Wednesday, December 28, 2022

“ERO ဆက်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှူ အားကောင်းလာသလိုမျိုး အညာဒေသမှာပါ လု...



“ERO ဆက်စပ်ဒေသမှာ စစ်ရေးလှုပ်ရှားမှူ အားကောင်းလာသလိုမျိုး အညာဒေသမှာပါ အားကောင်းလာအောင် လုပ်ဖို့ လိုအပ်နေပါတယ်”

(ဦးသန်းစိုးနိုင်၊ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)

(၂၉ -၁၂-၂၀၂၂)

“၂၀၂၂ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ (ERO) ရှိရာဒေသမှာ ပြည်သူကာကွယ်ရေးတပ် (PDF) လှုပ်ရှားမှုအတော့်ကိုအားကောင်းလာတာတွေ့ရပေမယ့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းပါဝင်တဲ့ အညာဒေသမှာတော့ အားနည်းနေဆဲဖြစ်တာကို တွေ့ရတယ်” လို့ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း နွေဦးတော်လှန်ရေးတပ်တွေဖက်က တပ်တည်ဆောက်မှု၊ စစ်ဆင်ရေးလှုပ်နိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- တော်လှန်ရေးတပ်တွေဖက်က နယ်မြေ ၅၀% ကျော် တကယ် ထိန်းချုပ်ထားနိုင်ပြီလား...

- ERO တပ်တွေနဲ့ PDF တပ်တွေကြား ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာသလဲ...

- စစ်ကိုင်း-မကွေး အညာဒေသစစ်မျက်ဆီ NUG က ကူညီပေးမှု အားနည်းနေသလား...

- စစ်ကောင်စီတပ်တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်အောင် ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NDAA ဥပဒေပါ အကူအညီတွေရလာရင် ၂၀၂၃ မှာ နွေဦးတော်လှန်ရေး မှန်းထားတာထက် ပိုအားကောင်းလာနိုင်သလား...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်မှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More