Friday, December 2, 2022

“စုဖွဲ့မှုအားနဲ့လက်နက်အား ဒီထက်ပိုကောင်းရင် တော်လှန်ရေးက ဒီထက်ပိုအရှိန်က...


“စုဖွဲ့မှုအားနဲ့လက်နက်အား ဒီထက်ပိုကောင်းရင် တော်လှန်ရေးက ဒီထက်ပိုအရှိန်ကောင်းလာမယ်”

(ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်)

(၂-၁၂-၂၀၂၂)

“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုဖွဲ့မှုအားနဲ့ လက်နက်အားသာ ဒီထက်ပိုကောင်းလာမယ်ဆိုရင် နွေဦးတော်လှန်ရေးက အရှိန်ပိုကောင်းလာပြီး ပန်းတိုင်ကို မြန်မြန်ရောက်နိုင်မှာဖြစ်တယ်၊ ဒီအတွက် အားလုံးလက်တွဲဆောင်ရွက်ဖို့လိုတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဝေကြီးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက နွေဦးတော်လှန်ရေးလှုပ်ရှားမှုအခြေအနေ၊ ၂ နှစ်နီးပါးကာလ တော်လှန်ရေးဖြတ်သန်းမှုအခြေနေ၊ ရှေ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်တာကာလအတွင်း အဓိက စိန်ခေါ်ချက်က ဘာလဲ...

- နယ်မြေထိန်းချုပ်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- စစ်မြေပြင်ရှိ လူငယ်တွေက ရှေ့နှစ်အတွက် ဘယ်လိုမျှော်လင့်ထားသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More