Wednesday, December 28, 2022

တော်လှန်ရေးတပ်ဖွဲ့များ အမိန့်နာခံမှုအားနည်းနေသည့်အပေါ် သူတို့ ဘယ်လိုမြင...



တော်လှန်ရေးတပ်ဖွဲ့များ အမိန့်နာခံမှုအားနည်းနေသည့်အပေါ်  သူတို့ ဘယ်လိုမြင်သလဲ...

(၂၈-၁၂-၂၀၂၂)

မကြာခင်ရက်ပိုင်းမှာ ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားချက်တွေကို နှစ်ချုပ် စုစည်းချက်အဖြစ် BNN က တင်ပြပေးနေပါတယ်။

ဒီနေ့မှာတော့ တော်လှန်ရေးတပ်တွေကြားမှာ စုဖွဲ့မှုအားနည်းခြင်း၊ အမိန့်နာခံမှုအားနည်းခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုကုစားသင့်သလဲ- ဆိုတဲ့ အချက်ကို တင်ပြထားပါတယ်။

- တမူးမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုအပေါ် NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောရဲ့ ပြောကြားချက်...

- အမိန့်နာခံမှုအားနည်းနေသေးတဲ့အပေါ် စစ်ရေးဝေဖန်သူ ဦးသန်းစိုးနိုင်ရဲ့ ထောက်ပြချက်...

- PDF, LDF, ပကဖ၊ ပအဖ၊ ပလဖ စသဖြင့် တပ်တွေ အမျိုးမျိုးကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုနေတဲ့အကြောင်း ရေစကြိုက ပကဖ က ရဲဘော်ဝေကြီးရဲ့ အကြံပြချက်...

- အမိန့်စီးဆင်းမှုအားကောင်းအောင် တကွဲတပြားဖြစ်နေတဲ့ တပ်စုငယ်တွေကို စုပေါင်းပြန်ဖွင့်သင့်ကြောင်း အကြံပြုထားတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုတိယ စစ်ဦးစီး မာဝီ တို့ရဲ့ ပြောကြားချက်ကို စုစည်းတင်ပြလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More