Monday, March 28, 2016

Gent-Wevelgem ပွဲအတွင်း လဲပြိုဒဏ်ရာရသူ Antoine Demoitie သေဆုံးသွား...။

Breaking News!
...
မနေ့က Gent-Wevelgem ပွဲအတွင်း လဲပြိုဒဏ်ရာရသူ Antoine Demoitie သေဆုံးသွား...။
.....
တနင်္ဂနွေနေ့က ဘလဂျီယံနိုင်ငံမှာကျင်းပတဲ့ Gent-Wevelgem ပွဲ လဲပြိုမှု အတွင်း ဒဏ်ရာပြင်းထန်စွာရသွားသူ Antoine Demoitie (Wanty-Groupe Gobert) ဟာ အရေးပေါ်ကုသမှုခံယူနေစဉ် မနေ့ညက သေဆုံးသွားတယ်လို့ သိရပါတယ်။
...

Demoitié ဟာ အခြား ၄ ဦးနဲ့အတူ ပန်းဝင်ဖို့ ၁၁၅ ကီလိုအလို Sainte-Marie-Cappel အရပ်မှာ လဲပြိုမှုဖြစ်ခဲ့တာပါ။ သူအဲဒီလို လဲပြိုနေစဉ် အနောက်နေ လိုက်လာတဲ့ ပွဲတာဝန် ရှိသူ မော်တော်ဆိုင်ကယ်က ထပ်တိုက်သွားသေးတယ်လို့လဲသိရပါတယ်။
...
ဒဏ်ရာပြင်းတာကြောင့် သူ့ကို Ypres ဆေးရုံဆီ ချက်ချင်းပို့ခဲ့ကြောင်း၊ အဲဒီကတဆင့် intensive care unit of the university hospital in Lille ဆီပို့ခဲ့တယ်လို့သိရပါတယ်။
ညနေပိုင်းမှာတော့ သူ့ရဲ့အသင်း Wanty-Groupe Gobert team ကနေ သတင်းထုတ် ပြန်မှုတခုလုပ်ပြီး Demoitié ရဲ့အခြေအနေဟာ “extremely serious” ဖြစ်နေကြောင်း၊ သူမိန်းမနဲ့မိသားစုဆီအကြောင်းကြားပြိး Lille ဆေးရုံဆီ သတင်းခေါ်ခဲ့ကြောင်း သိရပါတယ်။
...

မနေ့ည သန်းခေါင်ယံမှာတော့ အသက် ၂၅ နှစ်သာရှိသေးတဲ့ Antoine Demoitie ဟာ ပြိုင်ပွဲအတွင်း ရခဲ့တဲ့ ဒဏ်ရာကြောင့် သေဆုံးသွားပြီလို့ AFP and Directvelo.comတို့မှာ သတင်းပါလာပါတယ်။
...
ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ် Union Cycliste Internationale (UCI) ကတော့ ဒီဖြစ်ရပ်အပေါ် အထူးဝမ်းနည်းတုန်လှုပ်မိကြောင်းနဲ့ ဖြစ်စဉ်အသေးစိပ်ကို စုံစမ်းဖေါ်ထုတ်သွားမယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
...

အသင်းဖေါ်တွေ၊ တခြားစက်ဘီးသမားတွေကလည်း ဒီဖြစ်ရပ်အပေါ် တုန်လှုပ်ခြောက်ခြား ကုန်ပြိး ၀မ်းနည်းခြင်းတွေပြောဆိုနေကြကြောင်းသိရပါတယ်...။
....။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More