Tuesday, December 20, 2022

“အမေရိကန်အစိုးရက တိုက်ရိုက်ကူညီလာရင်တော့ ထိုင်း-နယ်စပ်ဖြတ် အကူညီပေးရေးက ...



“အမေရိကန်အစိုးရက တိုက်ရိုက်ကူညီလာရင်တော့ ထိုင်း-နယ်စပ်ဖြတ် အကူညီပေးရေးက ဖြစ်ကိုဖြစ်လာမှာပါ”

(ဗညားခွန်အောင် - ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၂၁-၁၂-၂၀၂၂)

“အမေရိကန်အစိုးရဖက်ကသာ  စစ်ပြေးဒုက္ခသည်တွေအတွက် အကူအညီပေးမယ်ဆိုရင် ထိုင်းအစိုးရဖက်က နယ်စပ်ဖြတ်ကူညီပေးရေးကို ခွင့်ပြုလာလိမ့်မယ်“ လို့ သူယုံကြည်ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - (KHRG) ညွှန်ကြားရေးမှူူး ဗညားခွန်အောင်က ပြောပါတယ်။

အမေရိကန် လွှတ်တော်ကအတည်ပြုလိုက်တဲ့ NDAA ဥပဒေအရ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်တွေကို နယ်စပ်ဖြတ် ကူညီပေးမှု လုပ်နိုင်မယ့်အလားအလာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- အမေရိကန်ကပေးမယ့် အကူအညီအပေါ် မြေပြင်မှာရှိတဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ဘယ်လိုရှုမြင်ထားသလဲ...

- ရှမ်းပြည်နယ်ရောက် ကရင်နီစစ်ပြေးဒုက္ခသည်တွေကို စစ်ကောင်စီက ပြန်မောင်းထုတ်နေသလား...

- ထိုင်း-နယ်စပ်ဖြတ် အကူအညီပေးရေး ဘယ်လောက်အထိ တိုးတက်လာနိုင်သလဲ...

- စစ်ကောင်စီဖက်က အသာစီးရနေတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးရန်ကို တော်လှန်ရေးတပ်တွေဖက်က ဘယ်လိုတုန့်ပြန်ကြမလဲ...

- စစ်ပြေးဒုက္ခသည်တွေ ဘယ်တော့ အိမ်ပြန်နိုင်ခြေရှိသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More