ကအရှိန်တင်ပေမဲ့ Cavendish က အသာစောင့်နေပြီး မီတာ ၁၀၀ အလိုမှ ကပ်တီးပါတယ်။ ဒါပေမဲ့ Kittel ကိုပြတ်အောင် မဖြတ်နိုင်တဲ့အတွက် ဒုတိယ နဲ့ကျေနပ်လိုက်ရ ပါတယ်။
# Rider Name (Country) Team Result
1 Marcel Kittel (Ger) Etixx - Quick-Step 4:54:05 
2 Mark Cavendish (GBr) Dimension Data 
3 André Greipel (Ger) Lotto Soudal 
4 Edward Theuns (Bel) Trek-Segafredo 
5 Niccolo Bonifazio (Ita) Trek-Segafredo 
6 Danny Van Poppel (Ned) Team Sky 
7 Nikias Arndt (Ger) Team Giant-Alpecin 
8 Wouter Wippert (Ned) Cannondale Pro Cycling 
9 Dylan Groenewegen (Ned) Team LottoNl-Jumbo 
10 Daniel Mclay (GBr) Fortuneo - Vital Concept

အင်း...ထုံးစံအတိုင်း ဒီပွဲမှာ လူစိဝင်စားမှုအများဆုံးခံရတဲ့ ပုဂ္ဂိုလ်ကတော့ ကျနော်တို့ရဲ့ဇတ်လိုက်ကြီး ပီတာဆာဂန်ပါပဲ။ ပြိးခဲ့တဲ့ တနင်္ဂနွေကမှ ပူပူနွေး နွေး Tour of Flanders မှာ ပထမ ရထားတာကြောင့် ဘလဂျီယံလူငယ်တွေ က သူ့ဘေးမှာဝိုင်းပြီး အော်တော်ရေးခိုင်းနေတာ တာထွက်ချိန်တောင် နောက် ကျတော့မလိုလိုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
သူရဲ့ပြိုင်ဖက် ကာစီးလာလားလဲ ဒီပွဲမှာ ၀င်စီးခဲ့ပါတယ်။ ဒါပေမဲ့ ဆာဂန်ဟာ လာမဲ့တနင်္ဂနွေမှာကျင်းပမဲ့ Paris-Roubaix ပွဲကို အဓိကထားတာကြောင့် ပန်းဝင်ခါနီး ကီလို ၁၀ ကိလိုလောက်အလိုမှ ပွဲကနေ ထွက်သွားတယ်လို့ သိရပါတယ်။ ဆိုလိုတာက ဒီပွဲကို သွေးပူအဖြစ်သာစီးတာကြောင့် ပန်းအ၀င် မှာ အကြိတ်အနယ်ပြိုင်ရင် အားကုန်မှာရယ်၊ တခုခုလဲချော်မှာကိုစိုးတာ ကြောင့် အခုလို ထွက်သွားတာပါ။

ဆာဂန်အပါဝင် ဒီနေ့ပွဲမှာဝင်ပြိုင်သူအားလုံးနီးပါးဟာ နာမည်အကြီးဆုံး (Tour of Flanders အပြိုင်) Spring Classics ဖြစ်တဲ့ Paris-Roubaix ကို တနင်္ဂ နွေနေ့မှာ ၀င်နွဲကြမှာပါ။ ။
.....

...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More