Saturday, December 17, 2022

“အမေရိကန်က အကူအညီပေးသလိုမျိုး EU ဖက်လည်း ကူညီပေးမယ့်အလားအလာ အများကြီးရှိ...


“အမေရိကန်က အကူအညီပေးသလိုမျိုး EU ဖက်လည်း ကူညီပေးမယ့်အလားအလာ အများကြီးရှိနေတာကို တွေ့ရပါတယ်”

(ဦးအောင်မျိုးမင်း - လူ့အခွင့်အရေးဝန်ကြီး - NUG)

(၁၈-၁၂-၂၀၂၂)

“မြန်မာ့နွေဦးတော်လှန်ရေးကို အကူအညီပေးဖို့ အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ NDAA ဥပဒေဟာ ဥရောပသမဂ္ဂ EU အတွက် တွန်းအားဖြစ်စေပြီး EU ကပါ အလားတူ အကူအညီပေးမှုတွေဆောင်ရွက်လာမယ့် အလားအလာအများကြီးရှိနေတာကို တွေ့ရတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဥရောပပါလီမန်မှာ မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ကြားခံရတဲ့ ဝန်ကြီး ဦးအောင်မျိုးမင်းကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- အီးယူ-အာဆီယံ အစည်းအဝေးက မြန်မာ့အရေးကို ဘယ်လိုကိုင်တွယ်ဖို့ စဉ်းစားထားသလဲ...

- NUG ဝန်ကြီးကို ဥရောပပါလီမန်က ဖိတ်ကြားခြင်းဟာ NUG ကို တရားဝင်အသိအမှတ်ပြုခြင်းလား...

- အမေရိကန်ရဲ့ NDAA ဥပဒေအရ ကူညီသလိုမျိုး EU ကလည်း မြန်မာ့အရေး ကူညီပေးလာနိုင်သလား...

- NDAA ဥပဒေပါ အချက်တွေကို NUG က ဘယ်လိုရှုမြင်ထားသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဦးကျော်မိုးထွန်းကို UN က သက်တန်းတနှစ်ထပ်တိုးပေးခြင်းအပါဝင် ၂ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးအင်အားစုအပေါ် နိုင်ငံတကာဖက်က ဘယ်လောက် အသိအမှတ်ပြုလာသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More