Wednesday, December 7, 2022

“စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းနိုင်တဲ့အထိ တိုးတက်လာနေပေမယ့် လိုအပ်ချက...



“စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းနိုင်တဲ့အထိ တိုးတက်လာနေပေမယ့် စုစည်းညီညွတ်မှုဖက်မှာ လိုအပ်ချက်ရှိနေသေးတယ်”

(ဦးသန်းစိုးနိုင် - နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)

(၇-၁၂-၂၀၂၂)

“ERO နဲ့ PDF ပူူးပေါင်းထားတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေဟာ စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတွေကို သိမ်းပိုက်နိုင်တဲ့အထိ အခြေအနေတွေတိုးတက်လာနေပေမယ့် အမိန့်စီးဆင်းမှုစနစ်နဲ့ တစုတစည်းတည်းလုပ်ဆောင်နိုင်ရေးဖက်မှာ လိုအပ်ချက်ရှိနေသေးတယ်” လို့ နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ERO အဖွဲ့တခုဖြစ်တဲ့ ရခိုင့်တပ်တော် AA ရဲ့ အပစ်ရပ်မှု၊ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေအရှိန်မြင့်လာနေမှု၊ ERO နဲ့ PDF တွေကြား ပူူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- AA အဖွဲ့ အပစ်ရပ်ခြင်းက နွေဦးတော်လှန်ရေးကို အားလျော့စေသလား...

- ကိုးကန့်ဒေသတိုက်ပွဲက စစ်ကောင်စီကို အထိနာစေသလား...

- ERO နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ မှာ အပြန်အလှန်ထိုးစစ်ဆင်ရေး ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More