“လေယာဉ်ပစ်လက်နက်ရှာတာအပြင် လေယာဉ်တက်မလာနိုင်အောင် မြေပြင်မှာ လုပ်နိုင်တာလုပ်ဖို့လည်း လိုအပ်ပါတယ်”
(ဦးသန်းစိုးနိုင် - နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ)
(၈-၁၂-၂၀၂၂)
“တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေယာဉ်ပစ်လက်နက်ရှာဖွေတာအပြင် အဲဒီစစ်လေယာဉ်တွေ ကွင်းကနေတောင် တက်မလာနိုင်အောင် မြေပြင်မှာ လုပ်နိုင်တာတွေ လုပ်ဖို့ လိုအပ်နေတယ်” လို့ နိုင်ငံရေး - စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေသေကြေနေရတဲ့အပေါ် ကာကွယ်နိုင်ဖို့အတွက် NUG သမ္မတက နိုင်ငံတကာ အစိုးရတွေဆီ လေယာဉ်ပစ်လက်နက် တောင်းခံနေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ERO ဒေသလှုပ်ရှားမှုနဲ့ အညာဒေသလှုပ်ရှားမှုကို ဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...
- စစ်ကောင်စီရဲ့ လေကြောင်းကနေ အနိုင်ကျင့်နေမှုအပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...
- အမိန့်စီးဆင်းမှု အားကောင်းအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...
- ၂၀၂၃ အတွက် တော်လှန်ရေးအလားအလာ ဘယ်လိုရှိလာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။
0 comments:
Post a Comment