Wednesday, April 6, 2016

Vuelta al Pais Vasco ပွဲ (ပထမ ပိုင်း)

Vuelta al Pais Vasco ပွဲ ပထမနေ့ Sanchez အနိုင်ရ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ဒီနေ့စတင်တဲ့ ၆ ရက်ကြာပွဲစဉ် Vuelta al Pais Vasco ပထမနေ့ (Etxebarria ကနေ Markina-Xemein အထိ) 144km ပွဲမှာ Luis Leon Sanchez (Spa) Astana Pro Team က 3:54:21 နာရီနဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Daniel Navarro (Spa) Cofidis, Solutions Credits နဲ့ Simon Gerrans (Aus) Orica-GreenEdge တို့က ကပ်လျက်ပန်းဝင်ပြီး ဒု-တ ရပါတယ်။
ဒါပေမဲ့ ဒီပွဲမှာ အများစိတ်ဝင်စားနေတာကတော့ ပြီးခဲ့တဲ့ ဘာစီလိုးနားဒေသ Catalunya ပွဲမှာ အကြိတ်အနယ်ပြိုင်ခဲ့သူ World Tour ချန်ပီယံတွေဖြစ်တဲ့ Alberto Condador (Tinkoff) နဲ့Nairo Quintana (Movistar) တို့ပါပဲ။ သူတို့ ၂ ဦးထဲက Condador ဟာ နောက်ဆုံးတောင်ကုန်းမှာ အရှိန်တင်ခဲ့ပေမဲ့ တယောက်ခြေကိုတယောက်စောင့်ကြည့်ရင်းနဲ့ ပုံမှန်စီးသွားတဲ့သဘောသာ ရှိခဲ့တယ်လို့ သိရပါတယ်။ 
ဒီပွဲမှာ အသင်းပေါင်း ၂၀ မှ စက်ဘီးသမား ၁၆၀ နီးပါး ၀င်ရောက်ယှဉ်ပြိုင်နေပါ တယ်။ တရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...

General classification after stage 1
# Rider Name (Country) Team Result
1 Luis Leon Sanchez (Spa) Astana Pro Team 3:54:21
2 Daniel Navarro (Spa) Cofidis, Solutions Credits
3 Simon Gerrans (Aus) Orica-GreenEdge
4 Fabio Felline (Ita) Trek-Segafredo
5 Simon Clarke (Aus) Cannondale Pro Cycling
6 Jan Bakelants (Bel) AG2R La Mondiale
7 Daniel Martin (Irl) Etixx - Quick-Step
8 Warren Barguil (Fra) Team Giant-Alpecin
9 Tony Gallopin (Fra) Lotto Soudal
10 Sergei Chernetski (Rus) Team Katusha တို့ဖြစ်ပါတယ်။



မနက်ဖြန်မှာတော့ Markina-Xemein ကနေ Garrastatxu အထိ 174.2km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
......

Vuelta al Pais Vasco ပွဲ ဒုတိယနေ့ Landa Meana အနိုင်ရ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco ဒုတိယနေ့ (Markina-Xemein ကနေ Garrastatxu အထိ) 174.2km ပွဲမှာ Mikel Landa Meana (Spa) Team Sky က 4:43:17 နာရီ နဲ့ ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Wilco Kelderman (Ned) Team LottoNl-Jumbo က 0:00:01 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Sergio Henao (Col) Team Sky က 0:00:05 စက္ကန့်နောက်ကျပြီး တတိယ ရသွားပါတယ်။
ဒီနေ့ပွဲမှာ တောင်တက်အတော်များပြီး နောက်ဆုံးပန်းဝင်တောင်ကုန်း ၃ ကီလိုဟာ ၁၉ ဒီဂရီမြင့်ပါတယ်။ တချိန်လုံးရှေ့မှာ ၄ ဦး လွတ်နေပြီး အဲဒီ ထဲက ၂ ဦးဟာ စာရေးသူ TV ကြည့်ခွင့်ရတဲ့အချိန် ပန်းဝင်ဖို့ ကီလို ၃၀ ခန့်မှာ Peloton ကို ၃ မီနစ်ကျော်ဖြတ်ထားဆဲဖြစ်ပါတယ်။
ဒါပေမဲ့ မကြာပါဘူး။ Peloton ကအရှိန်တင်၊ သူတို့က အရှိန်ကျနဲ့ ပန်းဝင်ဖို့ ၈ ကီလိုအလိုမှာ ၂ ဦးစလုံးကိုဖမ်းမိသွားပါတယ်။ လမ်းမကြီးကနေ ခွဲထွက်ပြီး ပန်းဝင်တောင်ကုန်းအတက် နောက်ဆုံး ၃ ကီလိုအရောက်မှာ World Tour ချန်ပီယံ ကွန်ဒါတာ၊ ကင်တားနားနဲ့ အရူတို့ ထွက်ပြေးလိမ့်မယ်ထင်ခဲ့ပါတယ်။
ကွန်ဒါတာကို ရှေ့ဆုံးမှာမြင်လိုက်ရပြီး ဖင်ထောင်စီးနေပေမဲ့ ထွက်ပြေးတာ မတွေ့မိပါဘူး။ ကင်တားနားက သူ့ကိုအသေကပ်ထားတာကြောင့်လဲဖြစ်နိုင် ပါတယ်။ အဲဒီအချိန်မှာ အခု ပ-ဒု ရသူနှစ်ဦးနဲ့ အခြားတဦး ပေါင်း ၃ ဦးတဖွဲ့ ရှေ့ကိုနဲနဲလွတ်ထွက်သွားပါတယ်။
တောင်ကအတော်မြင့်တဲ့အတွက် စက်ဘီးတွေက မရွှေ့တော့သလိုဖြစ်နေပါ တယ်။ နောက်ဆုံး ကီလိုအရောက်မှာ နောက်ကအုပ်စုလိုက် လိုက်ပေမဲ့ ဘယ် လိုမှမမီတော့ပါ။
တတိယ ရသွားသူဟာ အုပ်စုထဲကနေ တက်လာသူဖြစ်ပါတယ်။ ကွန်ဒါတာ က နံပတ် ၅ နေရာကပန်းဝင်ပြီး ကင်တားနားက နံပတ် ၈ မှာဝင်ပါတယ်။ အခု ပထမ ရသွားသူဟာ မနှစ်က အာစတနာအသင်းမှာ အရူနဲ့အတူ စီးခဲ့သူဖြစ်ပြီး ဒီနှစ်အစောပိုင်းကမှ စကိုင်းအသင်းဆီ ပြောင်းသွားသူဖြစ်ပါတယ်။

၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 2
# Rider Name (Country) Team Result
1 Mikel Landa Meana (Spa) Team Sky 8:37:38
2 Wilco Kelderman (Ned) Team LottoNl-Jumbo 0:00:01
3 Sergio Henao (Col) Team Sky 0:00:05
4 Samuel Sanchez (Spa) BMC Racing Team 0:00:09
5 Alberto Contador (Spa) Tinkoff Team 0:00:11
6 Thibaut Pinot (Fra) FDJ 0:00:13
7 Rui Costa (Por) Lampre - Merida 0:00:15
8 Nairo Quintana (Col) Movistar Team
9 Robert Gesink (Ned) Team LottoNl-Jumbo
10 Sébastien Reichenbach (Swi) FDJ တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Vitoria-Gasteiz ကနေ Lesaka အထိ 194.5 km ကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ။
.....

Vuelta al Pais Vasco ပွဲ တတိယနေ့ Cummings အနိုင်ရ...။
...
စပိန်နိုင်ငံ Basque ဒေသမှာ ၆ ရက်ကြာကျင်းပနေတဲ့ Vuelta al Pais Vasco တတိယနေ့ (Vitoria-Gasteiz ကနေ Lesaka အထိ) 194.5 km ပွဲမှာ Stephen Cummings (GBr) Dimension Data က 5:01:57 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

တကိုယ်တော်ဆိုပေမဲ့ ပန်းဝင်စည်းပေါ်ရောက်ခါနီးမှာ နောက်က လိုက်လာတဲ့ အုပ်စုက သူ့ကိုမိတော့မလိုဖြစ်သွားတဲ့အတွက် ပန်းဝင်ချိန် အတူတူဖြစ်သွားပါ တယ်။ အုပ်စုထဲကနေ ပထမဆုံး Sprint တင်ပြီးဝင်လာသူ Simon Gerrans (Aus) Orica-GreenEdge နဲ့ Fabio Felline (Ita) Trek-Segafredo တို့က ဒု နဲ့ တ ရပါတယ်။
GC ကတော့ အပြောင်းအလဲမရှိပါဘူး။ ဆရာကြီးတွောအားလုံး တအုပ်တည်း ပါလာတဲ့အတွက် မနေ့ကအတိုင်း Landa Meana ကပဲ အကျီအ၀ါကို ထိမ်း ထားဆဲဖြစ်ပါတယ်။
ဒီနေ့ပွဲရဲ့ ပထမ ပိုင်းမှာမြေပြန်အတော်များပေမဲ့ ပန်းဝင်ခါနီးမှာတော့ ဧရာမ တောင်တွေကိုတက်ရပါတယ်။ တီဗွီ မှာပြတဲ့ ကီလို ၃၀ ကျော်အလို ၀န်းကျင် အထိ ရှေ့မှာ ၅ ဦး ၃ မီနစ်ခန့်ပြတ်ပြီးပြေးနေဆဲပါ။ ဒါပေမဲ့ ပန်းတိုင်နဲ့နီလေး အရှိန်ကျလေဖြစ်လာပါတယ်။
နောက်ပိုင်းမှာတော့ ရှေ့ပြေး ၂ ဦးသာကျန်ပြီး အချိန်ကလည်း တမီနစ်ခန့်သာ အသာကျန်ပါတယ်။ အဲဒီအချိန်မှာ အုပ်စုထဲကနေ ၃-၄ ဦးခွဲထွက်ပြီး ဆက် လိုက်ပါတယ်။ ပန်းဝင်ဖို့ ကီလို ၁၀ ၀န်းကျင်မှာတော့ ရှေ့ပြေးတွေအားလုံး ပေါင်းပြီး ၇ ဦးဖြစ်ကာ ဆက်ပြေးပါတယ်။
ဒါပေမဲ့ စကိုင်းအသစ်က အရှိန်တင်လိုက်တဲ့အတွက် ပန်းဝင်ဖို့ ၃ ကီလိုအလို လောက်မှာ ဖမ်းမိသွားပါတယ်။ နောက်ဆုံး တကီလိုအလိုမှာတော့ အခု ပထမ ရတဲ့ Cummings တကို်ယ်တော်ထွက်ပြေးတာ စက်ဘီး ၁၀ စီးစာလောက် Gap ရသွားပါတယ်။
နောက်ကနေ အုပ်စုတခုလုံး စပရင့်တင်ပြီးလိုက်ပေမဲ့ Cummings ပန်းဝင် စည်းပေါ်ရောက်မှ မိတဲ့သဘောမျိုးဖြစ်သွားပါတယ်။

၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမား ၁၀ ဦးကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Mikel Landa Meana (Spa) Team Sky 13:39:35
2 Wilco Kelderman (Ned) Team LottoNl-Jumbo 0:00:01
3 Sergio Henao (Col) Team Sky 0:00:05
4 Samuel Sanchez (Spa) BMC Racing Team 0:00:09
5 Alberto Contador (Spa) Tinkoff Team 0:00:11
6 Thibaut Pinot (Fra) FDJ 0:00:13
7 Rui Costa (Por) Lampre - Merida 0:00:15
8 Nairo Quintana (Col) Movistar Team
9 Robert Gesink (Ned) Team LottoNl-Jumbo
10 Sébastien Reichenbach (Swi) FDJ တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Lesaka ကနေ Orio အထိ 165 km ကို ဆက်လက်ယှဉ် ပြိုင်ဖို့ရှိနေပါတယ်။ ။
.....

....

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More