Thursday, March 31, 2016

Tour of Flanders ပွဲ ဘယ်သူနိုင်ခြေရှိသလဲ...။

Tour of Flanders ပွဲ ဘယ်သူနိုင်ခြေရှိသလဲ...။
...
လာမဲ့ တနင်္ဂနွေ၊ (ဧပြီလ ၃ ရက်) မှာ ကျင်းပမဲ့ Tour of Flanders အကြိမ် ၁၀၀ မြောက်အထူးပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတဲ့အပေါ် အားလုံးကစိတ် ၀င်စားနေကြပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း cobbled Classics (ကျော်တုံးခင်းလမ်း) ရဲ့ အဓိ ကပြိုင်ဖက်နှစ်ဦးဖြစ်သူ ဆွင်ဇလန်မှ Fabian Cancellara နဲ့ အိမ်ရှင် Tom Boonen တို့နှစ်ဦးက မီဒီယာတွေက အလေးပေးဖေါ်ပြနေပါတယ်။
ဆွင်ဇလန်ချန်ပီယံနဲ့ ဘလဂျီချန်ပီယံတို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဒီပွဲကို ၃ ကြိမ်စီ ပထမ ရထားဖူးပါတယ်။ ၂၀၁၀၊ ၂၀၁၃။ ၂၀၁၄ တို့မှာ ကာစီးလာလား ပထမ ရဖူးပြီး ၂၀၀၅၊ ၂၀၀၆၊ ၂၀၁၂ တို့မှာ ဘွန်းကရထားဖူးပါတယ်။ ဒါ ကြောင့် သူတို့ ၂ ဦးကို ဒီပွဲရဲ့ မဟာပြိုင်ဖက်အဖြစ်တင်စားပြောဆိုနေကြတာပါ။
ဒါပေမဲ့ မနှစ်က ပထမ ရထားသူ Alexander Kristoff (Nor) ဟာ ဒီနေ့ကျင်းပ နေတဲ့ De Panne ပွဲမှာခြေစွမ်းပြနေသူမို့ လျော့တွက်လို့မဖြစ်ပါ။ တခါ ပြိးခဲ့တဲ့ တနင်္ဂနွေနေ့က Gent-Wevelgem ပွဲမှာ ကာစီးလာလားတို့ကို တီးပြီး ပထမ ယူသွားသူ ကမ္ဘာချန်ပီယံ ပီတာဆာဂန်ကိုလည်း မေ့ထားလို့မရပါ။

စာရေးသူကတော့ ဘက်လိုက်မှုရှိတယ်ပဲဆိုဆို လူငယ်ခြေတက် ပီတာဆာဂန် ရလိမ့်မယ်လို့ထင်ထားပါတယ်။ 
၂၅၅ ကီလိုမီတာ (၆ နာရီကျော်-၇ နာရီနီးပါး) ရှည်လျားပြီး cobbled climbs ကျောက်တုံးခင်းလမ်း ကုန်း တက်တွေ၊ ကျဉ်းမြောင်းပြီး အကွေ့အကောက်များလှတဲ့ လမ်းတွေဟာ တကယ့်စိမ်ခေါ်မှုပါပဲ။ ဒါအပြင် ဖေဖေါ်ဝါရီလနှောင်းပိုင်းကကျင်းပခဲ့တဲ့ လမ်း တချို့လည်း ဒီပွဲမှာ ပြန်ပါလာမှာဖြစ်ပါတယ်။
...
ဒီသတင်းနဲ့တဆက်တည်း စာရေးသူ စိတ်ဝင်စားမိတဲ့အကြောင်းရာတခုက တော့ ပီတာဆာဂန်ရဲ့ cobbled Classics (ကျော်တုံးခင်းလမ်း) အတွက် အ ထူးပြင်ဆင်ထားတဲ့ ဘီးပါ။ (ဗွီဒီယိုမှာ ကြည့်နိုင်ပါတယ်)။

ဒီဘီးကို ပြီးခဲ့တဲ့ တနင်္ဂနွေ Gent-Wevelgem ပွဲမှာစီးခဲ့ပြီး အခု Tour of Flanders မှာလည်း ဒီဘီးကို ဆက်စီးမယ်လို့သိရပါတယ်။ သူဟာ အရပ် ၆ ပေ သို့မဟုတ် 182cm မြင့်တဲ့အတွက် 56cm Specialized frame နဲ့ စီးပါ တယ်။
ထိုင်ခုံက Prologo Scratch 2 saddle ဖြစ်ပြီး ခြေနင်းက Look blade pedals ဖြစ်ပါတယ်။ အဲဒီပစ္စည်းတွေအားလုံးမှာ ကမ္ဘာ့ချန်ပီယံအရောင်ကို ချယ်ထားပါတယ်။ ဒါအပြင် သူရဲ့နိုင်ငံ Slovakian flag ကိုလည်း ထည့်ထား ပါသေးတယ်။
နောက်ထပ်ထူးခြားချက်က ဂီယာဟာ Shimano Dura Ace 11s group set ဖြစ်ပြီး ရှေ့ဂီယာ 53x39 နဲ့ နောက်ဂီယာ 11x28 ဖြစ်ပါတယ်။ တခါ တာယာ ကို ၂၈ လက်မသုံးထားတာကလည်း ထူးပါတယ်။ အများအားဖြင့် ၂၇ ခွဲဟာ ပုံမှန် စတန်းဒဖြစ်ပါတယ်။

ကဲ...နှစ် ၁၀၀ မြောက် Tour of Flanders အထူးပွဲမှာ ဘယ်သူ ပထမ ရနိုင် မလဲ။ တနင်္ဂနွေနေ့ (ဧပြီလ ၃ ရက်) မှာ အသေအချာစောင့်ကြည့်ရမှာဖြစ်ပါ တယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More