Wednesday, December 7, 2022

“စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရ...



“စစ်ဗိုလ်ချုပ်တွေ ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုလုပ်ဆောင်ရမယ်“

(ဦးကျော်ဇော - NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)

(၈-၁၂-၂၀၂၂)

“ဆယ်စုနှစ်နဲ့ချီပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရထားသလိုဖြစ်နေတဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေက လူသတ်မှုဆက်ကျုးလွန်နေတဲ့အတွက် ဒါကို မဖြစ်မနေအရေးယူရမယ်၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) မဖြစ်မနေ လုပ်ဆောင်ရမယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။

ရိုက်တာသတင်းဌာနက စီစဉ်တဲ့ နိုင်ငံတကာဆွေးနွေးပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ တွေ့ဆုံဆွေးနွေးရေးအခြေခံ မူ ၄-ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အာဆီယံရဲ့ လူသားချင်းစာနာမှုအကူအညီတွေ တကယ်ရလာနိုင်ခြေရှိသလား...

- ငွေကြေးနဲ့ လက်နက်အခက်အခဲကို ဘယ်လိုဖြေရှင်းနေသလဲ...

- NUG ရဲ့ ပြန်လည်သင့်မြတ်ရေးမူဝါဒက ဘာလဲ...

- တမူးမြို့က ဖြစ်စဉ်အပေါ် NUG က ဘယ်လိုအရေးယူဆောင်ရွက်နေသလဲ...

- ၂ နှစ်နီးပါးကြာလာနေပြီဖြစ်တဲ့ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More