Tuesday, December 27, 2022

“၂၀၂၂ မှာ ပေးဆပ်မှု အတော်များခဲ့တာကြောင့် ၂၀၂၃ မှာ အောင်မြင်မှုတွေ ပိုရလ...


“၂၀၂၂ မှာ ပေးဆပ်မှု အတော်များခဲ့တာကြောင့် ၂၀၂၃ မှာ အောင်မြင်မှုတွေ ပိုရလာဖို့ မျှော်လင့်ပါတယ်”

(ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၈-၁၂-၂၀၂၂)

“မကြာခင် ကုန်ဆုံးတော့မယ် ၂၀၂၂ ခုနှစ်အတွင်း ပြည်သူတွေဖက်က အသက်၊ အိုးအိမ်တွေများစွာပေးဆပ်ခဲ့ရတဲ့အတွက် လာမယ့် ၂၀၂၃ ဟာ အဲဒီပေးဆပ်မှုကနေ အသီးအပွင့်တွေပြန်ရမယ့်နှစ်၊ အောင်မြင်မှုတွေ ရလာမယ့်နှစ်ဖြစ်ဖို့မျှော်လင့်တယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ် အပေါ်သုံးသပ်ချက်နဲ့ လာမယ့် ၂၀၂၃ ခုနှစ်အပေါ် မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- အလှုပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေများလာနေခြင်းဟာ လူထုက နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုနည်းလာတဲ့သဘောလား...

- ၂၀၂၂ ဟာ ပြည်သူတွေ အနာခံရတဲ့နှစ်ဖြစ်ပြီး ၂၀၂၃ ဟာ အသာစံခွင့်ရနိုင်တဲ့နှစ်ဖြစ်လာနိုင်သလား...

- စစ်ကောင်စီကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပါတီအတုတွေ တကယ်ဝင်ပြိုင်နိုင်ခြေရှိနေသလား...

- UNSC က တောင်းဆိုထားတဲ့အတိုင်း အားလုံးပါဝင်ခွင့်ရတဲ့ ဆွေးနွေးပွဲ ၂၀၂၃ မှာ ဖြစ်ပေါ်လာနိုင်ခြေရှိသလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More