Giro d'Italia ပွဲ ၂၀ ရက်နေ့ တောင်တက်ပွဲ Lives စီးနေပါပြီ...။
...
အီတလီနိုင်ငံမှာ ၂၁ ရက်တာကျင်းပနေတဲ့ Giro d'Italia ပွဲ ၂၀ ရက်နေ့ (Guillestre - ကနေ Sant’Anna di Vinadio အထိ) 134 km မဟာတောင် တင်ပြိုင်ပွဲကို ဒေသစံတော်ချိန် တနာရီမှာ စတင်နေပါပြီ။ အခု စက်ဘီး သမားတွေ တာမထွက်ခင် လက်မှတ်ထိုးတာ၊ နေရာယူတာလုပ်ခဲ့ကြပါတယ်။
ဒီနေ့ပွဲဟာ ၂၁ ရက်ပေါင်း ဘယ်သူ ပထမ ပန်းရောင်အကျီရမလဲဆိုတာကို ဆုံး ဖြတ်ပေးမဲ့ပွဲဖြစ်တာကြောင့် အတော်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ၂၁ ရက် တာပွဲမှာ ပထမ ရဖို့ဆိုတာ ခြေကောင်းရုံတခုတည်းနဲ့မဖြစ်ပါဘူး။ ကံလည်း ကောင်းဖို့လိုပါသေးတယ်။
ပြီးတော့ အသင်းဖေါ်တွေရဲ့ ဖေးမမှု၊ ဘယ်အချိန်မှာလေဟုန်စီးပြီး ဘယ်အချိန် မှာ အပြတ်တိုက်မလဲဆိုတဲ့ အဆုံးအဖြတ်မှန်ကန်မှု၊ ရာသီဥတုနဲ့လိုက်လျော ညီထွေရှိမှု၊ အတ္တီကျုမြင့်တဲ့ (ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၈၀၀၀ တောင် တွေဟာ တိမ်လွှာအပေါ်ရောက်နေပြီဖြစ်လို့ လေ့ကျင့်မှုမရှိရင် အောင်စီဂျင် နည်းပြီး အသက်ရှုမ၀တဲ့ ဝေဒနာခံရတတ်ပါတယ်) တောင်တွေပေါ် လေ့ကျင့် ထားဖို့လဲလိုပါတယ်။
ဒီနေ့ပွဲဟာ တာတိုဘုရင်တွေအတွက်တော့ လုံးဝမျှော်လင့်ချက်မရှိပါ။ ဘာ ကြောင့်လဲဆို မြေပြန့်လုံးဝမရှိပဲ တာလွတ်တာနဲ့စပြိး ပေ ၆၀၀၀ မြင့်တဲ့ တောင် ကို စတက်ရမှာပါ။ ပြီးရင် ၈၀၀၀ မြင့်တဲ့ အဓိက တောင်ကို တက်ရပါလိမ့်မယ်။ အဲဒီတောင်ပြီးရင်တော့ ပန်းဝင်တောင်မရောင်ခင် နောက်ထပ် ၈၀၀၀ မြင့်တဲ့ တောင်နဲ့ အဲဒီကအဆင်းမှာ ပန်းဝင်တောင်ကိုတက်ရမှာဖြစ်ပါတယ်။
တောင်တက်ပွဲဆိုပေမဲ့ တောင်တက်တတ်ရုံနဲ့မဖြစ်သေး။ တောင်ဆင်းမှာ အရှိန်ထိမ်းတတ်ဖို့၊ အစာစားချိန်၊ ရေသောက်ချိန်နဲ့ အကွေ့အကောက်တွေကို တွက်ဆတတ်ဖို့လဲ လိုပါသေးတယ်။ နို့မို့ရင် မနေ့ဖြစ်ခဲ့တဲ့ Kruijswijk လို တောင်တက်မှာ သူများကိုမီအောင်လိုက်နိုင်ပေမဲ့ တောင်အဆင်းမှာ အကွေ့ အကောက်ကို သတိမထားမိပဲ အစာစားမိလို့၊ ရေဗူးကိုင်မိလို့ မတော်တဆ ချော်လှရာကနေ တဦးတည်းပြတ်ကျန်ခဲ့တာမျိုးဖြစ်သွားနိုင်ပါတယ်။
ကဲ...။ ဒီနေ့ ဘယ်သူရနိုင်မလဲ...။ မနေ့ကလိုပဲ GC သမားတွေ တဦးချင်း စီးချင်းထိုးရမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ပထမ တောင်အတက်မှာ တင် သူတို့ခြေစွမ်းကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ စာရေးသူရဲ့ မှန်းချက်ကတော့ ပထမ တောင်မှာ မပြတ်ပဲ ဒုတိယတောင်ထိပ်မရောက်ခင်မှာ အပြတ်တွယ် ကြမယ်လို့ထင်ပါတယ်။
လက်ရှိပန်းရောင်ရှင် ချားဗစ်ပဲ ဆက်ထိမ်းထားနိုင်မလား။ ၄၀ စက္ကန့်အလိုနဲ့ ဒုတိယနေရာမှာရှိနေသူ နီဘာလီပဲ မနေ့ကလို ခြေစွမ်းပြပြီး ပန်းရောင်ကို လုယူသွားနိုင်မလား။ မနေ့ကချော်လဲလို့ ဒုက္ခများသွားပြီး ပထမကနေ တတိယဖြစ်သွားသူ Kruijswijk ကပဲ တမီနစ်ကျော် ပြန်ဖြတ်နိုင်ပြီး မကျေပွဲ ထပ်နွဲနိုင်မလား။
ဒါမှမဟုတ် သူတို့ ၃ ဦးနောက်မှာလက်လိုက်နေတဲ့ Valverde၊ Majka နဲ့ အူရန်းတို့က တန်ပြန်တိုက်ခိုက်လေမလား။ ဒီနေ့ပွဲကတော့ ကြည့်ကောင်း မှာအသေချာပဲဖြစ်ပါတယ်။ ။
(ဒီပွဲကို Eurosport TV ကနေ Lives ပြပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသစံ တော်ချိန် ၂ နာရီခွဲမှာပြမှာမို့ အဲဒီမတိုင်မီ ထူးခြားချက်တွေကို ဒီနေရာမှာ တင်ပြပေးသွားမှာဖြစ်ပါတယ်)။
ဒေသစံတော်ချိန်ဆိုလို့ သတိရတုန်းတခုတင်ပြချင်တာက စာဖတ်သူတွေ မြေပုံကို အသေချာ ကြည့်မိကြပါသလား။ မနေ့ကရော၊ ဒီနေ့မှာပါ ပြင်သစ် အလံနဲ့ အီတလီအလံကိုတွေ့ရပါလိမ့်မယ်။ ဆိုလိုတာက သတင်းတခုထဲမှာ မနေ့ကစီးခဲ့တဲ့တောင်တွေဟာ Tour de France တုန်းကစီးခဲ့တဲ့လမ်းကြောင်း လို့ပါ ပါတယ်။ အဓိပါယ်က အဲဒီလမ်းဟာ အီတလီမှာမဟုတ်ပဲ ပြင်သစ်နယ် ထဲမှာပါ။
မြန်မာနိုင်ငံမှာတော့ တခြားနိုင်ငံကိုသွားရင် နယ်စပ်မျဉ်းတွေ၊ ဗီဇာတွေလို နိုင်တာကြောင့် နယ်စပ်ဖြတ်စက်ဘီးပွဲလုပ်ရင်ဖြစ်ပါ့မလားမသိပါ။ အခုတော့ နယ်စပ်ဖြတ်တာ နယ်စပ်မှန်းတောင်မသိလိုက်ပါ။ စက်ဘီးသမားတွေကိုလည်း ဘယ်သူကမှ ဗီဇာစစ်နေတာမတွေ့မိပါ။ ပြင်သစ်နယ်ထဲကနေ တာထွက်ပြီး အီတလီထဲ ပန်းဝင်မှာဖြစ်ပါကြောင်း...။ ။
...
လက်ရှိ GC သမား ၁၀ ဦးနဲ့ အချိန်အကွာအဝေးတွေကတော့...
Here's how things stand after 19 stages
1 Esteban Chaves (Col) Orica-GreenEdge 78:14:20
2 Vincenzo Nibali (Ita) Astana Pro Team 0:00:44
3 Steven Kruijswijk (Ned) Team LottoNl-Jumbo 0:01:05
4 Alejandro Valverde (Spa) Movistar Team 0:01:48
5 Rafal Majka (Pol) Tinkoff Team 0:03:59
6 Bob Jungels (Lux) Etixx - Quick-Step 0:07:53
7 Andrey Amador (CRc) Movistar Team 0:09:34
8 Rigoberto Uran (Col) Cannondale Pro Cycling 0:12:18
9 Kanstantsin Siutsou (Blr) Dimension Data 0:13:19
10 Domenico Pozzovivo (Ita) AG2R La Mondiale 0:14:11 တို့ဖြစ်ပါတယ်။
...
တာထွက်ပြီး မီနစ် ၃၀ အတွင်း ၈ ဦးပါ Breakaway တခု စပေါ်လာ။ Mikel Nieve (Team Sky), Joe Dombrowski (Cannondale), Stefan Denifl (IAM), Tanel Kangert (Astana), Damiano Cunego (Nippo Vini Fantini), Giovanni Visconti (Movistar), Darwin Atapuma (BMC), Gianluca Brambilla (Etixx-QuickStep).
Mikel Nieve (Team Sky) ဟာ မနေ့ကပွဲမှာ ဒုတိယ ရသူဖြစ်ပေမဲ့ GC အတွက် ငြိမ်းခြောက် မှုမရှိတာကြောင့် ဒီအုပ်စုကို Peloton က ဆက်လွတ်ပေးဘွယ်ရှိ။ ဒါပေမဲ့ အာစတာနာက ရှေ့ပြေးထဲပါသွားသူတွေကို ပြန်ခေါ်လိုက်တာက ထူးခြားနေ...။
....
တနာရီနီးပါးစီးပြီးချိန်မှာ ရှေ့ပြေး ၈ ဦးဟာ Peloton ကို ၅ မီနစ်ကျော်အထိ ဖြတ်ထားနိုင်ပြီ လို့သိရ။ အခု ပထမတောင်ကျော်လို့ ကုန်းဆင်းကိုရောက်နေပါပြီ။ GC ဆရာတွေကြား တိုက် ခိုက်မှုမရှိသေးပါ။
ရှေ့ပိုင်းမှာတခုမှားသွားတာက အာစတနာအသင်းက အသင်းသားတွေကိုပြန်ခေါ်တယ်ဆို တာအားလုံးကိုခေါ်ခြင်းမဟုတ်ပဲ အခု ၈ ဦးမှာ အာစတာမှ Tanel Kangert (Astana) ပါသွား ကြောင်းသိရ။ ဒါအပြင် မူဘီစတားကလည်း တဦးပါတာမို့ မနေ့ကလို ရှေ့ကနေပြေးပြိး သူတို့အသင်းခေါင်းဆောင်ကို ပြန်ကြိုဘွယ်ရှိ။ မနေ့ကပွဲမှာ အာစတာနာအသင်းဖေါ် Michele Scarponi ကူလို့ နီဘာလီ စံချိန်တက်လာပြီး တခြားပြိုင်ဖက်တွေကို ဖြတ်ထားနိုင်တာက သက်သေပြနေပါတယ်။
....
Eurosport TV က Lives ပြနေပါပြီ။ ရှေ့ပြေးအဖွဲ့ဟာ ၈ ဦးမကပဲ ၁၀ လောက်တောင်ရှိ မလားပဲ။ Gap ကလည်း ၅ မနစ်မကပဲ ၈ မီနစ်နီးနီးရှိနေပါပြီ။ ရှေ့ပြေးခေါင်းဆောင် (မနေ့က ဒုတိယရသူ) Mikel Nieve (Team Sky) ဟာ GC ပထမ နဲ့ ၈ မီနစ်ကျော်သာပြတ်တာမို့ သူ့ကို မိအောင်မဖမ်းနိုင်ရင် GC ဆရာကြီးတွေ ပြသာနာရှိနိုင်ပါတယ်။ ဒါကြောင့် ၈ မီနစ် ထက်ပိုမလွတ်ပေးပဲ ပြန်လိုက်ဖမ်းလိမ့်မယ်ဟု ယူဆရ။
....
ပန်းဝင်ဖို့ ၈၈ ကီလိုအလိုမှာ Mikel Nieve (Team Sky) တကို်ယ်တော် ထွက်ပြေးနေ၊ Peloton ကို ၈ မီနစ် ၇ စက္ကန့်အထိပြတ်သွားပြီဖြစ်။ သူ့နောက်မှာတော့ တခြား ၉ ဦးက တမီနစ်နီးပါး အပြတ်နဲ့လိုက်နေ။ ပန်းဝင်တဲ့အထိ ၈ မီနစ်ပြတ်သွားရင် လက်ရှိ GC ဆရာ တွေသေပြီ။ ဒါကြောင့် မကြာခင် အရှိန်တင်ပြီလိုက်မယ်ဟု ယူဆရ။ ။
...
ပထမ ပြေးနေသူ Mikel Nieve (Team Sky) နဲ့ GC ဆရာကြီးတွေအကြား Gap က ၈ မီနစ် သာရှိတယ်လို့ပြောဆိုမှုအတွက်တောင်းပန်။ တကယ်က တနာရီနဲ့ ၈ မီနစ်ကွာပါတယ်။ ဒါကြောင့် ဆက်လွတ်ပေးထားဖွယ်ရှိပါတယ်။
အခုပန်းဝင်ဖို့ ၇၅ ကီလိုအကျန်။ ရှေ့ပြေးသမား တမီနစ်လွတ်နေဆဲ၊ နောက်ကလိုက်တဲ့ ၉ ဦး တစစီပြိုကွဲ။ ၂ ဦး တဖွဲ့၊ ၃ ဦးတဖွဲ့နဲ့ ၄ ဦးတဖွဲ့ဖြစ်နေ။ GC ဆရာကြီးတွေပါတဲ့ Pelton က ဒုတိယ တောင်ခြေကိုစတက်နေပါပြီ။ တောင်ထိပ်နားရောက်ရင် တိုက်ခိုက်မှုဖြစ်မယ်ဟု ယူဆ။ မနေ့ကတောင်တွေလိုပဲ ဆီးနှင်းတွေခဲနေဆဲ...။
...
ပန်းဝင်ဖို့ ကီလို ၅၀ ၀န်းကျင်ပဲ ကျန်ပါတော့တယ်။ ဒုတိယ တောင်ကိုဆင်းနေပါပြီ။ ရှေ့ပြေးတဦးကို နောက်လိုက် ၆ ဦးကမိဖို့ စက္ကန့် ၂၀ ခန့်သာကျန်။ ပန်းရောင်အုပ်စုက ၉ မီနစ် ပြတ်နေဆဲ...။ အခုထိ ကြီးမားတဲ့တိုက်ခိုက်မှုမရှိသေး။ ကုန်းဆင်းကို သတိထားဆင်းနေကြ။ ဒါကြောင့် ပန်းဝင်တောင်မရောက်ခင် နောက်ဆုံးတောင်ကျမှ ကြီးမားတဲ့ တိုက်ခိုက်မှုဖြစ်လာ မယ်ဟု ယူဆရ...။
....
ပန်းဝင်ဖို့ ၂၅ ကီလိုဝန်းကျင်ပဲလိုပါတော့တယ်။ ရှေ့ပြေးအဖွဲ့ပြန်ပေါင်း-ပြန်ခွဲပြီး ၃ ဦးပါအဖွဲ့တခု က ၁၀ မီနစ်ကျာ်အပြတ်နဲ့ပြေးနေ။ အဲဒီနောက်မှာ နောက် ၅ ဦးကလိုက်နေ။ ပန်းရောင်အဖွဲ့က ၁၁ မီနစ်နီးပါးပြတ်နေဆဲ။ အခု ပန်းဝင်တောင်မရောက်ခင် နောက်ဆုံးတောင်ကို စတက်နေပြီ ဖြစ်တဲ့အတွက် မကြာခင် (တောင်ထိပ်ရောက်ဖို့ ၅ ကီလိုဝန်းကျင်) ကြီးမားတဲ့တိုက်ခိုက်မှု GC အတွင်း ပေါ်လာမယ်ဟု ယူဆရ...။
...
ပန်းဝင်ဖို့ ၁၅ ကီလိုကျော်သာကျန်။ ရှေ့ပြေး ၂ ဖွဲ့ပြန်ပေါင်းမိပြီး ၅ ဦးဖြစ်သွား။ ပန်းရောင်ကို ၉ မီနစ်အထိပြတ်နေဆဲ။ ပန်းရောင်အတွင်း တိုက်ခိုက်မှုလုပ်ဖို့ပြင်နေတဲ့ လက်ခဏတွေ စတွေ့ လာရ...။ အာစတာနာ နောက်ဆုံးလူအသားကုန်းဆွဲနေပြီး နီဘာလီကပ်လိုက်နေ။ အားလုံး ၈ ဦးပဲပါလာပြီး ကျန်လူတွေပြတ်ကုန်ပြီ။ ရှေ့ဆုံးလူ အားကုန်တာနဲ့ နီဘာလီ ထွက်ပြေးမဲ့ သဘောရှိ။ ချားဗစ်အတော်ကုန်နေတဲ့ပုံမျိုးဖြစ်နေ။
...
ထင်တဲ့အတိုင်းပါပဲ။ ပန်းဝင်ဖို့ ၁၂ ကိလိုအလို၊ တောင်ထိပ်ရောက်ဖို့ ၄ ကီလိုအလိုမှာ နီဘာလီ စတိုက်ပြီ။ ချားဗစ်နဲ့ မူဘီးစတားဆရာကြီး ပထမပိုင်းမှာ ကပ်နိုင်ပေမဲ့ အခု ပြတ်သွားပြီ။ နီဘာလီ အပြတ်ကျဲမဲ့သေဘာရှိ...။
...
အသင်းလိုက်စိတ်ဓာတ်...။
...
နီဘာလီ တကို်ယ်တော်ထွက်ပြေးချိန်မှာ ရှေ့ပြေးအုပ်စုကနေ ကျန်ခဲ့တဲ့အသင်းဖေါ်တဥိးက အဆင့်သင့်ရှေ့မှာကြိုနေ...။ မူဘီးစတားကလည်း တဦးတွေ့ပေမဲ့ သူ့ဆရာကိုပြန်မကြိုပဲ ပထမ ရဖို့သာ ရှေ့ကိုပြေးသွား...။ စိတ်ဝင်စားဘွယ် အသင်းလိုက်စုစည်းမှု၊ အသင်းလိုက် အမိန့် နာခံမှုပါပဲ...။
...
ချားဗစ်နဲ့ ဗင်လင်ဒါဆီ အူရန်မီလာ။ ၃ ဦးပေါင်းစီးရင်းကနေ ချားဗစ်ပြတ်ကျန်ခဲ့။ နီဘာလီက တမီနစ်ကျော်တောင် ချားဗစ်ကိုဖြတ်ထားလိုက်ပြိ။ ရှေ့ပြေးသမား ပန်းဝင်ဖို့ တကိလိုသာလို...။
...
နီဘာလီ ပန်းရောင်ရသွားပါပြီ။ ချားဗစ်က တမီနစ်ကျော်တောင် နောက်ကျ။ တကယ်ပြတ်နေ တာက စက္ကန့် ၄၀ တည်းဆိုတော့ ပန်းရောင်သေချာသွားပါပြီ။ နီဘာလီ တကယ်ပြန်လာပါပြီ။
...
New GC
1 Vincenzo Nibali (Ita) Astana Pro Team 82:44:31
2 Esteban Chaves (Col) Orica-GreenEdge 00:00:52
3 Alejandro Valverde (Spa) Movistar Team 00:01:17။ ။