Sunday, December 18, 2022

“ပြစ်မှုကျုးလွန်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေ ပြေးပေါက်မရှိပါဘူး“



“ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့အတိုင်း ပြစ်မှုကျုးလွန်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေ ပြေးပေါက်မရှိပါဘူး“

(ဦးအောင်မျိုးမင်း - လူ့အခွင့်အရေးဝန်ကြီး - NUG)

(၁၉ - ၁၂- ၂၀၂၂)

“ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့အတိုင်း ပြစ်မှုကျုးလွန်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေ ပြေးပေါက်မရှိအောင် နိုင်ငံတကာက အရေးယူဖို့ပြင်နေတယ်။ ၂၀၂၃ မှာ စစ်ကောင်စီကျဆုံးခန်းကို မြင်လာရမှာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်လာတဲ့ အမေရိကန်ရဲ့ NDAA ဥပဒေ၊ EU ရဲ့ စီးပွားရေးဒဏ်ခတ်မှု၊ UN ကနေ ဦးကျော်မိုးထွန်းကို သက်တန်းတိုးပေးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- လက်မဟုတ်တဲ့ နည်းပညာအကူအညီထဲမှာ ဘာတွေ ပါနိုင်သလဲ...

- ပြစ်မှုကျုးလွန်ထားတဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေကို အရေးယူနိုင်ရေးက လက်တွေ့မှာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ...

- ဦးကျော်မိုးထွန်းကို UN က သက်တန်းတိုးပေးခြင်းဟာ သံတမန်တိုက်ပွဲမှာ စစ်ကောင်စီ ကျဆုံးခြင်းလား...

- ၂ နှစ်ပြည့်နွေဦးတော်လှန်ရေးက ၂၀၂၃ မှာ ဘယ်လောက်အထိ အရှိန်ကောင်းလာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More