Friday, October 31, 2025

ငါ့သရောက်တိုက်ပွဲ စစ်သား ၈ ဦးသေ... ရှမ်းမြောက်အပစ်ရပ်ပြီး ရခိုင်ကို ဗုံး...


ငါ့သရောက်တိုက်ပွဲ စစ်သား ၈ ဦးသေဆုံး... ရှမ်းမြောက်အပစ်ရပ်ပြီး ရခိုင်ကို ဗုံးကြဲမှုတိုးလာဟု AA သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ နိုဝင်ဘာ ၂၀၂၅)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက် ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၈ ဦးသေဆုံးတယ်လို့ (ပုဂံပြည် ဘီလူးတပ်) -  ညောင်ဦး ပကဖ က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၉၊ မနက် ၈ နာရီခန့်မှာ ငါ့သရောက် ရဲစခန်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်း အိုရင်းကျေးရွာအနီး ကန်နပေါက်ကန်သို့ ရောက်ရှိလာချိန်မှာ အနီးကပ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- မဟာဗျူဟာမြောက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့၊ စစ်အုပ်စုရဲ့ အသည်းနှလုံး နေရာတွေကို ခြိမ်းခြောက်နိုင်ဖို့အတွက် အင်အားသစ်တွေ အများကြီးလိုအပ်နေပါတယ်၊ ❝တော်လှန်စစ်အတွက် သင်တို့ကို အလိုရှိသည်❞ လို့ မန်းတလေး PDF က ဖိတ်ခေါ်...

- စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်မှာ အပစ်ရပ်လိုက်မှုကို အခွင့်ကောင်းယူပြီး အာရက္ခတပ်တော်ရှိနေတဲ့နေရာအပြင် အာရက္ခပြည်သူတွေရှိနေတဲ့နေရာတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု တိုးပြီးလုပ်လာနေတဲ့အတွက် ၃ ရက်အတွင်း ပြည်သူ ၁၂ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရဟု AA ထုတ်ပြန်...

- ကရင်ပြည်နယ်၊ ဖာပွန်ဒေသမှာ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ KNLA တပ်မဟာ (၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြော...

- မောင်းမကန်ကမ်းခြေရှိ မောင်းမကန် ရဲ စခန်းသိမ်းပိုက်မှု ဗီဒီယို မှတ်တမ်းကို ဒူရကစစ်ကြောင်းက ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“သမ္မတ ထရမ့်ဆီကနေ ဒီမိုကရေစီအရေး အကူအညီ မျှော်လင့်နေလို့မရဘူး”


“သမ္မတ ထရမ့်ဆီကနေ ဒီမိုကရေစီအရေး အကူအညီ မျှော်လင့်နေလို့မရဘူး”

- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၃၁ အောက်တိုဘာ ၂၀၂၅)

“လုံခြုံရေး၊ စီးပွားရေး၊ နည်းပညာနဲ့ပတ်သက်ပြီး မြန်မာဟာ အမေရိကန်ရဲ့ ဦးစားပေးထဲမပါဘူး။ ဒါဖြင့် ဒီမိုကရေစီရေးအရ အကူအညီကောပေးနိုင်သလား၊ သမ္မတ ထရမ့်ကိုယ်တိုင်က ဒီမိုကရေစီကိုဦးစားပေးသူမဟုတ်တဲ့အတွက် သူ့ဆီကနေ ဒီမိုကရေစီအရေး အကူအညီလည်း မျှော်လင့်နေလို့မရဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သမန်းက ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ အာရှဒေသခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲပတ်သက်ပြီး ဘာမှပြောမသွားတာဟာ မြန်မာဒီမိုကရေးအရေးတိုက်ပွဲဝင်မှုကို အမေရိကန်က စိမ်ဝင်စားမှု မရှိတဲ့သဘောလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- သမ္မတ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာဟာ ဘာမှအရေးမပါဘူးလား...

- အာဆီယံရဲ့ ဆောင်ရွက်မှုတွေက ဒီမိုကရေစီအရေး ရုန်းကန်တိုက်ပွဲဝင်နေသူတွေကို ခွန်အားဖြစ်စေပါရဲ့လား...

- ရွေးကောက်ပွဲအတုကို အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံအချို့က အားပေး ထောက်ခံနေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှူ ပိုရလာအောင် တော်လှန်ရေးအင်အားစုတွေ ဘာလုပ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။

အင်တာနက်လိုင်းနှေးတာ၊ ကွန်ပြူတာနှေးတာတွေကြောင့် ရုပ်ပုံလွှာ ရပ် ရပ် သွားတဲ့အပေါ် တောင်းပန်အပ်ပါတယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, October 30, 2025

မောင်းမကန် စခန်းသိမ်းပွဲ သေနတ် ၂၀ ကျော်ရရှိ... ဝက်လက် တိုက်ပွဲ စစ်သား ၂၀...


မောင်းမကန် စခန်းသိမ်းပွဲ သေနတ် ၂၀ ကျော်ရရှိ... ဝက်လက် တိုက်ပွဲ စစ်သား ၂၀ နီးပါးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၁ အောက်တိုဘာ ၂၀၂၅)

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်၊ မောင်းမကန်ကမ်းခြေရှိ မောင်းမကန် ရဲ စခန်းသိမ်းပွဲအတွင်း စစ်တပ်ဖက်က (၁၂) ဦးသေဆုံး၊ ၁၀ ကျော်ဒဏ်ရာရ၊ လက်နက်မျိုးစုံ ၂၁ လက် သိမ်းမိတယ်လို့ PDF အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၆၊ မနက် ၅ နာီရခွဲမှာ စတင်တိုက်ခိုက်ပြီး ၉ နာရီခွဲမှာ စခန်းသိမ်းနိုင်တယ်၊ စခန်းတခုလုံးကို မီးရှိ့ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းမိလက်နက်တွေကတော့ ၆၀ မမ စိန်ပြောင်း ၂ လက်၊ Uzi (၆) လက်၊ G3 (၇) လက်၊ Shot Gun/Smoke gun (၂) လက်၊ ခြောက်လုံးပြူး (၄) လက် အပါဝင် သေနတ် ၂၁ လက်နဲ့ jampar စက် (၂) လုံး၊ ခဲယမ်းတွေဖြစ်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဒေသ၊ ရေဖြူမြို့နယ်၊ မူဒူးရွာနဲ့ ဝက်ချောင်းရွာရှိ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံး...

- အရာတော် မြို့နယ်၊ သလဲဘာ ပျူစောထီးရွာကနေ ဝက်လက်မြို့နယ် ကျောက်ကုန်းကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၆ ဦးသေ၊ ၃၀ ခန့် ဒဏ်ရာရ...

- ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၁၀ ကျော်အထိ သေဆုံး...

- လေးကေကော်မြို့သစ် တောင်ဘက်ရှိ  ရသေ့ဂူကျေးရွာ၊ မယ်ဝါးခီးရွာဖက်က တောင်ကြောတွေပေါ် စစ်ကောင်စီတပ်က Y12 လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး ဖလူးဖက်ကိုပါ လေယာဉ်တွေ ဝဲနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, October 29, 2025

တရုတ်နယ်စပ် ပြည်သူ့စစ် စခန်း ၂ ခု KIA ထပ်သိမ်းပိုက်... စစ်ကောင်စီနဲ့ အပစ...


တရုတ်နယ်စပ်အနီးရှိ ပြည်သူ့စစ် စခန်း ၂ ခု KIA ထပ်သိမ်းပိုက်... စစ်ကောင်စီနဲ့ အပစ်ရပ်လိုက်ပြီလို့ TNLA ကြေညာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀ အောက်တိုဘာ ၂၀၂၅)

ကန်ပိုင်တည်၊ လွယ်ဂျယ်၊ လိုင်ဇာ အပါဝင် ကချင်-တရုတ် နယ်စပ်ရှိ ဂိတ်တွေအားလုံးကို အောက်တိုဘာ ၂၅ မှာ တရုတ်ဖက်က ပြန်ဖွင့်ပေးလိုက်ပြီလို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒါဟာ တရုတ်နဲ့အပေးအယူလုပ်ပြီး ဖွင့်တာမျိုးမဟုတ်ပဲ တရုတ်ဖက်က ပိတ်ထားတာတွကို တရုတ်ကပြန်ဖွင့်ပေးတာသာဖြစ်တယ်၊ လူထုအတွက် အခြေခံစားသောက်ကုန်တွေကို အဓိက တင်သွင်းနေတယ်လို့ ဗိုလ်မှူးကြီးက ရှင်းပြပါတယ်...

ဒါ့အပြင်...

- ခေါင်လန်ဖူးမြို့နယ်၊ တရုတ်နယ်စပ်အနီးရှိ စစ်ကောင်စီနဲ့ ဌာနေပြည်သူ့စစ် စခန်း ၂ ခုကို KIA နဲ့ မဟာမိတ်တွေက ထပ်မံသိမ်းပိုက်...

- တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနိုင်ပေးမှူအရ အောက်တိုဘာ (၂၉) ရက် ည သန်းခေါင်ချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ ၂ ဖက် အပစ်ရပ်ဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်တယ်လို့ TNLA က ကြေညာ...

- TNLA က အပစ်ရပ်ပြီး မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်ပေးမယ်လို့ ကြေညာပေမယ့် TNLA ရဲ့ မဟာမိတ် မန္တလေး PDF နဲ့ မိုးကုတ်ဗျုဟာ တို့က သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ကြေညာချက်တွေ ထုတ်ပြန်...

- တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာကို စစ်ကောင်စီတပ်က အင်အားရာချီပြီး နှစ်ဖက်ညှပ် စစ်ကြောင်းထိုးလာရာကနေ ချင်းတော်လှန်ရေးတပ်တွေနဲ့ အောက်တိုက်ဘာ ၂၉ မှာ တိုက်ပွဲစဖြစ်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, October 28, 2025

နောက်ဆုံးရ တိုက်ပွဲသတင်းများ...


နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉  အောက်တိုဘာ ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျုဟာကုန်းမှာ ပိတ်မိနေတဲ့ စစ်သားတွေကို ကယ်ထုတ်ဖို့အတွက် စစ်ကြောင်း ၂ ကြောင်းနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ရာမှာ စစ်ကြောင်းတခု လုံး၀ ပြုတ်သွားတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

အောက်တိုဘာ၂၈၊ မနက်ပိုင်းမှာ ကပစ(၁၄)နဲ့ ဇင်ပြွန်းရွာဖက်ကနေ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းတခုက လမ်းဟောင်းအတိုင်းတက်လာပြီး နောက် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတခုက လမ်းသစ်ဖက်ကနေ တပြိုင်တည်းထိုးလာတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ပထမ စစ်ကြောင်းကို ပဇီကျေးရွာအနီးအရောက်မှာ AA က တိုက်ခိုက်တာဖြစ်ပြီး စစ်ကြောင်းတခုလုံးပြုတ်သွားတယ်၊ အလောင်းတွေ လက်နက်တွေ အများကြီး သိမ်းမိတယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ် ...


“စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ် လို့ထင်ပါတယ်”

- CDM ဗိုလ်ကြီးဇင်ယော် (စစ်ဖက်ရေးရာ ဝေဖန်သုံးသပ်သူ)

(၂၈ အောက်တိုဘာ ၂၀၂၅)

“၁၀၂၇ စစ်ဆင်ရေး ကာလလိုမျိုး မြို့သိမ်းတိုက်ပွဲတွေ လောလောဆယ်မြင်ရဖို့မရှိပေမယ့် စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ်ဆိုရင် စစ်ကောင်စီတပ်ကို မလှုပ်နိုင်အောင် ချုပ်ထားနိုင်မှာဖြစ်တယ်” လို့ စစ်ဖက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

အခုရက်ပိုင်း စစ်တပ်အတွင်း ပြုလုပ်ခဲ့တဲ့ တိုင်းမှုး၊ တပ်မမှုး၊ စကခ မှုး အပြောင်းအလဲတွေအကြောင်း၊ တော်လှန်ရေးဖက်ကပြောနေတဲ့ အထွေထွေထိုးစစ်တွေအကြောင်း...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- တိုင်းမှူး၊ တပ်မမှူး၊ ဒကစ မှုးအပါဝင် ထိပ်တန်းစစ်ဖက်အရာရှိ ၃၀ ခန့် အပြောင်းအလဲလုပ်တာ ဘာကြောင့်လဲ...

- ရှမ်းမြောက်နဲ့ ရှမ်းအရှေ့မှာပဲ တိုင်းမှုးတွေပြောင်းပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်၊ ရခိုင်၊ ကရင်နဲ့ တနသာၤရီဖက်မှာ တိုင်းမှူးမပြောင်းတာ ဘာကြောင့်လဲ...

- ဒီအပြောင်းအလဲက စစ်တပ်ဖက်က တိုက်စစ်အရှိန်မြှင့်လာမှာလား... ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုကို အဓိကထားမှာလား...

- AA ရဲ့ တိုက်ခိုက်ရေးစွမ်းရည်... နတ်ရေကန်ဗျုဟာသိမ်းပိုက်ရေး- ကပစ တွေ သိမ်းပိုက်ရေး အလားအလာ ဘယ်လိုရှိသလဲ...

- အညာဒေသက PDF တွေအနေနဲ့ မြို့သိမ်း-စခန်းသိမ်းတိုက်ပွဲအစား စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်ကို အခြေခံပြီး စစ်တပ်ကို လှုပ်မရအောင် ထိန်းချုပ်ထားနိုင်ခြေရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, October 27, 2025

အမြင့်ကျွန်း ရဲစခန်းက ရဲသားတွေ ထွက်ပြေး... DKBA ဂိတ်စခန်းကို ရေးဘီးလူး ဝ...


အမြင့်ကျွန်း ရဲစခန်းက ရဲသားတွေ ထွက်ပြေး... DKBA ဂိတ်စခန်းကို ရေးဘီးလူး ဝင်တိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၈ အောက်တိုဘာ ၂၀၂၅)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အမြင့်ကျွန်းကျေးရွာရှိ ရဲစခန်းက စစ်သားနဲ့ ရဲတွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ Western News ကဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့လကတည်းက စစ်တွေမြို့အနီမှာ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေရာကနေ အခုရက်ပိုင်းမှာတော့ ပစ်ခတ်မှုတွေ ပိုပြင်းထန်လာတယ်၊ အမြင့်ကျွန်း တံတားအောက်မှာရှိတဲ့ စစ်ကောင်စီရဲစခန်းက စစ်သားနဲ့ ရဲတွေ ဆုတ်ပြေးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်...

- AA က သိမ်းပိုက်ထားတဲ့ (၆၆၆) ပွိုင့်ကုန်းကို ပြန်ရရေး တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ၆၆၆ ကုန်းကို မရတဲ့အပြင် ထောက်ပို့စခန်းတခုပါ ထပ်မံလက်လွတ်လိုက်ရ...

- စစ်ကောင်စီစစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနေတဲ့အတွက် ကလေး-သိုင်းငင်း လမ်းကြီးဘေးနားရှိ တောလမ်း-ဖြတ်လမ်းတွေကို ယာယီ ပိတ်ထားလိုက်တယ်လို့ CDF-CDM-Siyin က ကြေညာ...

- တောင်သာမြို့နယ်ရှိ ကင်းခစန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၂ ဦးကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၂ ဦးစလုံးသေဆုံးပြိး သေနတ် တလက် သိမ်းမိတယ်...

- မြင်းခြံမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျုစောထီးအဖွဲ့က ဒရုန်းတစီးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိ...

- ရေး -မော်လမြိုင် ကားလမ်းပေါ်ရှိ နှင်းစုံရွာအဝင်က  စစ်တပ်လက်အောက်ခံ DKBA ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်...

- တနသာၤရီမြို့နယ်၊ လေးမိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လေးမိုင်ရွာကို လေယာဉ်နဲ့ ဗုံးကြဲ...

- ဟားခါးအခြေစိုက် ခလရ ၂၂၂ က တပ်သားသစ်တဦးဟာ MA- 1 တလက်နဲ့အတူ Senthang Revolution Force ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, October 26, 2025

မောင်းမကန် ရဲစခန်း PDF သိမ်းပိုက်... ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်.


မောင်းမကန် ရဲစခန်း PDF သိမ်းပိုက်... ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၇ အောက်တိုဘာ ၂၀၂၅)

တနသာရီတိုင်း၊ လောင်းလုံးမြို့နယ်က နာမည်ကျော် မောင်းမကန် ကမ်းခြေအနီးရှိ မောင်းမကန် ရဲစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်၊ လက်နက်တွေသိမ်းပြီး ပြန်ထွက်လာချိန်မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲနေတယ်လို့ တနသာၤရီတိုင်းမ် ကဖေါ်ပြပါတယ်။

အောက်တိုဘာ ၂၆၊ မနက် ၆ နာရီခန့်မှာ စတင်တိုက်ခိုက်ပြီး ၁၀ နာရီမှာ အပြီးသိမ်းနိုင်ခဲ့တယ်၊ လက်နက်ခဲယမ်းတွေ ယူပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစု တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင်...

- မင်းတုန်းမြို့အဝင် လမ်းပေါ်မှာ ခရီးသည်တင်ကားတွေကို ဆက်ကြေးကောက်နေတဲ့ ရဲ ၂ ဦးကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ရာမှာ ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းမိ...

- ဆိပ်ဖြူမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ  စစ်သား ၇ ဦးသေ၊ ၁၀ ကျော်ဒဏ်ရာရ...

- မြင်းခြံမြို့နယ်မှာ စစ်တပ်စခန်းထိုင်ထားတဲ့ သံမဏိစက်ရုံကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦးအထိ သေဆုံး...

- ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကြောင်းရဲ့ ထက်ဝက်ခန့် သေဆုံး...

- KK Park ကျားဖြန့်လုပ်ငန်းကနေ မြေငှားခနဲ့ လုံခြုံရေးခ များစွာကို KNU က လက်ခံရရှိနေတယ်ဆိုတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ စွပ်စွဲချက်ကို လုံး၀ ငြင်းဆိုတယ်လို့ KNU က ကြေညာချက်ထုတ်ပြန်...

- ကချင်-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်၊ လိုင်ဇာနဲ့ မိုင်ဂျာယန်နယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၂၅ မှာ တရုတ်ဖက်က ပြန်ဖွင့်ပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, October 24, 2025

ကပစ ၁၆ အနီးတိုက်ပွဲဖြစ်... KK Park က အလုပ်သမားတွေ ဆက်လက်ထွက်ပြေး...


ကပစ ၁၆ အနီးတိုက်ပွဲဖြစ်... KK Park က အလုပ်သမားတွေ ဆက်လက်ထွက်ပြေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅ အောက်တိုဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုံရွာ အနီးရှိ ကပစ (၁၆)ယမ်းချက်စက်ရုံအနီး အာရက္ခတပ်တော် AA တပ်တွေ နီးကပ်လာတဲ့အတွက် စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးပြီး တန်ပြန်ထိုးစစ်လုပ်နေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

ကပစ (၁၆) ရဲ့ အဓိက ကာကင်းခစန်း ၆၆၆ ကုန်းကို အောက်တိုဘာ ၁၄ မှာ AA က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီဖက်ကနေ အဲဒီ စခန်းကို ပြန်ထိုးစစ်ဆင်လာတာဖြစ်တယ်၊ စခန်းတောင်ခြေ တမိုင်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ပါ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကန်ပက်လက်မြို့က မင်္ဂလာဆောင်ပွဲကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သားသေဆုံးမှုရှိ...

- ဖားကန့်ဒေသ ၅ လတာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီပြည်သူ့စစ် ၃၀ ကျော်ကို လက်နက်တွေနဲ့အတူ KIA ကချင်လွတ်လပ်ရေးတပ်မတော်က ဖမ်းဆီးရမိ...

- ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်း ရွာသစ်ကျေးရွာတိုက်ပွဲရဲ့ ရုပ်-သံ မှတ်တမ်းကို  နေပြည်တော် PDF ဗျူဟာ (၁၉) က ထုတ်ပြန်...

- ပုလောမြို့နယ်၊ သင်္ကန်းတောရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ...

- ထိုင်း-မြန်မာနယ်စပ်ရှိ KK Park မှာ အောက်တိုဘာ ၂၄ ညနေ ၇ နာရီခန့်က ဗုံးပေါက်ကွဲသံထပ်ကြားရပြီး မီးခိုးတွေကို ထိုင်းဖက်ကမ်းကနေ မြင်နေရ၊ အလုပ်သမားတွေ ဆက်လက်ထွက်ပြေးနေကြ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ကျားဖြန့်က ရသမျှ ၅၀% ကို မင်းအောင်လှိုင်ထံ ပေးနေရပါတယ်”


“ကျားဖြန့်က ရသမျှ ၅၀% ကို မင်းအောင်လှိုင်ထံ ပေးနေရပါတယ်”

-  Steven Sanyu (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)

(၂၄ အောက်တိုဘာ ၂၀၂၅)

“ကျားဖြန့်လုပ်ငန်းက  ရသမျှ ၅၀% ကို မင်းအောင်လှိုင်ထံ ပေးနေရပါတယ်၊ ဒီလုပ်ငန်း ရပ်ဆိုင်းရရင် စစ်ကောင်စီကို များစွာထိခိုက်နိုင်ပါတယ်။ ရှီကျီကျန်းကို ထိုင်းကနေ တရုတ်ထံ လွဲပေးလိုက်ရင် ဒီလုပ်ငန်းကို အများကြီးတားဆီးနိုင်မယ်လို့ ယူဆပါတယ်” လို့  ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ Steven Sanyu ကပြောပါတယ်။

ရွှေကုက္ကူ နဲ့ KK Park ရှိ ကျားဖြန့်လုပ်ငန်းတွေရဲ့ အဓိက ပဲ့ကိုင်ရှင် ရှီကျီကျန်းကို ထိုင်းကနေ တရုတ်ထံ လွဲပေးလိုက်ရင် ဘာတွေထူးမလဲ၊ ရွှေကုက္ကူ နဲ့ KK Park ရဲ့ အနာဂတ် ဘာတွေဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

-  ရှီကျီကျန်း ဆိုတာ ဘယ်သူလဲ...

- ရှီကျီကျန်းက ရွှေကုက္ကူ နဲ့ KK Park ဆီ ဘယ်လိုရောက်လာတာလဲ...

- ကျားဖြန့်လုပ်ငန်း လုံခြုံရေးတာဝန်ခံ ဗိုလ်ချုပ်သူက သူရသမျှ ကျားဖြန့်ငွေ ၅၀% ကို မင်းအောင်လှိုင်ဆီပေးနေရတယ်ဆိုတာ ဘယ်လို အထောက်အထားရှိသလဲ...

-  ရှီကျီကျန်းကို ထိုင်းအာဏာပိုင်တွေကနေ တရုတ်အစိုးရထံ လွဲပေးလိုက်ရင် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်း ရပ်ဆိုင်းသွားနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, October 23, 2025

နွားထိုးကြီးတိုက်ပွဲ လက်နက် ၅၀ ခန့် သိမ်းမိ... KK Park ကို BGF ကိုယ်တိုင...


နွားထိုးကြီးတိုက်ပွဲ လက်နက် ၅၀ ခန့် သိမ်းမိ... KK Park ကို BGF ကိုယ်တိုင် ဗုံးကြဲနေဟုဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၄ အောက်တိုဘာ ၂၀၂၅)

မန္တလေးတိုင်း၊ နွားထိုးကြီးမြိုနယ်နဲ့ မလိုင်မြို့နယ်အတွင်း သီတင်း ၂ ပတ်တာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်တပ်ဖက်က ၅၀ ခန့်သေဆုံး၊ ၉ ဦးကိုလက်ရဖမ်းမိ၊ ၆၀ မမ မော်တာတွေ အပါဝင် လက်နက်မျိုးစုံ ၅၀ နီးပါး သိမ်းမိတယ်လို့  မြင်းခြံခရိုင် အမှတ် (၄)နဲ့ အမှတ် (၁၀) တပ်ရင်းတို့က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၅၊ မွန်းလွဲ ၃ နာရီခန့်မှာ နွားထိုးကြီးကနေ မြိုင်သာရွာဖက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပထမ အကြိမ် တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲအချိန် ၂ နာရီကြာပြီး စစ်ဗိုလ်တဦးအပါဝင် ၇ ဦးသေဆုံး၊ အလောင်းတလောင်းနဲ့ MA-5 (၁)လက်သိမ်းမိတာကို တွေ့ရပါတယ်။

အောက်တိုဘာ ၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်မှာ မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာဖက် ဆက်ထွက်လာတဲ့ အဲဒီစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ရာမှာ တိုက်ပွဲအချိန် ၈ နာရီကျော်ကြာတယ်၊ စစ်သား ၁၀ ကျော်သေဆုံး၊ ၄ ဦးကိုလက်ရဖမ်းမိ၊ M79 (၁) လက်၊ ငါးကြင်းမှီး စက်လတ် (၁)လက်၊ ဒရုန်း ၂ စီး၊ MA စီးရီး လက်နက်ငယ် ၇ လက်နဲ့ ခဲယမ်းများစွာသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။

ဗိုလ်မှူး ကျော်မင်း အပါဝင် စစ်သား ၂၀ ကျော်သေဆုံး၊ (၅)ဦးကိုလက်ရဖမ်းမိ၊ ၆၀ မမ မော်တာ ၄ လက်၊ RPG  တလက်၊ ငါးကြင်းမြီးစက်လတ် ၂ လက်၊ MA စီးရီး လက်နက်ငယ် ၁၈ လက်နဲ့ ခဲယမ်းတွေသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- မြင်းခြံဘက်ကနေ နွားထိုးကြီးလမ်းအတိုင်းမောင်းလာတဲ့ ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သားတဦးသေ၊ သေနတ် ၃ လက် သိမ်းမိ...

- ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ဒဏ်ရာရသူများပြီးတဲ့နောက် အဲဒီစစ်ကြောင်း နောက်ပြန်လန်သွား...

- တမူးမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ နန်းမွန်းတားကျေးရွာဖက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီးတဲ့ နောက်ပြန်ဆုတ်သွားတယ်၊ နန်းမွန်းတားရွာကို တော်လှန်ရေးတပ်တွေက ပြန်ထိန်းချုပ်ထားနိုင်...

- လေးကေ့ကော်ဒေသ တိုက်ပွဲအတွင်း စစ်တပ်ဖက်က ၁၅၀ ခန့်အထိ သေဆုံးပြီး ၂၀၀ ခန့်အထိ ဒဏ်ရာရ...

- လေးကေကော်နဲ့သိပ်မဝေးတဲ့ ထိုင်း-မြန်မာနယ်စပ်အရှိရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းဌာချုပ်သစ် KK Park မှာ ပေါက်ကွဲမှုတွေ၊ မီေးလာင်မှုတွေဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံသားတွေအပါဝင် လူပေါင်း ၂ ထောင်ခန့် ထိုင်းဖက် ထွက်ပြေးနေ...

... စတဲံသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, October 22, 2025

လှိုင်သာယာ ရဲစခန်း PDF တိုက်ခိုက်... ခေါင်လန်ဖူးက ပြည်သူ့စစ်စခန်း ၂ ခု ...


လှိုင်သာယာ ရဲစခန်း PDF တိုက်ခိုက်...  ခေါင်လန်ဖူးက ပြည်သူ့စစ်စခန်း ၂ ခု KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၃ အောက်တိုဘာ ၂၀၂၅)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီး မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက လက်ပစ်ဗုံးနဲ့တိုက်ခိုက်ရာမှာ စစ်တပ်နဲ့ ရဲဖက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း ပကဖ က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၁၊ ည ၁၀ နာရီခန့်မှာ လက်ပစ်ဗုံး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကို ထိမှန်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ခေါင်လန်ဖူးမြို့နယ်ရှိ ဌာနေ ပြည်သူ့စစ်တပ်စခန်း ၂ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

- ဖားကန့်မြို့  လုံးခင်းနဲ့ မှော်စီစာ ကျောက်ဝိုင်းဈေးကို စစ်တပ်က ပစ်ခတ်...

- မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာကနေ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာ ဈေးဝယ်ပြီးပြန်လာတဲ့ ခရီသည်တင်ယာဉ်ကို ARSA အဖွဲ့က တိုက်ခိုက်...

- လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးရှိ ကရင်ကြီးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် ရွာသား ၅၀ ခန့်အထိ စစ်တပ်က ဖမ်းသွား...

- မြဝတီမြိုနယ်၊ သောင်ရင်းမြစ်ဘေးနားရှိ မင်းလက်ပံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒေသခံတွေ ထိုင်းဖက်ကမ်းကို ထွက်ပြေး...

- KK Park ကို စစ်ကောင်စီတပ်တွေက ဒုတယိအကြိမ် ထပ်ဝင်မယ်လို့ သတင်းရတဲ့အတွက် တရုတ်နိုင်ငံသားတွေအပါဝင် ရာနဲ့ချီတဲ့လူတွေကို ကရင်နယ်ခြားစောင့်တပ်-BGF ကားတွေနဲ့ နေရာပြောင်းပေးနေ...

- KK Park၊ ရွှေကုက္ကူအပါဝင် ကျားဖြန့် ငွေလိမ်လုပ်ငန်းခွင်မှာအသုံးပြုနေတယ်လို့ ယူဆရတဲ့ Starlink အလုံး၂၅၀၀ ကို SpaceX အင်တာနက် ပိတ်လိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ကျားဖြန့်လုပ်ငန်းတွေက နွေဦးတော်လှန်ရေးကို ထိခိုက်စေသလားဆိုတော့ ... ထိခိ...


“ကျားဖြန့်လုပ်ငန်းတွေက နွေဦးတော်လှန်ရေးကို ထိခိုက်စေသလားဆိုတော့ ... ထိခိုက်တာပေါ့”

- ဆလိုင်းယောအောင် (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၂ အောက်တိုဘာ ၂၀၂၅)

“ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေက နွေဦးတော်လှန်ရေးကို ထိခိုက်စေသလားဆိုတော့ ... ထိခိုက်တာပေါ့၊ မြဝတီမြို့နဲ့ အာရှလမ်းတွေကို ရထားပြီးမှ ပြန်ပေးလိုက်ရတာက သိသာတဲ့ သာဓကတွေဖြစ်တယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ရွှေကုက္ကူနဲ့ KK Park အပါဝင် ဟိုးလေးတကျော်ဖြစ်နေတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေက ဒီဒေသအတွင်းလုပ်ရှားနေတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ လှုပ်ရှုားမှုကို ထိခိုက်စေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကျားဖြန့်လုပ်ငန်းတွေက နွေဦးတော်လှန်ရေးကို ဘယ်လိုထိခိုက်စေသလဲ...

- ထိုင်းနယ်စပ်- တရုတ်နယ်စပ်- အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းတွေအားလုံး နှစ်မကုန်ခင် ပြန်ပွင့်သွားနိုင်သလား...

- AA ရဲ့ ထိုးစစ်က ကပစ တွေကိုကျော်ပြီး နေပြည်တော်အထိ ရောက်သွားနိုင်သလား...

- တဖွဲ့ချင်း အကျိုးစီးပွားထက် တဖွဲ့လုံး၊ တနိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်ဆိုတဲ့ သီအိုရီကို လက်တွေ့ ဘယ်လို ကျင့်သုံးကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, October 21, 2025

ရေတာရှည်တိုက်ပွဲ စကစ တပ်ရင်းမှူးသေဆုံး... နတ်ရေကန် စစ်ကူစစ်ကြောင်း AA ချ...


ရေတာရှည်တိုက်ပွဲ စကစ တပ်ရင်းမှူးသေဆုံး... နတ်ရေကန် စစ်ကူစစ်ကြောင်း AA ချေမှုန်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၂ အောက်တိုဘာ ၂၀၂၅)

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာ အထိုင်ချ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ တပ်ရင်းမှူးအပါဝင် ၁၅ ဦးသေဆုံး၊ ၂ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၆ လက်ရရှိတယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၂၀) မှာတိုက်ခိုက်တာဖြစ်ပြီး တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ဦးသေဆုံး၊ (၂) ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီး၊ ၆၀ မမ တလက်၊ လက်နက်ငယ် ၅ လက်၊ ဒရုန်းဂျမ်ပါ အထိုင်စက်ကြီး (၁) ခုနဲ့ ခဲယမ်းမျိုးစုံ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- နတ်ရေကန်ဗျုဟာကုန်းဆီ စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေက  ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများနေ...

- TNLA  ထိန်းချုပ်ဒေသ မိုးကုတ်မြို့ကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ် (၃)ဦးသေဆုံး၊ အခြား (၁၂)ဦး ဒဏ်ရာရ...

- ဘယ်လာရုစ်မော်ဒယ် အသက် ၂၆ နှစ်အရွယ်အမျိုးသမီး (Vera Krautsova) မြန်မာနိုင်ငံက ကျားဖြန့်ဒေသမှာ အသတ်ခံရဟု သတင်းထွက်နေ...

- ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တဦး တော်လှန်ရေးတပ်တွေရဲ့ သတင်းတွေကို ထောက်လှမ်းနေစဉ် ရေးဘီးလူးအဖွဲ့က ဖမ်းဆီး...

- ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ မောတောင်မြို့နယ် သိန်ခွန်းရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ၅ ရက်ဆက် တိုက်ပွဲဖြစ်...

- မြိတ် အခြေစိုက် ခလရ (၁၀၃)က စစ်သား ၂ ဦးဟာ MA-2 တလက်၊ ခဲယမ်းတွေနဲ့အတူ တနင်္သာရီမြို့နယ် ပကဖ ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, October 20, 2025

ကျောက်ဖြူတိုက်ပွဲ စစ်တပ်အထိနာ... KK Park စီးနင်းမှု ရုပ်ရှင်ဆန်နေ...


ကျောက်ဖြူတိုက်ပွဲ စစ်တပ်အထိနာ... KK Park စီးနင်းမှု ရုပ်ရှင်ဆန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၁ အောက်တိုဘာ ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြန်ပြင်းထန်လာနေပြီး AA ရဲ့ လက်နက်ကြီးဒဏ်ကြောင့် စစ်တပ်ဖက်က သေဆုံးများနေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

သစ်ပုတ်တောင်လမ်းဆုံ လက်နက်ကြီး အထိုင်စခန်းနဲ့ အမှတ် (၃၂) ရဲတပ်ရင်းကို AA က ဦးတည်းပစ်ခတ်တာဖြစ်ပြီး အဲဒီ ၂ နေရာပေါင်းရင် စစ်သား ၁၀၀ ခန့်အထိ သေဆုံးတယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

-  AA နဲ့ မဟာမိတ်တပ်တွေ ကပစ ၁၆ အနီးထိ ရောက်ရှိလာ...

- ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းက မီးရှို့နေ...

- တန့်ဆည်မြိုနယ်၊ သဲကုန်းကျေးရွာနဲ့ တပ်သစ်ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေပြီး ၁၂ ဦးဒဏ်ရာရ...

- TNLA- ထိန်းချုပ်ဒေသရှိ မြိုရွာတွေ၊ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ကြတဲ့ ဗုံးကြဲသူ၊  ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက် လက်ခုပ်တီးသူ အားလုံးကို ထုံးသုတ်ပြီး အသေချာ တို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ- လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က သတိပေး...

- မြဝတီမြို့နယ်ရှိ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းတယ်ဆိုတာဟာ ဟန်ပြန် ရုပ်ရှင်ရိုက်တာသာဖြစ်ပြီး တကယ်က စစ်တပ်ဝင်မလာခင်မှာ ကျားဖြန့်လုပ်ငန်းပိုင်ရှင် BGF ကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်...

- လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပင်လယ်ပြင်ကနေ စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးနေရ...

- ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးခေါင်းဆောင်တွေကို တော်လှန်ရေးတပ်တွေက စစ်ဆေးမှုလုပ်နေစဉ် ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“NUG က စစ်မတိုက်ပဲ ရပ်နေတဲ့ရက် တရက်မှ မရှိဘူး”


“NUG က စစ်မတိုက်ပဲ ရပ်နေတဲ့ရက် တရက်မှ မရှိဘူး”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - NUG)

(၂၀ အောက်တိုဘာ ၂၀၂၅)

“ခုခံတွန်းလှန်စစ် စခေါ်တဲ့နေ့ကတည်းကနေ ဒီနေ့အထိ NUG က စစ်မတိုက်ပဲ ရပ်နေတဲ့ရက် တရက်မှ မရှိဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

NUG က စစ်မတိုက်ဘူး၊ အထွေထွေကိစ္စတွေနဲ့ပဲ အလုပ်များနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဝန်ကြီးက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- တော်လှန်ရေးအင်အားစုတွေနဲ့ အာဆီယံ ဥက္ကဌတို့ရဲ့ ကွာလာလမ်ပူ ဆွေးနွေးပွဲ ဘာတွေ ထူးသလဲ...

- အာဆီယံက စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်ပြုမှာလား- ကန့်ကွက်မှာလား...

- အရှေ့တီမောရဲ့ NUG အပေါ် သဘောထား အပြောင်းအလဲရှိနိုင်သလား...

- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ပြင်နေသူတွေအပေါ် NUG က ဘယ်လိုသဘောထားသလဲ...

- လက်ရှိ စစ်ရေးအခြေအနေပေါ် NUG က ဘယ်လိုရှုမြင်ထားသလဲ...

- စစ်ကောင်စီရဲ့ မြေပြင်စစ်ဆင်ရေးနဲ့ အွန်လိုင်းပေါ်က စိတ်ဓာတ်စစ်ဆင်ရေးကို တော်လှန်ရေးအင်အားစုတွေ ဘယ်လို စုပေါင်းခုခံကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, October 19, 2025

ညောင်ကျိုးဖက် ဦးတည်လာတဲ့ စစ်ကြောင်း AA ချေမှုန်း... KK Park ကို စစ်တပ်ဝင...


ညောင်ကျိုးဖက် ဦးတည်လာတဲ့ စစ်ကြောင်းကို AA ချေမှုန်း... KK Park ကို စစ်တပ်ဝင်စီး...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၀ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော်က အပြည့်အ၀ ထိန်းချုပ်ထားတဲ့ သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ စစ်ကောင်စီရဲ့ စစ်သဘောၤ လှုပ်ရှားမှုတွေ၊ လေယာဉ်နဲ့ကင်းထောက်တာတွေ ပိုများလာနေတဲ့အတွက် ပင်လယ်ပြင်အတွင်း ညဖက် သွားလာမှုတွေကို ပိတ်ပင်လိုက်တယ်လို့ AA က အသိပေးချက်ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၉ ညနေကစပြီး ငါးဖမ်းလှေတွေအားလုံး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း မသွားမလာပဲနေကြဖို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ညောင်ကျိုးရွာအနီးရှိ လေသာတောင်ခြေဆီ လက်နက်နဲ့ ရိက္ခာတွေလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို အာရက္ခတပ်တော်(AA)က ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ်ဖက် သေဆုံးမှုများပြီး လက်နက်တွေပါ ကျန်ခဲ့...

- ကလေးမြို့နယ် ရာဇဂြိုလ်နဲ့ စော်ဘွားရေရှင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေ...

- လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်းတစီးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်မိ...

- လေးကေ့ကော်မြို့က ရှု့ခင်းသာစခန်းနဲ့ စွယ်တော်ကုန်း၊ သောင်ရင်းမြစ်ဘေးက KK Park တို့ကို စစ်ကောင်စီက သိမ်းပိုက်ဟု စစ်လော်ဘီချာနယ်တွေက ဖေါ်ပြ...

- တနသာင်္ရီမြို့နယ်၊ တမုတ်ချုံကျေးရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦး သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, October 17, 2025

နတ်ရေကန်စခန်းက စစ်သား တဒါဇင် လက်နက်ချ... လေးကေ့ကော်မှာ တိုက်ပွဲဆက်ပြင်းထန်.


နတ်ရေကန်စခန်းက စစ်သား တဒါဇင် လက်နက်ချ... လေးကေ့ကော်မှာ တိုက်ပွဲဆက်ပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၈ အောက်တိုဘာ ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းကနေ ကစဉ့်ကလျားထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားအချို့ကို လက်ရဖမ်းမိ၊ အချို့ကအလံဖြူထောင် စသဖြင့် ဖမ်းမိထားသူ တဒါဇင်ခန့်ရှိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၁၇) ထိုးစစ်အတွင်း အခုလို ထွက်ပြေး ခိုလှုံလာကြတာဖြစ်ပြီး အားလုံးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင်...

- လိုင်ဇာမြို့ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လိုင်ဇာမြို့အတွင်း ဈေးရောင်းနေတဲ့ တရုတ်နိုင်ငံသား ၂ ဦး ထိခိုက်ဒဏ်ရာရ...

- သီပေါမြို့ရဲ့ နေရာအများစုကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီဝါဒဖြန့်ချာနယ်တွေကဖေါ်ပြ...

- လေးကေကော်ဒေသအနီးရှိ အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကြားမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ရွာသား ၂ ဦး စစ်ကောင်လက်ချက်နဲ့ သေဆုံး...

- လောင်းလုံးမြို့၊ မြို့မ ဘောလုံးကွင်းနားရှိ၊ အောင်သပြေဘုန်းကြီးကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တခိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိနိုင်...

- ကျောက်ကြီးမြို့နယ်အခြေစိုက် ခလရ ၇၅ က စစ်မှုထမ်းတပ်သားသစ် ၇ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, October 16, 2025

လက်ပံတန်းတိုက်ပွဲ စစ်သား ၁၂ ဦးလက်ရဖမ်းမိ... နတ်ရေကန်စခန်းက ရေဒါတွေကို စစ...


လက်ပံတန်းတိုက်ပွဲ စစ်သား ၁၂ ဦးလက်ရဖမ်းမိ... နတ်ရေကန်စခန်းက ရေဒါတွေကို စစ်ကောင်စီဖြုတ်သိမ်း...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၇ အောက်တိုဘာ ၂၀၂၅)

‌ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်  စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦးသေ၊ ၁၂ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၁၉ လက်ရရှိတယ်လို့ အမှတ် (၂) စစ်ဆင်ရေး နယ်မြေက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၁၅)၊ မနက် (၁၀) နာရီခန့်မှာ တိုက်ခိုက်တာဖြစ်ပြီး သိမ်းမိလက်နက် ၁၉ လက်ထဲမှာ စက်လတ်တွေ၊ G3 တွေ၊ ကာဘိုင်တွေနဲ့ ခဲယမ်းတွေ ပါဝင်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

-  စစ်ကိုင်း-မင်းကွန်းလမ်းပေါ်ရှိ ပေါက်တောကျေးရွာအနီး ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ၊ သေနတ် ၇ လက်ရရှိ...

- ပခုက္ကူလေယာဉ်ကွင်းကနေ ရိက္ခာသယ်ပြီးထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေ၊ သေနတ် ၂ လက်သိမ်းမိ...

- ဟားခါး မြို့မ ရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖမ်းဆီးခံနေရတဲ့ ချင်းတော်လှန်ရေး ရဲဘော် ၅ ဦးကို ကယ်တင်...

- နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို AA အာရက္ခတပ်တော်က သိမ်းပိုက်ဖို့နီးလာချိန်မှာ စခန်းတွင်းရှိ ရေဒါတွေကို စစ်ကောင်စီက ကြိုတင်ဖြုတ်သိမ်းသွား...

- လေးကေကော်မြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဖလူးနဲ့ မင်းလက်ပံဖက်ကိုပါ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာနေ...

- မြစ်ဝကျွန်းပေါ် အမျိုးသားများတပ်ဖွဲ့ရဲ့ အပတ်စဉ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, October 15, 2025

ပန်းတောင်းမြို့နယ်က (၆၆၆) ပွိုင့်ကုန်းကို AA သိမ်းပိုက်... မချမ်းဘော့တို...


ပန်းတောင်းမြို့နယ်ထဲက (၆၆၆) ပွိုင့်ကုန်းကို AA သိမ်းပိုက်... မချမ်းဘော့တိုက်ပွဲ စစ်သားတွေ ထွက်ပြေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၆ အောက်တိုဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလို မီတာအကွာရှိ စစ်ကောင်စီရဲ့ (၆၆၆) ပွိုင့်ကုန်းကို သိမ်းပိုက်ချိန်မှာ စစ်တပ်ဖက်က သေဆုံးသူများပြီး လက်နက်များစွာသိမ်းမိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၁၄)၊ မနက် ၉ နာရီမှာ သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအချိန် (၃) နာရီခန့် ကြာတယ်၊ ၃ ဖက် ၃ တန်ကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အများစိတ်ဝင်စားနေတဲ့ နတ်ရေကန်ဗျူဟာကုန်းအခြေအနေကိုဖေါ်ပြတဲ့အခါမှာတော့... နတ်ရေကန်ကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကစဉ့်ကလျား ထွတ်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်းနေတယ်၊ အချို့နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ်၊ လက်နက်ချက်သူတွေကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ ဖေါ်ပြထားပါတယ်။

တခါ ရခိုင်-ဧရာဝတီအစပ်ဒေသရှိ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးမှာလည်း အောက်တိုဘာ (၁၅) ရက်၊ မွန်းလွဲ (၃) နာရီ (၅၅) မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- မချမ်းဘော့မြို့နယ်၊ ထန်ဂါးကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ မဟာမိတ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ခဲယမ်းတွေ၊ ကျောပိုးအိတ်တွေပါ ချန်ထားပြီး ထွက်ပြေးသွား...

- မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျုစောထီးအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ပျု ၁၅ ဦးခန့်အထိ သေဆုံး...

- ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီဒဏ်ရာရ...

- လောင်းလုံးမြို့ပေါ်ကနေ နီးစပ်ရာ ရွာတွေဆီ ပေါ်တာဖမ်းဖို့ စစ်ကြောင်းထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးသေဆုံး...

- ညောင်ဦးမြို့နယ်က စစ်မှူထမ်းတပ်သားသစ်တဦးဟာ လက်နက်မပါပဲ Garuda Secret Force အဖွဲ့ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မီဒီယာလက်နက် စွဲကိုင်လျက် ဆိုမှတော့ ... ဆိုရှယ်မီဒီယာပေါ် ရေးတဲ့သူကိုလည...


“မီဒီယာလက်နက် စွဲကိုင်လျက် ဆိုမှတော့ ... ဆိုရှယ်မီဒီယာပေါ် ရေးတဲ့သူကိုလည်း ဖမ်းမှာပဲ”

- ဦးတိုးဇော်လတ် (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ)

(၁၅ အောက်တိုဘာ ၂၀၂၅)

“မီဒီယာလက်နက် စွဲကိုင်လျက်ဆိုတဲ့ ကြွေးကြော်သံကို စစ်ကောင်စီက ကိုင်ထားတယ်ဆိုတော့ မီဒီယာကို လက်နက်သဖွယ်သုံးပြီး ဆိုရှယ်မီဒီယာပေါ် ရေးသူတွေကိုလည်း ဖမ်းမှာပဲ၊ အခုဆို ရွေးကောက်ပွဲဝေဖန်မှုနဲ့ဖမ်းခံနေရသူ အတော်များနေပြီ” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူူး ဦးတိုးဇော်လတ်က ပြောပါတယ်။

ဒေါ်ကြူကြူလှကိုဝေဖန်လို့ ဖမ်းဆီးခံရတယ်ဆိုပြီး သတင်းကြီးနေတဲ့ သမီးဆိုး ကိစ္စအပါဝင် လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်မီဒီယာလောက၊ ဆိုရှယ်မီဒီယာလောက အကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- လက်ရှိ မြန်မာ့မီဒီယာအခြေအနေပေါ် နိုင်ငံတကာက ဘယ်လိုရှုမြင်ထားသလဲ...

- စစ်ကောင်စီရဲ့ တယ်လီဂရန် ချာနယ်တွေက ဘယ်လောက်အထိ ကြောက်စရာဖြစ်လာနေသလဲ...

- သမီးဆိုးကို ဖမ်းတာ ဘာကြောင့်လဲ... စစ်ကောင်စီနဲ့ ဆက်စပ်သူကိုဝေဖန်ရင် လူတိုင်း အဖမ်းခံရနိုင်သလား...

- ဆိုရှယ်မီဒီယာမှာ ပို့စ်ရေးလို့ ဒီလို ဖမ်းဆီးခံရတယ်ဆိုရင် အဲဒီ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာကော တာဝန်မရှိဘူးလား...

- ရွေးကောက်ပွဲအကြိုကာလမှာ အွန်းလိုင်းပေါ်ဝေဖန်ရေးသားသူတွေ ဆက်တိုက် ဖမ်းဆီးခံလာရနိုင်သလား...

- စစ်တပ် လော်ဘီချာနယ်တွေ အားနည်းသွားပြီး သတင်းမှန်တင်ပြနိုင်တဲ့ ချာနယ်တွေ အားကောင်း ဘယ်လိုလုပ်ဆောင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, October 14, 2025

နတ်ရေကန်စခန်းကို AA က သိမ်းလိုက်ပြီလို့ သတင်းထွက်ပေါ်... ထားဝယ်က အမြောက်...


နတ်ရေကန်စခန်းကို AA က သိမ်းလိုက်ပြီလို့ သတင်းထွက်ပေါ်... ထားဝယ်က အမြောက်တပ်ကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၅ အောက်တိုဘာ ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးခစန်းကို AA အာရက္ခတပ်တော်ဦဆောင်းတဲ့ တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

နတ်ရေကန်ရဲ့ အဓိက ကာကင်းစခန်းကြီးတွေဖြစ်တဲ့ ဂုတ်ကြီးစခန်းနဲ့ ဖိုက်တာစခန်းတွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း AA က သိမ်းပိုက်ပြီးနောက် အခု နတ်ရေကန်စခန်းဆီ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အချို့သတင်းဌာနတွေကဆိုရင် နတ်ရေကန်စခန်းကို အောက်တိုဘာ ၁၄ ညနေပိုင်းမှာ AA နဲ့ မဟာမိတ်တွေက အပြီးသိမ်းလိုက်ပြီ၊ စစ်သားတွေ ထွက်ပြေးကုန်ပြီလို့ ဖေါ်ပြနေပါတယ်။

ဒါ့အပြင်...

- ငဖဲမြို့နယ်၊ ဇင်ပြန်းရွာကနေ မြေလပ်ကျေးရွာဖက်ကို အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်...  ဥသျှစ်ပင်မြိုနယ်ရှိ ညောင်ခြေထောက်ဘက်ကနေ ညောင်ကျိုးဖက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းတွေကို  AA နဲ့ မဟာမိတ်တွေက ချေမှုန်း...

- ကော့ကရိတ်မြို့မြောက်ပိုင်းရှိ နောင်မိကျေးရွာအနီး စစ်ကောင်စီ- DKBA ပူးပေါင်းစစ်ကြောင်းနဲ့  KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က အထိနာ၊ DKBA အဖွဲ့ဝင်အချို့ကို တော်လှန်ရေးတပ်တွေက လက်ရဖမ်းမိ...

- ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ အမတ ၃၀၂ က လက်နက်သယ်တဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေဆုံး...

- ထီးခီး နယ်စပ်ကုန်သွယ်ရေးခစန်းကို စစ်ကောင်စီလေတပ်က တတိယ အကြိမ်ဖြစ် ဗုံးကြဲတိုက်ခိုက်...

- CNDF - အမှတ်(၁) ခြေလျင်တပ်ရင်းရဲ့ အကြပ်လောင်းသင်တန်း အမှတ်စဉ် (၁/ ၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ...

- KNDF - အမှတ် (၁၄) တပ်ရင်းရဲ့ အပတ်စဉ် (၆) အခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ တပ်တည်ထောင်မှု (၄) နှစ်ပြည့် အခမ်းအနားကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, October 13, 2025

UN နဲ့ သံတမန်များ NCA ပွဲမတက်သင့်ကြောင်း ERO များတိုက်တွန်း... ကရင်နီတို...


UN နဲ့ သံတမန်များ NCA နှစ်ပတ်လည်ပွဲမတက်သင့်ကြောင်း ERO များတိုက်တွန်း... ကရင်နီတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၄ အောက်တိုဘာ ၂၀၂၅)

စစ်ကောင်စီက နေပြည်တော်မှာ ကျင်းပဖို့ပြင်နေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း ၁၀ နှစ်ပြည့်ပွဲဟာ အတု အယောင်သာဖြစ်တဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ သံတမန်တွေ မတက်ရောက်ပဲနေသင့်ကြောင်း ERO ၆ ဖွဲ့က ကြေညာချက်ထုတ် တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ကနေ ၁၇ ရက်နေ့အထိ နေပြည်တော်မှာကျင်းပဖို့ပြင်နေတဲ့ NCA ၁၀ နှစ်ပြည့်ပွဲဟာ ဘာမှအဓိပယ်မရှိကြောင်း၊ စစ်တပ်က အာဏာသိမ်းကတည်းက NCA ပျက်ပျယ်သွားပြီဖြစ်ကြောင်း၊ လက်ရှိအချိန်မှာလည်း တနိုင်ငံလုံးက စာသင်ကျောင်းနဲ့ ဆေးရုံပါမကျန် စစ်ကောင်စီက နေ့စဉ်ဗုံးကြဲနေကြောင်း၊ ဒီလို အချိန်မျိုးမှာ စစ်ကောင်စီက ကျင်းပမယ့် NCA နှစ်ပတ်လည်ပွဲကို ဘယ်လိုမှ မတက်သင့်ကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လွိုင်လင်လေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ကျော်သေ၊ သေနတ် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းမိ...

- စစ်ကိုင်းမြို့နယ် အရှေ့ပိုင်းဘက် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရမှာ စစ်သား ၃ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...

- မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ ပျူစောထီး အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျုစောထီး ၁၀ ခန့်သေဆုံးပြီး စခန်းကို သိမ်းပိုက် ...

- ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းကနေ တပ်အပြောင်းအလဲလုပ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ သေဆုံး-ဒဏ်ရာရသူများ...

- ရေးမြို့နယ်မြောက်ပိုင်းရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမတစ်လျှောက်က ကျေးရွာတွေကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- ဆောမြို့နယ်၊ ကျောက်ထုအခြေစိုက် အမြောက်တပ် ၃၆၈ က ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၂ ဦးကို ပစ္စတို တလက်နဲ့အတူ တော်လှန်ရေးတပ်တွေက လက်ရ ဖမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, October 12, 2025

နတ်ရေကန်ဗျုဟာကုန်းကို AA က ဝိုင်းထား... ရွေးကောက်ပွဲ အသိအမှတ်မပြုရေး အာဆ...


နတ်ရေကန်ဗျုဟာကုန်းကို AA က ဝိုင်းထား... ရွေးကောက်ပွဲအသိအမှတ်မပြုရေး အာဆီယံကို NUG တောင်းဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၃ အောက်တိုဘာ ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ဗျူဟာစခန်းကို AA အာရက္ခတပ်တော် ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပြီးတဲ့နောက် စစ်လေယာဉ်ပေါ်ကနေ အဲဒီခစန်းဆီ ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေချပေးတယ်၊ အတော်များများကို AA ဖက်က သိမ်းမိလိုက်တယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

နတ်ရေကန်ဘေးနားရှိ ဂုတ်ကြီးစခန်းနဲ့ ဖိုက်တာစခန်းတွေကို AA က သိမ်းပိုက်လိုက်ပြီးနောက် ကုန်းလမ်းကနေ စစ်ကူပို့မရ၊ ရိက္ခာပို့မရဖြစ်သွားတဲ့အတွက် အောက်တိုဘာ ၁၁ မှာ Y8 လေယာဉ်ပေါ်ကနေ လေထီးတွေနဲ့ ခဲယမ်းနဲ့ ရိက္ခာတွေ ချပေးတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- လေးကေကော်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဖက်က သေဆုံးမှုများ၊ နောက်ပြန်ဆုတ် ...

- ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)က  အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေ...

- မန္တလေး-မိုးကုတ်လမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းခွဲ ဖော့တော့လမ်းဆုံအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေ...

- စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရေး၊ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ခြင်းရပ်အောင် ဆောင်ရွက်ပေးရေးအပါဝင် အရေးကြီး အချက် ၅ ချက်ကို အာဆီယံ အလှည့်ကျဥက္ကဌထံ NUG တောင်းဆို...

- စစ်ကိုင်းအခြေစိုက် တပ်မ - ၃၃ က စစ်သားတဦး၊ ပုလောမြို့နယ်ရှိ တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း တကက (၁၂)က စစ်သားသစ် (၄)ဦးတို့ဟာ လက်နက်မပါပဲ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာ...

- NUG ပြည်ထဲရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS) ရဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနဲ့  လက်နက်အပ်နှင်းပွဲအခမ်းနားကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, October 11, 2025

“AA က ကပစ တွေကို မြန်မြန်သိမ်းနိုင်လေ ကောင်းလေပဲ”


“AA က ကပစ တွေကို မြန်မြန်သိမ်းနိုင်လေ ကောင်းလေပဲ”

- ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၁ အောက်တိုဘာ ၂၀၂၅)

“ကပစ တွေဟာ စစ်ကောင်စီတပ်အတွက် အဓိကအရေးပါတဲ့နေရာတွေဖြစ်လို့ AA က ကပစ တွေကို မြန်မြန်သိမ်းနိုင်လေ ကောင်းလေပဲ” လို့ စစ်ရေး - နိုင်ငံဝေဖန်သုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။

ကရင်နဲ့ ရခိုင်ဖက်က ထူးခြားတဲ့ စစ်ရေးအခြေအနေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- လေးကေ့ကော်တိုက်ပွဲနဲ့ ဝေါလေဗျုုဟာဖက်က စစ်ရေးအခြေနေ ဘယ်လိုဖြစ်လာနိုင်သလဲ...

- BGF, DKBA, PC အဖွဲ့တွေပေါ် တော်လှန်ရေးအင်အားစုတွေက ဘယ်လို သဘောထားသင့်သလဲ...

- နတ်ရေကန်စခန်းသိမ်းပြီးရင် AA ရဲ့ အဓိက ဦးတည်ချက်ဟာ ကပစ တွေ သိမ်းပိုက်ရေး ဖြစ်လာနိုင်သလား...

- အခုရက်ပိုင်းအတွင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NUG တာဝန်ရှိသူတွေ တွေ့ဆုံမှုတွေက နိုင်ငံရေးအရ ဘယ်လိုထူးခြားလာနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, October 10, 2025

ကပစ ၁၄ နဲ့ ကပစ ၆ အနီး AA တပ်တွေရောက်လာ... ငပလီကမ်းခြေကို စစ်တပ်က လက်နက်က...


ကပစ ၁၄ နဲ့ ကပစ ၆ အနီး AA တပ်တွေရောက်လာ... ငပလီကမ်းခြေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၁ အောက်တိုဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ် ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများပြီး သေနတ် ၃ လက်နက် သိမ်းမိတယ်လို့  ချောင်းဦးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၀ ရက်၊ မနက် ၇ နာရီခန့်မှာ အဲဒီစစ်သားတွေ ချောင်းဦးမြို့  သံလွင်မြန်မာ ဆီဆိုင်အနီးရောက်လာစဉ် တိုက်ခိုက်တာလို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ငါန်းဇွန်မြို့နယ် မြို့သာဈေးမှာ အများပြည်သူဆီကနေ ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၆ ဦး သေ...

- မော်လိုက်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ “သိန်းငှက်စစ်ဆင်ရေး” အတွင်း စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေ၊ သုံ့ပန်းတွေ သိမ်းမိ...

- နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းအနီးက ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လက်ပြီး စစ်ကောင်စီတပ်သားတွေ လက်နက်တွေချန်ထားကာ ကိုယ်လွတ်ရုန်း ထွက်ပြေး...

- လောင်းလုံးမြို့အနီး ညင်းမော်ရွာမှာတိုက်ပွဲဖြစ်... ထီးခီးကို စစ်တပ်က ဆက်တိုက် ဗုံးကြဲ...

- သံတွဲမြို့နဲ့ ငပလီကမ်းခြေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပြီး စစ်သဘောၤကနေလည်း လက်နက်ကြီးနဲ့ပစ်နေတဲ့အတွက် ဒေသခံလူထု စစ်ရေးသတိရှိကြဖို့ AA နိုးဆော်ချက် ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, October 9, 2025

ဗန်းမော်မြို့က ကာကင်းစခန်း ၃ ခု KIA သိမ်းပိုက်... ၉ လအတွင်း လက်နက်ချ စစ်...


ဗန်းမော်မြို့က ကာကင်းစခန်း ၃ ခု KIA သိမ်းပိုက်... ၉ လအတွင်း လက်နက်ချ စစ်သား ၂၀၀၀ ကျော်ရှိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၀ အောက်တိုဘာ ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ ကာကင်းခစန်း ၃ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်တယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

“ဧရာဝတီမြစ်ကမ်းနဘေးရှိ မြို့မ စည်ပင်ရုံးတွေရှိတဲ့ဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတယ်၊ ၂ မိုင်၊ ၃ မိုင်ဘက်က ကာကင်းတွေကို ပြန်ပြီးနေရာယူ ရှင်းလင်းနေတယ်။ ဒါပေမယ့် ခလရ တွေအပါဝင် တပ်ရင်းအလိုက် သိမ်းနိုင်တာမျိုးတော့ မရှိသေးဘူး” လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင်...

- မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်လေယာဉ်ကဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါဝင် ဒေသခံ ၇ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ...

- မင်းတပ်မြို့နယ်ထဲက ကျေးရွာတရွာရဲံ စာသင်ကျောင်းကို စစ်လေယာဉ်ကဗုံးကြဲတဲ့အတွက် စစ်ဘေးရှောင်ကလေး ၃ ဦးအပါဝင် ၄ ဦးသေဆုံး...

- လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ပန်းဇိရွာနဲ့ ညင်းမော်ရွာက ရွာသား ၁၀ ခန့်ကို ဖမ်းဆီးသွား...

- မော်လိုက်မြို့နယ်က စစ်မှုထမ်းတပ်သားသစ် ၁ ဦး၊ ပျူစောထီး ၂ နဲ့ ဆယ်အိမ်မှူး ၁ ဦးတို့ဟာ လက်နက် ၆ လက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာ...

- ဇန်နာဝါရီကနေ စက်တင်ဘာလကုန်အထိ ၉  လတာအတွင်း စစ်တပ်ဖက်ကနေ အလင်းဝင်၊ စစ်မြေပြင်လက်နက်ချ၊ သုံ့ပန်းအဖြစ် ဖမ်းမိသူ အားလုံးပေါင်း ၂၁၂၁ ဦးအထိ ရှိနေပြီလို့ ပြည်သူ့ပန်းတိုင်အဖွဲ့က စာရင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, October 8, 2025

ပွင့်ဖြူနှင့် ကနီတိုက်ပွဲ စစ်တပ်အထိနာ... လေးကေကော်တိုက်ပွဲ စစ်သား ၁၀၀ ခန...


ပွင့်ဖြူနှင့် ကနီတိုက်ပွဲ စစ်တပ်အထိနာ... လေးကေကော်တိုက်ပွဲ စစ်သား ၁၀၀ ခန့်သေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၉ အောက်တိုဘာ ၂၀၂၅)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်ရှိ မဲဇလီ-ဆည်တော် ကြိုးတံတားဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးသူများပြီး အလောင်း ၄ လောင်းနဲ့ သေနတ် ၆ လက် သိမ်းမိတယ်လို့ ပွင့်ဖြူမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက်၊ ညနေ ၅ နာရီခန့်မှာ ဝင် တိုက်တာဖြစ်ပြီး တိုက်ပွဲအချိန် မိနစ် ၉၀ ခန့် ကြာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကနီမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၇ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...

- ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်း ၂ ခုကို KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီး သုံ့ပန်းတွေ၊ လက်နက်တွေပါ ရရှိ...

- နတ်ရေကန်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တန်ပြန် ထိုးစစ်ဆင်ရင်းကနေ အခုဆိုရင် ကပစ (၁၄)နဲ့ တမိုင်ခန့်အကွာထိ တိုက်ပွဲဖြစ်နေ...

- လေးကေကော်တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က သေဆုံး၊ ဒဏ်ရာရ၊ အလင်းဝင် အင်အား ဦးရေ ၁၀၀ ခန့်အထိရှိနေပြီလို့  ဗျူဟာ  (၃၂) ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်...

- ထိုင်း-နယ်စပ်အနီးရှိ ထီးခီးကုန်သွယ်ရေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ရွာသား ၃၀၀ ခန့် ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံနေရ...

- မြိတ်အခြေစိုက် ခလရ ၁၀၁ က စစ်သားသစ်တဦးဟာ MA1 (၁)လက်နဲ့အတူ K.N.D.O တပ်ရင်း(၇)ထံ ဘက်ပြောင်းခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးခီရွာကို စစ်တပ်က ဗုံးကြဲတဲ့အတွက် ကရင်ရွာသာ...


ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးခီရွာကို စစ်တပ်က ဗုံးအလုံး ၄၀ ကျော်ကြဲတဲ့အတွက် ကရင်ရွာသား ၃၀၀ ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးနေရ...

(၈ အောက်တိုဘာ ၂၀၂၅)

တနသာၤရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်နဲ့ ထိုင်း-နယ်စပ်အနီးရှိ ထီးခီးကုန်သွယ်ရေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ရွာသား ၃၀၀ ခန့် ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံနေရတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက BNN ကို ပြောပါတယ်။

ထိုင်းငံထုတ် မီဒီယာတွေမှာလည်း ဒီသတင်းကို အလေးပေး ဖေါ်ပြနေပါတယ်။ အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီခန့်မှာ ဂျက်ဖိုက်တာက ၁၀ ကြိမ်လောက်ပတ်ပြီး တကြိမ်ကို ဗုံး ၄ လုံးနှုန်းနဲ့ကြဲသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သွယ်ရေးခစန်းနေရာက လူနေအိမ်တွေ၊ ဓာတ်ဆီဆိုင်တွေ မီးလောင်ပြီး ရွာသားတွေက ထိုင်းနယ်စပ်ဖက် အမြန်ထွက်ပြေးကြတယ်၊ အခု ထိုင်းနယ်စပ်အနီးက သစ်ပင်တွေအောက်မှာ ဖြစ်သလို ခိုလှုံနေရတယ်။ မွေးကင်းစ ကလေးတွေလည်း ပါတယ်လို့ သိရပါတယ်။

ထီးထာ-ထီးခီးဒေသကို ပြီးခဲ့တဲ့ သင်္ကကြာလကတည်းက KNU နဲ့ မဟာမိတ်တွေက သိမ်းပိုက်ထားပြီး စနစ်တကျအုပ်ချုပ်ရေးဆောင်ရွက်နေချိန်၊ မြေပြင်တိုက်ပွဲ ဘာမှမရှိပဲနဲ့ အရပ်သားတွေကို တမင်ပစ်မှတ်ထားပြီး စစ်ကောင်စီက တိုက်ခိုက်လာတာဖြစ်တယ်လို့ ပဒိုစောအယ်နားက ပြောပါတယ်။

ဒါ့အပြင် အခု ဗုံးကြဲတဲ့နေရာဟာ ထိုင်းနယ်စပ်နဲ့ ၅ ကီလိုအတွင်းဖြစ်တာကြောင့် ဒါဟာ ထိုင်းနိုင်ငံကို မထိမဲ့မြင်ပြုရာရောက်တယ်လို့လည်း ပဒိုစောအယ်နားက ပြောပါတယ်။

ဒီနေ့ ထီးခီးရွာ ဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး ပဒိုစောအယ်နား ပြောကြားထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်...

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, October 7, 2025

နတ်ရေကန်အနီးတိုက်ပွဲ စစ်သား ၂၀ ခန့်ကို AA ဖမ်းဆီး... ဖားကန့်ဖက်မှာ တိုက်...


နတ်ရေကန်အနီးတိုက်ပွဲ စစ်သား ၂၀ ခန့်ကို AA ဖမ်းဆီး... ဖားကန့်ဖက်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၈ အောက်တိုဘာ ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြိုနယ်၊ နတ်ရေကန်စခန်းအနီးရှိ ဂုတ်ကြီးစခန်းဖက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို AA က တန်ပြန်တိုက်ခိုက်ရာမှာ စစ်သား ၁၀ ကျော်သေ၊ ၂၀ ခန့်လက်ရဖမ်းမိထားတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

အောက်တိုဘာ ၆ ရက်မှာ အဲဒီစစ်ကြောင်း ထိုးစစ်ဆင်လာတာပြီး ဂုတ်ကြီးစခန်းနဲ့ ၃ မိုင်ခန့်အကွာရှိ မြေလပ်ရွာကို မီးရှို့နေစဉ် AA နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက် ချေမှုန်းတာလို့ဆိုပါတယ်။

ဒါ့အပြင်...

- မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို Rocket (10) လုံးနဲ့တိုက်ခိုက်ရာမှာ အရာရှိတွေအပါဝင် စစ်တပ်ဖက်က ၁၀ ခန့် သေဆုံး...

- ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလန်းကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၂၀ ခန့်သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရ...

- မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ...

- ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံခြင်းအခမ်းနား အောက်တိုဘာ ၅ ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, October 6, 2025

လေသာတောင်ကြောပေါ် တိုက်ပွဲပြင်းထန်... သီတင်းကျွတ်လပြည့် ဆီမီးထွန်းနေသူတွ...


လေသာတောင်ကြောပေါ် တိုက်ပွဲပြင်းထန်... သီတင်းကျွတ်လပြည့် ဆီမီးထွန်းနေသူတွေကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

(၇ အောက်တိုဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းနဲ့ ဆင်လမ်ရွာကြားရှိ လေသာတောင်ကြောပေါ် စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တွေက ဖြတ်တောက်တိုက်ခိုက်နေပြီး စစ်တပ်ဖက်က ထိခိုက်မှုများနေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

အောက်တိုဘာ ၆ ရက် မနက်ပိုင်းမှာ အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကြောင်းတခု ထိုးဝင်လာတာဖြစ်ပြီး ဂျက်ဖိုက်တာ၊ Y-12၊ Y-8 လေယာဉ်တွေနဲ့ နည်းပညာမြင့် ဒရုန်းတွေနဲ့ပါ ပစ်ကူပေးနေတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- လေးကေကော်မြို့သစ်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး နေရာအချို့ကနေ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဆုတ်ခွာ...

- လေးကေကော်တိုက်ပွဲဝင် စစ်သား ၃ ဦး KNLA ထံ လက်နက်ချ...

- ဒီးမောဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို KNDF က ကြားဖြတ်တိုက်ရာမှာ အရာရှိအပါဝင် သေဆုံးသူများပြီး စစ်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့...

- ထားဝယ်ရေနက်ဆိပ်ကမ်းဒေသက ဧကနိရွာတိုက်ပွဲအတွင်း စစ်တပ်ဖက်က ၁၃ ဦးသေဆုံးပြီး နေအိမ် ၁၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး...

- မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်မှာ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်း နေသူတွေကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတဲ့အတွက် ၂၀ ခန့်အထိသေဆုံးပြီး ၄၀ ကျော်အထိ ဒဏ်ရာရ...

- တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်တွေ ပြန်လည်ထိုးစစ်ဆင်လာနေ...

- မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဖွင့်လှစ်တဲ့ မြို့ပြအနီးကပ်တိုက်ခိုက်မှု (Close Quarters Battle – CQB) သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, October 5, 2025

ရွှေဘိုမြို့နယ်တိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... နတ်ရေကန်မှာ တိုက်ပွဲပ...


ရွှေဘိုမြို့နယ်တိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... နတ်ရေကန်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းမကြီးနားရှိ တဂဏန်းကျေးရွာဖက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွက ကြားဖြတ်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၃ ဦးကိုလက်ရဖမ်းမိ၊ သေနတ် ၃ လက် သိမ်းမိတယ်လို့  ရွှေဘိုမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂ ရက်၊ မနက် ၅ နာရီခွဲခန့်မှာ ရွှေဘိုဖက်ကနေ ထွက်လာတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို တဂဏန်းကျေးရွာအနီး တိုက်ခိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေး- ပျူစောထီးရွာ အဝင်ရှိ  စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ၊ သေနတ် ၃ လက်သိမ်းမိ...

- မုံရွာမြို့ ၊ သာစည်လမ်းနဲ့ အက်တောလမ်းဆုံမှာ ပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ စစ်သား ၄ ဦးကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ၄ ဦးစလုံးသေဆုံးပြီး သေနတ် ၃ လက် သိမ်းမိ...

- တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အရာရှိ တဦး အပါအဝင် ၁၅ ဦး သေဆုံး...

- နတ်ရေကန်တောင် လေကြောင်းရန်ကာကွယ်ရေးစခန်းဆီ စစ်ကူထပ်တက်လာတဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ ပူးပေါင်း မဟာမိတ်တပ်တွေကြား ဂုတ်ကြီးကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေ...

- သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းရှိ သဲချောင်းကြီးကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါဝင် ၅ ဦးဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, October 4, 2025

“TNLA တဖွဲ့တည်းက ခံတိုက်ရသလိုဖြစ်နေတယ်၊ နေရာစုံမှာ တိုက်ပွဲဖေါ်ဖို့လိုတယ်”


“TNLA တဖွဲ့တည်းက ခံတိုက်ရသလိုဖြစ်နေတယ်၊ နေရာစုံမှာ တိုက်ပွဲဖေါ်ဖို့လိုတယ်”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၄- အောက်တိုဘာ - ၂၀၂၅)

“စစ်တပ်ရဲ့ ထိုးစစ်ကို TNLA တဖွဲ့တည်းက ခံတိုက်ရသလိုဖြစ်နေတယ်၊ မဟာမိတ်တွေနဲ့ လက်တွဲဖို့လိုတယ်၊ နေရာစုံကနေ တိုက်ပွဲဖေါ်ဖို့လိုအပ်နေတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

ကျောက်မဲမြို့ကို TNLA က လက်လွတ်ပေးလိုက်ရတာနဲ့ပတ်သက်ပြီး ဘာတွေအားနည်းချက်ရှိလို့လဲ... ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ကျောက်မဲတိုက်ပွဲမှာ စစ်တပ်ဖက်က သာလွန်အင်အား၊ လေကြောင်းပစ်အား အဆမတန် အသုံးပြုခဲ့သလား...

- TNLA က မဟာမိတ်ဆက်ဆံရေး အားနည်းခဲ့သလား...

- စစ်တပ်ကို အချိန်ပေးတာမျိုးမဖြစ်အောင် တော်လှန်ရေးအင်အားစုတွေ ဘယ်လိုစုပေါင်း တိုက်ပွဲဝင်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, October 3, 2025

ကျောက်ဖြူတိုက်ပွဲ စစ်သား ၃၀ အထိသေဆုံး... လေးကေ့ကော်မှာ တိုက်ပွဲ ဆင်ပြင်း...


ကျောက်ဖြူတိုက်ပွဲ စစ်သား ၃၀ အထိသေဆုံး... လေးကေ့ကော်မှာ တိုက်ပွဲ ဆင်ပြင်းထန်နေ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၄- အောက်တိုဘာ - ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြားတိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ဗိုလ်မှူးအဆင့်အပါအဝင် ၃၀ ခန့်အထိ သေဆုံးတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

စက်တင်ဘာ ၃၀ က ကျောက်ဖြူမြို့နယ်၊ ဂေါ်တူတောင်တန်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဂေါ်တူတောင်တန်းနဲ့ ကုလာဘာကျေးရွာကြားမှာ AA က ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- လေးကေကော်မြို့နယ်ရှိ လေးကေကော်၊ ထီးမယ်ဝါးခီး၊ ကျောက်တောင်စတဲ့နေရာတွေမှာ ၁၂ ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ဖက်က သေဆုံးသူများ...

- တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာဟောင်းဖက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ဒေသခံတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်...

- သရက်-မင်းလှလမ်းပိုင်း ဒဟတ်ပင်ရေနံမှော်အနီးရောက်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၆ ဦးသေပြီး ၁၃ ဦးဒဏ်ရာရ...

- အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၇ ဦးသေဆုံး...

- မြင်းခြံမြို့နယ်အရှေ့ခြမ်းက ညောင်ပင်ရွာတိုက်ပွဲမှာ အထိနာပြီး ပြန်ဆုတ်သွားတဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေဟာ စက်တင်ဘာ ၂၉ မှာ အဲဒီရွာဆီပြန်ရောက်လာပြီး ရွာကို မီးရှို့ဖျက်ဆီးနေ...

-  ပုလောမြို့အခြေစိုက် ခလရ-၂၆၅ က စစ်မှုထမ်းတပ်သားသစ် (၁) ဦးဟာ MA1(၁)လက်နဲ့အတူ အောက်တိုဘာ ၁ ရက်နေ့မှာ K.N.D.O တပ်ရင်း (၇)၊ တပ်ခွဲ(၃) ထံ ဘက်ပြောင်းခိုလှုံလာ...

-  လွိုင်ကော်အခြေစိုက် ခလရ ၂၆၁-က စစ်မှုထမ်းတပ်သားသစ် (၂)ဦး ဟာလည်း MA 1 (၂)လက်နှဲ့အတူ စက်တင်ဘာ ၃၀ က KNDF ထံ ခိုလှုံလာ...

- တီးတိန်မြို့နယ်အခြေစိုက် ခလရ ၂၆၉ က တပ်ကြပ် ၁ ဦးနဲ့ စစ်မှုထမ်းတပ်သားသစ် ၁ ဦးတို့ဟာ သေနတ် ၂ လက်နဲ့အတူ PDF Zoland ထံ ခိုလှုံလာ...

- နတ်မောက်မြို့နယ်က ရဲတပ်သား ၁ ဦးဟာ  (MA-13) တလက်နဲ့အတူ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။


Thursday, October 2, 2025

ဗန်းမော်က ကာကင်းစခန်း ၂ ခု KIA ပြန်သိမ်းပိုက်... နတ်ရေကန်စခန်းက စစ်သား ၂...


ဗန်းမော်က ကာကင်းစခန်း ၂ ခု KIA ပြန်သိမ်းပိုက်... နတ်ရေကန်စခန်းက စစ်သား ၂၇ ဦးကို လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃- အောက်တိုဘာ - ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်လက်နက်တပ်ရင်း (၆၄၁) နဲ့ သုံးမိုင်ကျေးရွာတပ်စခန်းတို့ရဲ့ ကာကင်းစခန်း ၂ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်တယ်လို့ The 74 Media က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၃၀ မှာ သိမ်းလိုက်တာဖြစ်ပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်၊ ခလရ ၄၇ ဖက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်၊ လက်နက်ခဲယမ်းအချို့လည်း သိမ်းမိတယ်လို့ KIA သတင်းရပ်ကွက်က ပြောပါတယ်။

ဒါ့အပြင်...

- နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ် ဆင်လာနိုင်တယ်လို့ ယူဆပြီး စခန်းဝန်းကျင်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေ...

- နတ်ရေကန်စခန်း တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ တပ်မ (၉၉) နဲ့ စကခ (၁၇)က စစ်သား ၂၇ ဦးကို လက်ရဖမ်းမိထားပြီး ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားတယ်လို့  လူထုတော်လှန်ရေး မဟာမိတ် အင်အားစု- PRA-Magway က သတင်းထုတ်ပြန်...

- ကန့်ဘလူမြို့နယ်၊ အုန်းတောရွာ- ပျူစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ပျု ၂ ဦးသေ၊ ၆ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၇ လက်ရရှိ...

- ရေးမြို့နယ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ပူးတွဲစစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ရာမှာ စစ်တပ်နဲ့ DKBA ဖက်က ၄ ဦးသေဆုံး...

- ပလမြို့ရှိ မင်းပြင်ရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အပြင်  ပိုင့်ဖိုက် -စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတဲ့အတွက် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးနေရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, October 1, 2025

ကျောက်မဲမြို့ကို စစ်တပ်က ပြန်သိမ်း... လေးကေ့ကော်မှာ တိုက်ပွဲပြင်းထန်..


ကျောက်မဲမြို့ကို စစ်တပ်က ပြန်သိမ်း... လေးကေ့ကော်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂ - အောက်တိုဘာ - ၂၀၂၅)

TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက်မှာ စစ်တပ်က ပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖေါ်ပြပါတယ်။

TNLA ဖက်ကတော့ အောက်တိုဘာ ၁ ရက်နေ့ နောက်ဆုံးအခြေအနေကို ထုတ်ပြန်တာမရှိသေးပါဘူး။ စက်တင်ဘာ ၃၀ ညနေပိုင်း ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီဖက်က သာလွန်အင်အားသုံးပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေသုံးပြီး တိုက်ခိုက်တာကြောင့် ကျောက်မဲက ဌာနဆိုင်ရာရုံးတချို့ မီးလောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်...

- လေးကေကော်ဒေသမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ နေ့ရော၊ ညပါ ဆက်တိုက် ပစ်ခတ်နေ...

- လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးရွာဖက်က စစ်မှုထမ်းကြေးကောက်ဖို့ ထွက်လာတဲ့ စစ်တပ်နဲ့ ရဲ ပူးတွဲစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၂ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...

- ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင်းရှိ ဧကနိကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ...

- စစ်ပွဲတွေရဲ့နောက်ဆက်တွဲအဖြစ် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည် ၉ ခုရှိ ဒုက္ခသည် ၈ သောင်းခန့်ထဲက ၆၀၀၀ ကျော်ကို ပထမ အသုတ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့ ကစပြီး ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ခွင့်ပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“စစ်မှုထမ်းဥပဒေကို ရှောင်ထွက်လာတဲ့ လူငယ်တွေကို ပစ်မှတ်ထားပုံရပါတယ်”


“စစ်မှုထမ်းဥပဒေကို ရှောင်ထွက်လာတဲ့ လူငယ်တွေကို ပစ်မှတ်ထားပုံရပါတယ်”

- ဦးထူးချစ် (Foundation for Education and Development)

(၁- အောက်တိုဘာ - ၂၀၂၅)

“မြန်မာနိုင်ငံကူးစာအုပ်တွေကို အခြားနိုင်ငံသွားခွင့်မရှိဘူး၊ ထိုင်း တနိုင်ငံပဲသွားခွင့်ရမယ်ဆိုပြီး လုပ်လိုက်တာဟာ စစ်မှုထမ်းဥပဒေကို ရှောင်ပြီးထွက်လာတဲ့ လူငယ်တွေကို အဓိက ပစ်မှတ်ထားပုံရပါတယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

မြန်မာအလုပ်သမား ၅ သန်းကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ CI စာအုပ်ကနေ PJ စာအုပ်ပြောင်းတဲ့အခါ မြန်မာနိုင်ငံကူး စာအုပ်ကိုင်သူတွေကို ထိုင်းတနိုင်ငံပဲ နေခွင့်ရှိတယ်၊ အခြားနိုင်ငံတွေဆီ သွားခွင့်မပေးတော့ဘူးဆိုပြီး မြန်မာသံရုံးဖက်က ဆောင်ရွက်လိုက်တာနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- မြန်မာနိုင်ငံကနေ ပြည်ပထွက်ရင် နိုင်ငံကူးလက်မှတ် ဘယ်နှစ်မျိုးအထိ ရှိနေသလဲ...

- CI စာအုပ်ကနေ PJ စာအုပ်ပြောင်းရေးပြသာနာက အလုပ်သမား ၅ သန်းကို ဘယ်လို အခက်ခဲဖြစ်စေနိုင်သလဲ...

- စစ်မှုထမ်းရှောင်သူတွေကို ဆက်ပြီးတားဆီးနေတာ၊ ထိုင်းကနေ ပြန်ပို့ရင် စစ်ထဲသွင်းတာတွေ ဆက်ရှိနေဆဲလား...

- နယ်စပ်ဒုက္ခသည်စခန်းက လူငယ်တွေ ဒီနေ့ အောက်တိုဘာ ၁ ရက်ကစပြီး ထိုင်းမှာ အလုပ်လုပ်ခွင့် တကယ်ရပြီလား..

- ထိုင်းမှာ ဒီလောက်အခက်ခဲတွေများစွာကို ရင်ဆိုင်နေရပေမယ့် ဘာကြောင့် မြန်မာတွေ နေ့စဉ် ထွက်လာနေဆဲဖြစ်နေတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More