Sunday, March 20, 2016

Paris-Nice တာဝေးပွဲ နောက်ဆုံးနေ့ပြီးစီး...Thomas အ၀ါရောင်အကျီရ...။

Paris-Nice တာဝေးပွဲ နောက်ဆုံးနေ့ပြီးစီး...Thomas အ၀ါရောင်အကျီရ...။
...
1 Geraint Thomas (GBr) Team Sky 27:26:40
2 Alberto Contador (Spa) Tinkoff-Saxo 00:00:04
3 Richie Porte (Aus) Team Sky 00:00:12


(သတင်းတွေကို ထပ်မတင်တော့ပါ...။ Live ရေးထားတာတွေကို ဆက်ဖတ်ပါရန်...)
...
ပြင်သစ်မှာ သီတင်းတပတ်တာကျင်းပနေတဲ့ Paris-Nice တာဝေးပွဲ ၇ ရက် မြောက်နေ့ သို့မဟုတ် နောက်ဆုံးနေ့ (Nice - Nice) 141 km ပြိုင်ပွဲကို ဒေသ စံတော်ချိန် မနက် ၁၁ နာရီခွဲ၊ (ရန်ကုန်အချိန် ၃ နာရီခန့်က) စတင်နေပါပြီ။
113km remaining from 141km (ကီလို ၃၀ ခန့်စီးအပြီး) အထိခရီးရောက် နေပြီဖြစ်ပြီး ၆ ဦးပါ ရှေ့ပြေးအဖွဲ့တခုက အုပ်စုကြီးကို ၃ မီနစ်ခန့်ဖြတ်ထားပြီး ပြေးနေပါတယ်။
ဒီနေ့ဟာ နောက်ဆုံးနေ့ဆိုပေမဲ့ နံပတ် ၁ အဆင့် ၂ လုံး၊ ၂ အဆင့် ၂ လုံးနဲ့ ၃ အဆင့် ၃ လုံး စသဖြင့် တောင် ၆ လုံး၊ (အထူးသဖြင့်နောက်ဆုံးတောင်ဟာ မြေပြန့်အထိဆင်းပြီးမှ ပြန်တက်ရတဲ့တောင်ဖြစ် တာကြောင့်) ရှိတာကြောင့် GC သမားတွေအကြိတ်အနယ်ပြိုင်ကြရဦးမှာဖြစ်ပါတယ်။
တောင်တက်ရမဲ့ အကွာအဝေးနဲ့ ပေအမြင့်တွေကတော့...
Km 33.0 - Côte de Duranus, cat. 3
Km 41.0 - Côte de Levens, cat. 3
Km 55.5 - Côte de Châteauneuf, cat.2
Km 69.5 - Col de Calaison, cat. 2
Km 86.5 - Côte de Peille, cat.1
Km 118.5 - Col d'Èze, cat.1 တို့ဖြစ်ပါတယ်။
...
After 81 km, the lead group has 3:25 on the field. ကီလို ၈၀ ကျော်စီးပြီးချိန်အထိ ရွှေပြေးအဖွဲ့က ၃ မီနစ်ခွဲနိးပါးဖြတ်ပြီး ပြေးနေဆဲဖြစ်ပါတယ်။ ၈၆ မှာ နံပတ် ၁ အဆင့် တောင် တလုံးရှိတဲ့အတွက် Peloton က ဖမ်းမိနိုင် မနိုင် စောင့်ကြည့်ရပါ့မယ်။

...
အခု (မြန်မာစံတော်ချိန် ၆ နာရီ) ချိန်ကစပြီး နော်ဝေး TV2 က Live ပြပါတော့မယ်။ Euro Sport TV ကတော့ နောက်ထပ် နာရီဝက်အကြာမှာ စတင်ပြသမယ်လို့ ကြေညာထားပါ တယ်..။
......
Tinkoff အသင်းခေါင်းဆောင် Contador ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ပါတယ်။ မနေ့က လို တိုက်ခိုက်မငတွေဆက်တိုက်လုပ်ပြီး လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် စကိုင်းအသင်းက သောမတ်စ်တို့အဖွဲ့ကို ပြုတ်အောင်ဖြုတ်ပြီး ထွက်ပြေးသွားတာဖြစ်ပါတယ်။
ပန်းဝင်ဖို့ကိလို ၄၀ ကျော်အလိုမှာ ...ပ အုပ်နဲ့ သူ့အကြားမှာ တမီနစ်ကျော်သာကျန်ပြီး သောမတ်စ်တို့က ၃ မီနစ်ခန့်ကျန်နေဆဲဖြစ်ပါတယ်။
...
Contador နဲ့အတူ သူ့အသင်းဖေါ် ၂ ဦးပါလာတဲ့အပြင် အခြား ရှေ့အုပ်က ပြုတ်ကျန်ခဲ့သူတွေ နဲ့ပေါင်းလိုက်တော့ ၁၀ ဦးလောက်အထိ အင်အားရှိသွား။ ရှေ့ပြေးကိုမီဖို့ ၁ မီနစ်ကျော်ကျော် သာလိုပြီး စကိုင်းအဖွဲ့က သူ့ကိုမီဖို့ စက္ကန့် ၃၀ အလိုနဲ့ အသဲအသန်လိုက်နေ...။ ပွဲ အကောင်း ဆုံးအချိန်ဟုဆိုနိုင်..။ မပြေးတတ်ရင် ပြန်ဖမ်းမိသွားနိုင်သေး...။
...
ဒီနေ့ ပန်းဝင်တဲ့ ၁-၁၀ စာရင်း...
Top Ten on the stage:
1 Tim Wellens (Bel) Lotto Soudal 03:16:09
2 Alberto Contador (Spa) Tinkoff-Saxo
3 Richie Porte (Aus) Team Sky
4 Tony Gallopin (Fra) Lotto Soudal 00:00:05
5 Simon Yates (GBr) Orica GreenEdge
6 Arnold Jeannesson (Fra) FDJ.fr
7 Rui Costa (Por) Lampre-Merida
8 Jesus Herrada (Spa) Movistar Team
9 Romain Bardet (Fra) AG2R La Mondiale
10 Ion Izagirre (Spa) Movistar Team
......
ရက်တာပွဲအပြီး GC ၁-၁၀ ရသွားသူများ...
the final GC for the 2016 Paris-Nice:
1 Geraint Thomas (GBr) Team Sky 27:26:40
2 Alberto Contador (Spa) Tinkoff-Saxo 00:00:04
3 Richie Porte (Aus) Team Sky 00:00:12
4 Ilnur Zakarin (Rus) Team Katusha 00:00:20
5 Ion Izagirre (Spa) Movistar Team 00:00:37
6 Sergio Luis Henao (Col) Team Sky 00:00:44
7 Simon Yates (GBr) Orica GreenEdge
8 Tony Gallopin (Fra) Lotto Soudal 00:00:51
9 Romain Bardet (Fra) AG2R La Mondiale 00:01:00
10 Rui Costa (Por) Lampre-Merida 00:01:07
.......

စာရေးသူရဲ့ ထင်မြင်ချက်...
...
Contador ဟာ အကောင်းဆုံးအရှုံးသမားဖြစ်သွားတယ်လို့ထင်ပါတယ်။
ဒီနေ့ပွဲမှာ အခါပေါင်းများစွာ ထွက်ပြေးခဲ့ပေမဲ့ မလွတ်ခဲ့ပါဘူး။ ကီလို ၃၀ အလို ထွက်ပြေးစဉ်က ၁ မီနစ်အထိလွတ်ခဲ့ပေမဲ့ ပြန်ဖမ်းမိခဲ့ပါတယ်။
တခါ နောက်ဆုံးအကြိမ် ၁၂ ကီလိုဝန်းကျင် (နောက်ဆုံးတောင်) မှာထွက်ပြေးတော့ လည်း လွတ်လွတ်ကျွတ်ကျွတ်မလွတ်ပြန်ဘူး။ ... နောက်တချက်တွေ့ရတဲ့ သူရဲ့အားနည်းချက်က ကုန်းတက်ပဲလေ့ကျင့်ထားပြီး ကုန်းဆင်းလေကျင့်မထားဘူးထင်ရ။
အခု သောမတ်စ်ကပြောပြီ။ ၅၄ ဂီယာ နဲ့အသေလိုက်နိုင်လို့ ဒုတိယ အုပ်ကို သူမီသွားတာပါ တဲ့။
တကယ်ဆို သောမတ်ဟာ ကွန်ဒေတာတို့အဖွဲ့နဲ့ ပြတ်တဲ့အပြင် ဒုတိယ အုပ်ဆီကပါ ပြတ် ကျန်ခဲ့တာကြောင့် စက္ကန့် ၃၀ ကို ပြန်ဖြည့်ဖို့ ဘယ်လိုမှမလွယ်တဲ့အနေအထားပါ။
ကွန်ဒေတာ ပန်းအ၀င်မှာ (ကုန်းအဆင်းမှာ) ဒီထက် အရှိန်ပိုတင်ပြေးရင် ဘာဖြစ်မလဲ...။
အရှိန်ကုန်နေလို့လား၊ အကွေ့အကောက်များလို့ ထိမ်းနေတာလား။ 
နောက်တခုက တကယ်လို့ သူ ပထမ ရမယ်ဆိုရင် အချိန်ပိုဆု ၁၀ စက္ကန့်ထပ်ရမယ်ထင်။ မနေ့က သူပြတ်နေတာက ၁၅ စက္ကန့်တည်း။ ဒီနေ့မှာ သူက သောမတ်စ်ကို ဖြတ်နိုင်တာက ၇ စက္ကန့်တည်း။ သချာ်အရတွက်တော့ ပထမ ရရင် ၁၇ စက္ကန့်ဆို ၂ စက္ကန့်အသာနဲ့နိုင်ပြီ။ အခုတော့ ဒုတိယဆိုတော့ အပိုဆု ၆ စက္ကန့် + ၇ ဆိုတော့ ၁၃ ဆိုတော့ ၄ စက္ကန့်တည်းနဲ့ ဒုတိယ ဖြစ်သွားပါကြောင်း...။

....
မနက်ဖြန်မှာ (ဒီနေ့ နှင်းကျလို့ ရပ်ထားရတဲ့) Tirreno-Adriatico ရဲ့ ၅ ရက်မြောက်ပွဲ လာဖို့ရှိနေပါတယ်။ Castelraimondo ကနေ Cepagatti အထိ 210km ပွဲဟာ မြေပြန့်များ တာကြောင့် ပီတာဆာဂန်များ ပြန်ရမလားလို့ မှန်းနိုင်ပါသေးတယ်။
သဖက်ခါမှာတော့ ITT တဦးချင်းစံချိန်ပြုနဲ့ ဒီပွဲကို အဆုံးသတ်မှာဖြစ်ပါတယ်။
....
ပြင်သစ်နဲ့ အီတလီက သီတင်းတပတ်ကြာ ဒီပွဲကြီး ၂ ပြီးရင် စပိန်မှာ ဧရာမပွဲတခုလာပါ လိမ့်မယ်။ ဧရာမလို့ခေါ်ရတာကတော့ March 21-27, Calella, Catalunya ပွဲမှာ ဒီနေ့ ဒုတိယ ရသွားတဲ့ ကွန်ဒေတာအပါဝင် တခြား Grand Tour (၂၁ ရက်တာပွဲ) ချန်ပီယံတွေ ဖြစ်တဲ့ တိုးဒီဖရင့်ချန်ပီယံ ခရစ်ဖရိုး၊ စပိန်ပွဲချန်ပီယံ အရူနဲ့အတူ တိုးဒီဖရင့် ၂ ကြိမ် ဒုတိယ ရထားသူ ကင်တားနားအပါဝင် အကျော်အမော်အားလုံး ပါဝင်ယှဉ်ပြိုင်ကြမှာမို့လို့ဖြစ်ပါတယ်။
...
ဒါပေမဲ့ အဲဒီပွဲမတိုင်ခက် လူစိတ်ဝင်စားတဲ့ Spring Classics ပွဲကြီးတခုလည်းရှိပါသေးတယ်။ အဲဒါကတော့ ၁၉ ရက်နေ့ (ရှေ့တပတ်စနေ) မှာကျင်းပမဲ့ March 19, 2016, Milan, Italy, Road - WorldTour ပွဲပဲဖြစ်ပါတယ်။ ပီတာဆာဂန်အပါဝင် Classics သမားတွေနဲ့ အကျော် အမော်အားလုံးနီးပါး ၀င်ပြိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More