Sunday, March 20, 2016

Tirreno-Adriatico ပွဲပြီးစီး Peter Sagan ဒုတိယ နဲ့ကျေနပ်လိုက်ရ...။

Tirreno-Adriatico ပွဲပြီးစီး Peter Sagan ဒုတိယ နဲ့ကျေနပ်လိုက်ရ...။
...
အီတလီမှာ ကျင်းပနေတဲ့ Tirreno-Adriatico ပွဲ ၇ ရက်မြောက်နေ့ သို့ မဟုတ် နောက်ဆုံးနေ့ (San Benedetto del Tronto ကနေ San Benedetto del Tronto အထိ (အသွား-အပြန်) တဦးချင်းစံချိန်ပြု (ITT) 10.1 km ပွဲမှာ ဆွင်ဇ လန်မှ စံချိန်ပြုဆရာကြီး Fabian Cancellara (Swi) Trek Segafredo က 0:11:08 မီနစ်နဲ့ ပထမ ရသွားပါတ်။

Johan Le Bon (Fra) FDJ.fr က 0:00:13 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ ဂျာမီဏီမှ နာမည်ကြီးစံချိန်ပြုသမား Tony Martin (Ger) Etixx - Quick-Step က 0:00:15 စက္ကန့်နောက်ကျပြီး တတိယ ရပါတယ်။
ဒါပေမဲ့ အားလုံးစိတ်ဝင်စားနေကတော့ ၇ ရက်ပေါင်း ပထမ အပြာရောင် အကျီ ဘယ်သူရမလဲဆိုတာပါပဲ။ မနေ့က အစီရင်ခံထားတဲ့အတိုင်း ကပ်ပြီး အပြာ ရောင်အကျီရသွားသူ Greg Van Avermaet နဲ့ ဒု-တ ကပ်လိုက်နေသူ Zdenek Stybar (Cze) နဲ့ Peter Sagan (Svk) တို့ဟာ ၇-၈ စက္ကန့်သာ ကွာ တာကြောင့် ဒီနေ့ စံချိန်ပြုမှာ အကောင်းဆုံးစီးနိုင်သူ ပထမ ရသွားနိုင်ပါတယ်။
ဒီ ၃ ဦးထဲက ပထမ ပိုင်းမှာတာထွက်ရသူက Peter Sagan (Svk) ဖြစ်ပြီး သူ့ ရဲ့စီးနှုန်းက ကာစီးလာလာရဲ့ 11:08 လောက်မကောင်းပေမဲ့ 11:32 ဆိုတာ အတော်အခြေအနေကောင်းတယ်လို့ဆိုရမှာပါ။ 
သူ့နောက်မှာ တာထွက်ရတဲ့ Greg Van Avermaet ဟာ ပထမ ၅ ကီလိုမှာ ၂ စက္ကန့်နောက်ကျပြီး ပန်းဝင်ခါနီးမှာ ၇ စက္ကန့်နောက်ကျနဲ့ 11:39 ရပါတယ်။ ဆာဂန်ရထားတာက 11:32 ဆိုတော့ ၇ စက္ကန့်ပြတ်တာပေါ့။ 

ဒါပေမဲ့ သူ မနေ့ကလိုနေတဲ့ စက္ကန့်က ၈ စက္ကန့်ဖြစ်တဲ့အတွက် တစက္ကန့်တည်း အလိုနဲ့ Greg Van Avermaet ကို Peter Sagan အရှုံးပေးလိုက်ရပါတယ်။
ဒါကြောင့် ဒီနေ့ ၂၀၁၆ အတွင်း ပထမ ဆုံးအကြိမ်အောင်ပွဲရလိမ့်မယ်လို့ အများရဲ့ မျှော်မှန်းခြင်းကိုခံထားရသူ ကမ္ဘာ့ချန်ပီယံ Peter Sagan ဟာ မနှစ် က သူမကြာခဏ နောက်ပြောပြောဆိုခဲ့တဲ့အတိုင်း ''မောင်မောင်ဒုတိယ'' အဖြစ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ 

ပိုထူးလာတာကတော့ အရင်က မောင် မောင်ဒုတိယဟာ တနေ့တာ Stage ပွဲစဉ်တွေအတွက်သာဖြစ်ပြီး အခုက တော့ ၇ ရက်တာပွဲစဉ်ကြီးတခုလုံး အတွက် ဒုတိယ ဖြစ်လာတာကြောင့် တိုးတက်လာတယ်ပြောရမလား။ ဒါမှ မဟုတ် ဒီလိုအောင်မြင်မှု (ပထမ နေရာမရသေးခြင်း) မရသေးခြင်းက လာမဲ့ ပွဲတွေမှာ၊ အထူးသဖြင့် လာမဲ့ စနေမှာကျင်းပမဲ့ Milan-San Remo ပွဲမှာ ပထမ ရနိုင်ဖို့ တွန်းအားတခုဖြစ်လာစေမလားဆိုတာကို စိတ်ဝင်တစား ဆက် လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More