Thursday, December 1, 2022

“တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူတွေ အေးချမ်းစွာနေလို့ရတဲ့ အနေအထ...


“တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေမှာ ပြည်သူတွေ အေးချမ်းစွာနေလို့ရတဲ့ အနေအထားရှိပါတယ်”

(ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်)

(၁-၁၂-၂၀၂၂)

“စစ်ကိုင်း-မကွေးနယ်စပ်တလျောက်မှာ တော်လှန်ရေးအားကောင်းတဲ့အတွက် စစ်ကောင်စီဖက်က စစ်ကြောင်းကြီးမထိုးတဲ့အချိန်ဆိုရင် တော်လှန်ရေးတပ်တွေ လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်တဲ့အပြင် ဒေသခံပြည်သူတွေဟာလည်း အေးချမ်းစွာနေလို့ရတယ်။ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို တော်လှန်ရေးတပ်တွေက ဆောင်ရွက်ပေးနေတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဝေကြီးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ၊ တိုက်ပွဲတွေအခြေအနေ၊ ပြည်သူ့အုပ်ချုပ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- စစ်ကိုင်း-မကွေးနယ်စပ်တလျောက်မှာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ ဘယ်လောက်အထိတိုးတက်နေပြီလဲ...

- PDF, LDF, ပကဖ၊ ပအဖ- စတဲ့အဖွဲ့တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ပေးနေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂-နှစ်ပါးကာလ ဖြတ်သန်းမှုအပေါ် သုံးသပ်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More