Saturday, December 10, 2022

“လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဗျုဟာက အေ...



“လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဗျုဟာက အောက်တန်းကျတဲ့ စစ်တိုက်နည်းဖြစ်တယ်”

(မာဝီ- ဒုတိယ စစ်ဦးစီး - KNDF)

(၁၀-၁၂-၂၀၂၂)

“လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ဗျုဟာက အောက်တန်းကျတဲ့ စစ်တိုက်နည်းဖြစ်တယ်၊ တကယ်သတ္တိရှိရင် လက်နက်ကိုင်ထားသူအချင်းချင်း ဒဲ့ တိုက်ဖို့ စိန်ခေါ်တယ်“ လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ အတွင်းရေးမှူး ၂ လည်းဖြစ်၊ ဒုတိယ စစ်ဦးစီးလည်းဖြစ်တဲ့ မာဝီ ကပြောပါတယ်။

စစ်ကောင်စီတပ်တွေက လက်နက်ကိုင်၊ လက်နက်မဲ့ မခွဲခြားပဲ ရွာတွေကိုမီးရှိုံ။ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေပါမချန် ပစ်ခတ်တိုက်ခိုက်နေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း စစ်ကူပေးနိုင်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- NUG နဲ့ဒေသခံတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုရှိသလဲ....

- စစ်ကောင်စီကတပ်က လက်နက်ကိုင်အချင်းချင်း မတိုက်ရဲလို့ လက်နက်မဲ့ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလား...

- ပန်းတိုင်တူတဲ့ တော်လှန်ရေးတပ်တွေအားလုံး ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More