Tuesday, December 13, 2022

“နှစ် ၇၀ သက်တန်းမှာ တခါမှမကြုံဖူးသေးတဲ့ ရှုံးနိမ့်မှုမျိုးကို စစ်အာဏာရှင...



“နှစ် ၇၀ သက်တန်းမှာ တခါမှမကြုံဖူးသေးတဲ့ ရှုံးနိမ့်မှုမျိုးကို စစ်အာဏာရှင်တွေ ကြုံတွေ့နေရတာဖြစ်တယ်”

(ဒေါ်ခင်ဥမ္မာ - Progressive Voice)

(၁၄-၁၂-၂၀၂၂)

“အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာရှင်ကြီးစိုးတဲ့ နှစ် ၇၀ ကာလအတွင်း တခါမှမကြုံဖူးသေးတဲ့ ရှုံးနိမ်မှုမျိုးကို ရင်ဆိုင်နေရာတာဖြစ်တယ်။ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွာေးရး၊ စစ်ရေး ဘက်ပေါင်းစုံမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့အတွက် ရှုံးမဲ မဲပြီး လေယာဉ်နဲ့ဗုံးကျဲ၊  ရွာတွေကိုမီရှို့ လုပ်လာနေတာဖြစ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုတာ၊ အမေရိကန်အစိုးရက NDAA ဥပဒေထဲ မြန်မာ့အရေးကူညီဖို့ပြောလာတာ၊ အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်မှုထပ်တိုးတာ၊ စစ်ရေးအရ PDF, ERO တွေဖက်က စခန်းသိမ်းတိုက်ပွဲအထိ တိုးတက်လာနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- အမေရိကန်ရဲ့ NDAA ဥပဒေထွက်လာအပြီးမှာ အခြားအနောက်နိုင်ငံတွေကပါ စီးပွားရေးပိတ်ဆို့မှု တိုးလုပ်လာနိုင်သလား...

- ဦးကျော်မိုးထွန်းကို UN က သက်တန်းတိုးပေးလိုက်ခြင်းဟာ နွေဦးတော်လှန်ရေးကို ဘယ်လိုအကျိုးရှိစေနိုင်သလဲ...

- အာဆီယံ အထူးကိုယ်စားလှယ်က နေပြည်တော်မသွားပဲ ဘရာဆဲကိုရောက်လာခြင်းဟာ စစ်ကောင်စီကို ပိုအထိနာစေသလား...

- ၂ နှစ်နီးပါးကြာ နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More