Saturday, April 9, 2016

ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမား ဘယ်သူလဲ...။

ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမား ဘယ်သူလဲ...။
...
ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားတွေကို လူသိများပေမဲ့ စက်ဘီးသမား တွေကိုတော့ လူသိနည်းနေဆဲလို့ထင်ပါတယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် အခုအမေရိကားမှာ (တားမြစ်ဆေးသုံးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့) တရားရင်ဆိုင် နေရတဲ့ Tour de France ပွဲရဲ့ ၇ နှစ်ဆက်တိုက်ချန်ပီယံ Lance Armstrong ဟာ လူသိများဆုံး စက်ဘီးသမားပါ။


အဲဒါ လွန်ခဲ့တဲ့ ဆယ်စုကအခြေအနေကိုပြောတာပါ။ အခု ဆယ်စုနှစ် ၂၀၁၀ နဲ့ ၂၀၂၀ ကြားမှာတော့ ပီတာဆာဂန်ဟာ လူသိများဆုံး စက်ဘီးသမားလို့ထင်ပါ တယ်။ အထူးသဖြင့် ၂၀၁၅ နှောင်းပိုင်းမှာ ကမ္ဘာ့ချန်ပီယံ (အဲဒီမတိုင်ခင်က လည်း သူ့ရဲ့စီးဟန်ဟာ သူများနဲ့မတူပဲ တမူထူးတဲ့အတွက် လူသိများပြီးသား ဖြစ်ပါတယ်) ဖြစ်လာပြီးနောက်ပိုင်း၊ အခုရက်ပိုင်းအတွင်းကျင်းပတဲ့ Gent-Wevelgem နဲ့ Flanders ပွဲတွေမှာ ဆက်တိုက်အနိုင်ရပြီးနောက်ပိုင်း ဆာဂန် ဟာ ကမ္ဘာ့ဈေးအကြီးဆုံး စက်ဘီးသမားဖြစ်လာနေပါတယ်။
လက်ရှိသူ့ကိုငှားထားတဲ့ Tinkkoff အသင်းကနေ တနှစ်အတွက် လစာ ယူရွန် ၄ သန်းပေးထားပြီး ၂၀၁၇ အကုန်အထိ စာချုပ်ရှိနေပါတယ်။ ဒါပေမဲ့ ရုရှားသူ ဌေး အသင်းပိုင်ရှင်က ဒီနှစ်အကုန်မှာ အသင်းကိုရောင်းထုတ်တော့မယ်လို့ဆို ထားတဲ့အတွက် ဆာဂန်ကို လိုချင်တဲ့အခြားအသင်းအတော်များများက ယူရွန် ၄ သန်းထက်ပိုတဲ့ငွေနဲ့ စာချုပ်ချုပ်နိုင်ဖို့ လိုက်နေကြတယ်လို့ဆိုပါတယ်။
အထူးသဖြင့် Etixx-QuickStep, BMC and Trek-Segafredo အသင်းတွေ က Classics squads အတွက် သူ့ကိုငှားချင်နေပါတယ်။ Etixx-QuickStep မှာ အသက်ကြီးလာတဲ့ Tom Boonen ကိုအစားထိုးနိုင်ဖို့၊ BMC မှာ Philippe Gilbert ထွက်တော့မှာမို့နဲ့ Trek-Segafredo မှာ Fabian Cancellara အနား ယူတော့မှာဖြစ်တဲ့အတွက် အလားအလာကောင်းတဲ့ လူငယ်ခြေတက် Classics အသင်းခေါင်းဆောင်ကို ဒီအသင်းတွေက အသဲအသန်လိုနေတာ ဖြစ်ပါတယ်။

Tinkkoff အသင်းရဲ့ မန်နေဂျာ Stefano Feltrin ကတော့ သူတို့အသင်းအနေ နဲ့ စပွတ်ဆာအသစ်တခုကိုရှာနေပြီး လာမဲ့မေလ Giro d’Italia ပွဲဝန်းကျင်မှာ အသင်းရဲ့ အနာဂတ်ကို အတိအကျပြောနိုင်လိမ့်မယ်လို့ပြောပါတယ်။
စက်ဘီးအသင်းတွေဟာ စက်ဘီးသမားတဦးအပေါ် ဒီလောက်ပမာဏများတဲ့ ငွေကို ရင်းနှီးမြှုပ်နှံမှုမလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ပြိုင်ဖက်အသင်းတခုခု က အဲဒီစက်ဘီးသမားနဲ့ စာချုပ်ချုပ်သွးမှာကိုလည်း စိုရိမ်နေပြန်ပါတယ်။ တချိန်တည်းမှာပဲ bike brands စက်ဘီးကုပ္ဗဏီတွေကလည်း ဆာဂန်ရဲ့ လက်မှတ်ရအောင် အသဲအသန်လိုက်နေကြပါတယ်။ အခုထိတော့ ဆာဂန် အတွက် စက်ဘီးဒီဇိုင်းထုတ်လုပ်ပေးနေတဲ့ Specialized က အသားစီးရ နေပါတယ်။
ကဲ... ၂၀၁၇ မှာ ဆာဂန် ဘယ်အသင်းဆီပြောင်းမလဲ...။ ဈေးအများဆုံး စက်ဘီးသမားအဖြစ် စံချိန်တင်နိုင်မလား...။ လောလောဆယ်တော့ တနင်္ဂနွေ မှာကျင်းပမဲ့ Paris-Roubaix ပွဲကို စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒိပွဲပါ ထပ်နိုင်ရင် ဆာဂန်ဟာ ကမ္ဘာ့အကောင်းဆုံးနဲ့ ဈေးအကြိးဆုံးစက်ဘီးသ မားဖြစ်လာမယ်ဆိုတာ သံသယရှိစရာမလိုတော့ဘူး မဟုတ်ပါလား။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More