Tuesday, December 13, 2022

“NDAA ဥပဒေထဲမှာ ERO နဲ့ PDF တွေကို နည်းပညာအရ အကူအညီပေးရေးဆိုတဲ့အချက်ပါတာ...



“NDAA ဥပဒေထဲမှာ ERO နဲ့ PDF တွေကို နည်းပညာအရ အကူအညီပေးရေးဆိုတဲ့အချက်ပါတာက ထူးခြားပါတယ်“

 (ဒေါ်ခင်ဥမ္မာ - Progressive Voice)

(၁၃-၁၂-၂၀၂၂)

“အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ထဲမှာ ERO (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ) နဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်များ) တွေကို နည်းပညာအရ အကူအညီပေးရေးဆိုတဲ့အချက်ပါလာတာဟာ နွေဦးတော်လှန်ရေးအတွက် ထူးခြားချက်ဖြစ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ NDAA ဥပဒေက မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဘယ်လိုများ အကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုပြိး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- NDAA ဥပဒေမှာ မြန်မာ့အရေးနဲ့ဆက်စပ်တာ ဘာတွေပါသလဲ...

- ERO နဲ့ PDF တွေကို နည်းပညာအရ အကူအညီပေးရေးဆိုတာ ဘာကိုဆိုလိုတာလဲ...

- စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူပေးနေတဲ့ ကုပဏီတွေ အရေးယူခံရတော့မလား...

- လူသားချင်းစာနာတဲ့ အကူအညီတွေ ဘယ်တော့ စရလာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် UN က သက်တန်း ထပ်တိုးပေးတာအပါဝင် နှေးပေမယ့် တဖြေးဖြေးတိုးတက်လာနေတဲ့ နိုင်ငံတကာရဲ့ နွေဦးတော်လှန်ရေးအပေါ် အားပေးမှူအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More