“ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ပေးနိုင်ဖို့ လေယာဉ်ပစ်လက်နက် လိုအပ်နေပါတယ်”
(ဦးကျော်ဇော - NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)
(၇-၁၂-၂၀၂၂)
အာဏာသိမ်းစစ်ကောင်စီက လေယာဉ်တွေအသုံးပြုပြီး ဗုံးကျဲတာ၊ ရွာမီးရှို့တာ၊ စာသင်ကျောင်းနဲ့ဆေးရုံပါမချန် ပစ်ခတ်နေတာတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် လေယာဉ်ပစ်လက်နက်လိုအပ်တယ်၊ ဒီလိုအပ်ချက်အတွက် သမ္မတကိုယ်တိုင် နိုင်ငံတကာဆွေးနွေးပွဲမှာ တင်ပြတောင်းဆိုတာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာသတင်းဌာနက စီစဉ်တဲ့ နိုင်ငံတကာဆွေးနွေးပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- လေယာဉ်ပစ်လက်နက်တောင်းခံမှု နောက်ဆက်တွဲအခြေအနေ ဘယ်လိုရှိသလဲ...
- အရင်တခါပြောထားတဲ့ ယဟတ်ယာဉ်ပစ်လက်နက်ကော အသုံးပြုနေပြီလား...
- စစ်ကောင်စီဖက်က ကျဆုံး-ထွက်ပြေးမှု ဘာကြောင့် ဒီလောက်များနေသလဲ...
- စစ်ဘေးရှောင်တွေအတွက် NUG က ဘယ်လိုကူညီဆောင်ရွက်ပေးနေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး NUG ရဲ့ နိုင်ငံရေးရပ်တည်ချက်အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။
0 comments:
Post a Comment