Monday, March 28, 2016

မတ်လ ၂၈ ရက် မှတ်စုများ...။

(သဘောတူခြင်း မတူခြင်းနှင့်မဆိုင်... မှတ်တမ်းအနေဖြင့် စုစည်းထားခြင်းသာဖြစ်)။

............
ဆွေးမျိုးတော်သဖြင့် ၀န်ကြီးချုပ် ဖြစ်လာခြင်းမဟုတ်ဟု ဒေါက်တာလဲ့လဲ့မော်ဆို
==================================== 
တနင်္သာရီ တိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၏ ခယ်မဖြစ်ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်စိုးမှာ များစွာ နီးကပ်မှုရှိသဖြင့် ဒေါက်တာလဲ့လဲ့မော်မှာ ၀န်ကြီးချုပ် အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ 


ယင်းနှင့် ပတ်သက်၍ Dawei Watch ၏ မေးမြန်းချက်ကို ဒေါက်တာလဲ့လဲ့မော်က အောက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့ သည်။ 
"အစ်မရဲ့ ဟို… ခဲအိုပဲဆိုပါစို့ ဦးအောင်စိုးက အစ်မတို့မျက်စိရှေ့မှာပဲ အစ်မတို့ အိမ်ထောင်သက်တစ်လျှောက်မှာပဲ နိုင်ငံရေးအတွက် အနစ်နာခံလာတယ်။ ဦးအောင်စိုးကို အစ်မက အားကျတယ်။ 
ဘာပဲဖြစ်ဖြစ်နိုင်ငံရေးနဲ့ပက်သက်လို့ ပေးဆပ်နိုင်တဲ့သူတစ်ယောက်အဖြစ် အစ်မက အမြဲတမ်းလေးစားဂုဏ်ယူပါတယ် ကိုယ့်ဆွေမျိုးထဲမှာ ။ ဒါပေမယ့်လို့ အစ်မ အခုလိုဖြစ်လာတာကတော့ ဦးအောင်စိုးရဲ့ အကူအညီပါလိမ့်မယ်လို့ မထင်ပါဘူး။ 
ဦအောင်စိုးကို အစ်မကလည်း အစောကြီးထဲက ကြိုပြောထားပါတယ်။ နိုင်ငံေ၇းမှာ လွတ်လွတ်လပ်လပ်ပဲလှုပ်ရှားရအောင်လို့ အစ်ကိုနဲ့ ကျွန်မနဲ့ ဆိုပြီးတော့ အဲလိုမျိုး။ အစ်မတို့လွတ်လွတ်လပ်လပ်ပဲ လှုပ်ရှားကြပါတယ်"
ထားဝယ်ဒေသ၊ သရက်ချောင်းမြို့ပေါ်တွင် ကိုယ်ပိုင်ဆေးကုခန်းဖွင့်ထားသော ဒေါက်တာလဲ့လဲ့မော်သည် ရန်ကုန်ဇာတိဖြစ်ပြီး အသက် ၅၀ နှစ် ရှိပြီဖြစ်သည်။ 
ဒေါက်တာလဲ့လဲ့မော်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတစ်ဦးဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်စိုး၏ ညီဖြစ်သူ ဦးထွန်းမင်းနှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦး သမီးနှစ်ဦးရှိသည်။ 
ဓာတ်ပုံ - Dawei Watch
......

The Irrawaddy (Burmese Version) added 3 new photos.
8 hrs
မတ်လ ၂၈ ရက်နေ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် ဦးညီပုကို ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့လို့ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်အမတ်များက လွှတ်တော်အစည်းအဝေး မတက်ဘဲ ထွက်ခွာ သပိတ်မှောက်ခဲ့ကြပါတယ်။ 

ဓာတ်ပုံ-မင်းအောင်ခိုင်/ဧရာဝတီ
......
sai lwin
8 hrs
တခြားမီဒီယာတွေလည်း ယူသုံးနိုင်တယ်
--------------------------------------

အခုပဲ မီဒီယာ တစ်ခုက ရှမ်းဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ မှတ်ချက်မေးလာတယ် ဖြေလိုက်တာက ရှမ်းနဲ့ရခိုင်က မတူဘူး အခြေနေအနည်းငယ်ကွဲတယ် သမိုင်းတော့ တွင်သွားတာပေါ့လေ ဦးနေ၀င်း ဦးသိန်းစိန်လက်ထက်တောင်ရှမ်းပြည်နယ်အကြီးအကဲက ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုပဲ ဖြစ်ခဲ့တာဆိုတော့ ကိုင်တွယ်နိုင်မတွယ်နိုင်ကတော့ စောင့်ကြည့်ရမယ်။ သူပုန်များပြီး Mirgration လက်နက်နဲ့ မူးယစ်လို ကုန်သွယ်မှုတွေ များတဲ့နေရာမှာဒေသခံအင်အားစုတွေရဲ့ ပူးပေါင်းပါဝင်မှု မရပဲ အန်အယ်လ်ဒီ ပါတီ တစ်ခုတည်းထင်သလို လုပ်မယ်ဆိုရင် စိန်ခေါ်မှုနဲ့ ကြုံရလိမ့်မယ်။ ဒါမှမဟုတ် ၀န်ကြီးချုပ်က သမာသမတ်ကျပြီး အစ်ရှူးတွေနားလည်တယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်လို့ပဲ ဖြေလိုက်တယ်။ ဖက်ဒရာယ်အရေး တိုင်းရင်းသားတန်းတူရေး ကတိပေးထားပြီး ပင်လုံစာချုပ်အဓိက လက်မှတ်ရေးထိုးတဲ့ ပြည်နယ်မှာ ဗမာသွားအုပ်ချုပ်တာတော့ ဗိုလ်ချုပ်နဲ့ ပြောင်းပြန်လို ဖြစ်တာပေါ့ ပြည်ထောင်စုပါတီလို့ ဆိုထားတော့ ဟုတ်မဟုတ် ဆိုတာ မကြာခင် အဖြေပေါ်မှာပဲ လို့သာ ပြောခဲ့တယ်။
....
အစွဲကင်းကင်းကြည့်ကြစေဖို့
၁။ လွှတ်တော်နှင့်ဒီမိုကရေစီ
လွှတ်တော်မှာ အနဲစုဖြစ်နေတဲ့အမတ်တွေ အားလုံးရပ်ပြီးကန့်ကွက်တာ
ဘဲဖြစ်ဖြစ် လွှတ်တော်ထဲကထွက်သွားပြီးကန့်ကွက်တာဖြစ်ဖြစ် ယင်းသို့ပြုမူ
ခြင်းများသည် သူတို့၏ အခွင့်အရေး သူတို့၏လုပ်ပိုင်ခွင့်သာဖြစ်သည်။ ထို
အပြုအမူများ သူတို့၏လုပ်ပိုင်ခွင့် သူတို့၏ဒီမိုကရေစီ အခွင့်အရေးနှင့်ပတ်
သက်၍ ပြစ်တင်၍ မရပေ။ သူတို့၏ဒီမိုကရေစီအခွင့်အရေးကို လေးစားအသိ
မှတ်ပြုရန်လိုအပ်ပေမည်။
၂။ ANP နှင့် ဝန်ကြီးချုပ်ပြသနာ
၂၀၀၈ ခြေဥအရ ပြည်နယ်ဝန်ကြီးချုပ်အား သမတက ခန့်အပ်ပိုင်ခွင့်ရှိသည်။
၎င်း ဥပဒေပုဒ်မအားပြင်ဆင်၍ ပြည်နယ်ဝန်ကြီးချုပ်အား ပြည်နယ်လွှတ်တော်
မှာရွေးကောက်တင်မြှောက်နိုင်ရေး ၎င်းပုဒ်မအားပြင်ဆင်ရေးအား ပထမအ
ကြိမ်ပြည်သူလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ဘူးသည်။ ထိုစဉ်ကလွှတ်တော်
တွင်အနဲစုဖြစ်သည့် NLD အမတ်များလည်းထောက်ခံခဲ့ကြသည်။ သို့သော်
ထိုစဉ်က စစ်တပ်ကိုယ်စားလည်များ ကန့်ကွက်ခဲ့သဖြင့် ထိုပုဒ်မအား ပြင်ဆင်
နိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ထိုပုဒ်မအားပြင်ဆင်၍ ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်တင်
မြှောက်ခွင့်ရရေးသည် တိုင်းရင်းသားပြည်နယ်များ၏ ရပိုင်ခွင့်ပြသနာအဖြစ်
ကြည့်မြင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိရခိုင်ပြည်နယ်လွှတ်တော်တွင် ပြည်နယ်ဝန်ကြီးချုပ်နေရာအား ANP
ပါတီကတောင်းဆိုခြင်းနှင့်ပတ်သက်၍ မူအရကြည့်ရန်လိုသည်။ လက်ရှိရခိုင်
ပြည်နယ်ရှိ ပြည်နယ်အမတ်ရွေးကောက်ရာ ၁၇ မြို့နယ်တွင် ၄ မြို့နယ်တွင်သာ NLD ကအနိုင်ရပြီး ၁၁ မြို့နယ်အနိုင်ရထားသော ANP ပါတီ၏တောင်း ဆို ချက်ကို နားလည်ပေးရန်လိုအပ်သည်။
ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်၏ပြသနာမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း
ပြသနာဖြစ်နိုင်ကောင်းသော်လည်း ANP ပါတီမှ ဝန်ကြီးချုပ်တောင်းဆိုသည့်ပြ
သနာသည် တိုင်းရင်းသားပြည်နယ်များဆိုင်ရာ မူပြသနာဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားပါတီများနှင့်ပြသနာသည် ထိုးနှက်တိုက်ခိုက်ဖြေရှင်းရမည့်ပြသ
နာမဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးဖြေရှင်းရမည့်ပြသနာဖြစ်သည်။
စစ်ဗိုလ်ချုပ်ကြီးများနှင့်ပင်ရင်ကြားစေ့နေသည့်ကာလတွင် တိုင်းရင်းသား
များနှင့်ရင်ကြားမစေ့စရာအကြောင်းမရှိပေ။
၃။ ရှမ်းဝန်ကြီးချုပ်ပြသနာ
လက်ရှိ ရှမ်းပြည်ဝန်ကြီးချုပ် အဖြစ် NLD မှ အရွေးချယ်ခံရသူမှာ သူ၏
ပုဂ္ဂိုလ်ရေးအရည်အချင်းအရ အပစ်ပြောစရာမရှိပေ။ သို့သော် ရှမ်းပြည်နယ်
ဝန်ကြီးချုပ်အဖြစ် ရှမ်းပြည်နယ်ဒေသခံတိုင်းရင်းသားတစ်ယောက်ဖြစ်မလာ
သည့်အတွက် ဝေဖန်ခြင်း လက်မခံခြင်းရှိသည့်တိုင်းရင်းသားတို့၏ခံစားချက်
ကို နားလည်ပေးရန်လိုသည်။
တိုင်းရင်းသားတို့တောင်းဆိုနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်
ချုပ်ခွင့်များနှင့်ဆက်စပ်နားလည်စဉ်းစားပေးရန်လိုသည်။
၎။ တိုင်းရင်းသားပြသနာ
တိုင်းရင်းသားပြသနာသည် အလွန်အကဲဆတ်သည့်ပြသနာဖြစ်သည်။
ထိလွယ်ရှလွယ်ပြသနာဖြစ်သည်။ အနှစ် ၆၀ ကျော်စစ်ခင်းနေကြသည့်ပြသနာ
ဖြစ်သည်။ တိုင်းရင်းသားများနှင့်ပတ်သက်သည့်ပြသနာကို သိမ်မွေ့စွာ ချဉ်း
ကပ်ရန်လိုပေလိမ့်မည်။
၎။ အာဏာလွှဲပြောင်းရေး
မတ်လ ၃၀ ရက်နေ့တွင် အစိုးရအာဏာလွှဲပြောင်းရေးသည် အရေးကြီး
နေသည်။ ထိုအချိန်ကာလတွင် ရင်ဘတ်ကျယ်သူများက ပို၍ သဘောထားကြီး
ရန်လိုသည်။ အထူးသတိပြုရန်လိုသည်မှာ တိုင်းရင်းသားများနှင့်ပြသနာသည်
စစ်အာဏာရှင်နှင့် ဖြစ်ပွါးသောပြသနာမဟုတ်။ ထို့ပြင် တိုင်းရင်းသားပြသနာ
သည် ပြည်နယ်တခုပြသနာ တိုင်းရင်းသားပါတီတခုပြသနာမဟုတ်ပေ။ ပြည်
နယ်အားလုံးနှင့်ဆိုင်သောပြသနာဖြစ်သည်။ တိုင်းရင်းသားပါတီအားလုံး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့်ဆိုင်သောပြသနာဖြစ်သည်ကို
လေးနက်ကြရန်လိုအပ်ပေလိမ့်မည်။
မောင်မောင်စိုး
.......
January 15
တလမွန် ကုမ္ပဏီပိုင်ရှင် မင်းဗညားစန်း ဆိုတာ တရုတ်မ ကိုယူထားတဲ့ စစ်ဘောမ တစ်ကောင်ပဲ ။ အဲဒီတရုတ်မ ကောင်းမှု နဲ့ ပဲ စစ်အစိုးရခေတ်မှာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး စင်ကာပူကို မောင်ခိုပစ္စည်းတွေ မော်လမြိုင် ကတဆင့် စက်လှေတွေ နဲ့  တရားမ၀င်ပို့ တယ်။ ပြီးတော့ ရန်ကုန်မှာ ၂လုံး၊၃လုံး၊ ဘောလုံးပွဲ အကြီးအကျယ်ဒိုင်ကိုင်တယ်။ အဲဒီ ငွေမဲတွေကို ငွေဖြူဖြစ်အောင် စီးပွားရေးလုပ်ငန်းတွေအမျိုးမျိုးလုပ်ပြတယ်။ တလမွန် ကားလိုင်းထောင်တယ်။ ရော်ဘာခြံ လုပ်တယ်။ ထရမ်စဖော်မားပုံးထုတ်တယ်။ ရှင်းရှင်းပြောရရင် စစ်အစိုးရခေတ် မှာရော အခု ဦးသိန်းစိန်အစိုးရ ခေတ်မှာရော အာဏာပိုင်တွေ နဲ့ ပေါင်းပြီးလုပ်စားနေတဲ့ ခရိုနီ တစ်ကောင် အဆင့်ထက်မပိုဘူး။
တစ်ဖက်မှာလည်း ငွေကြေးအင်အားတောင့်တင်းတော့ အဖေလုပ်သူ နိုင်သက်လွင် ကို မွန်အမျိုးသားပါတီမှာ ဒုက္ကဌရာထူးထိရောက်အောင် ပို့ ထားတယ်။ ညီမ လုပ်သူ မိကွန်ချမ်းကို ဒေါ်အောင်ဆန်းစုကြည် အနားရောက်အောင် ပို့ ပေးတယ်။ ချဲလောင်းကစားကရတဲ့ ပိုက်ဆံကို ရေလိုခင်းပြီး ဒေါ်စုခြံထဲရောက်အောင် လမ်းကြောင်းဖွင့်ပေးမယ့်သူတွေကို ရအောင်ကပ်တယ်။ ပိုက်ဆံပေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမြင်နဲ့ ပဲဆိုတော့ မွန်အမျိုးသားပါတီ ဒုက္ကဌသမီးဆိုတဲ့ အသိနဲ့  အနားကပ်ခွင့်ပေးတယ်။ ပြီးတော့ နိုင်သက်လွင် နဲ့ မိကွန်ချမ်း တို့ နှစ်ယောက်ကို ရှင်စောပု မွန်အသင်းဆိုပြီး မွန်သွေးပါတဲ့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့် ) က ကိုမင်းကိုနိုင် ၊ ကိုမင်းဇေယျ တို့ ဆီကို ၀င်ပူးခိုင်းတယ်။ စစ်ဘေးသင့်ပြည်သူတွေကို လှူတန်းတယ်ဆိုတဲ့ အကွက်မျိုးနဲ့ ၈၈ အဖွဲ့ ကိုပါ အိတ်ထဲ ထည့်ဖို့  ကြိုးစားတယ်။
အခု ဗညားစန်းရဲ့ ညီမ မိကွန်ချမ်းက ဖေ့ဘွတ်ပေါ်မှာ အရှက်မရှိ ထပ်တင်လိုက်သေးတယ် ။ မွန်တိုင်းရင်းသားခေါင်းဆောင် သားသမီးတဲ့။ မွန်တိုင်းရင်းသားခေါင်းဆောင်ဆိုတာ ဘယ်သူတွေလဲ။ ဘာတွေလုပ်ထားကြလို့ လူမျိုးစုတစ်ခုလုံးရဲ တိုင်းရင်းသားခေါင်းဆောင်ဆိုတာ နာမည်ကို လွယ်လွယ်သုံးလိုက်ကြတာလဲ။ ပြီးတော့ ဘယ်မွန်တွေက ခင်ဗျားတို့ ကို မွန်တိုင်းရင်းသားခေါင်းဆောင် သားသမီးလို့  အသိအမှတ်ပြုထားလဲ။ ဗညားစန်းက ခရိုနီတရုတ်မကို ယူထားတယ်။ မိကွန်ချမ်း က အညာသား ဗမာ တစ်ကောင်ကို ယူထားတယ်။ မွန်လူမျိုးရဲ့ သွေးကို တောင် စောင့်ထိန်းမှု မရှိတဲ့ မိသားစုက မွန်တိုင်းရင်းသားခေါင်းဆောင်လို့ ထုတ်ပြောရဲတာ နည်းနည်းရှက်တက်ရင် ဒီစကားမျိုးမပြောဘူး။ မဲနိုင်ချင်တော့ NLD ထဲသွားပြီး အခုမှ မွန်တိုင်းရင်းသားအကျိုးသည်ပိုးမယ့် မွန်တိုင်းရင်းသားခေါင်းဆောင်လို့  လူကြားကောင်းအောင် လျှောက်ပြောနေတာဟာ တော်ယုံအရှက်နဲ့ တာလောက်တော့ မဖြစ်လောက်ဘူး။ 
အဲဒီလို မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လုပ်ပြီး ဗညားစန်း တို့ မိသားစုဟာ စစ်အစိုးရရော အတိုက်အခံရော နှစ်ဖက်စလုံးကို ခြံစည်းရိုးခွထိုင်တဲ့ အကွက်တွေ ခင်းထားကြတယ်။ ညီမ လုပ်တဲ့ မိကွန်ချမ်းက NLD ပါတီပြည်သူ့  လွှတ်တော်အမတ်ဖြစ်သွားတယ်။ ဗညားစန်း လည်း ၀င်ငွေသောက်သောက်လဲ ရနေတဲ့ ချဲ၊ဘော်လုံးပွဲ လုပ်ငန်းတွေကို တပည့်တွေကို လွှဲပြီး ကိုယ်တိုင်က KHG တို့ AGRO MAISON တို့ စတဲ့ ကုမ္ပဏီတွေမှာ ဥက္ကဌရာထူးယူပြီး စစ်တပ်ကကောင်တွေဆီကရတဲ့ လုပ်ကွက်တွေ နဲ့  စီးပွားရေးလက်စွမ်းပြတယ်။ 
အခုနောက်ဆုံးတော့ သေမင်တမန်ရထားလမ်းပြတိုက်ဆိုပြီး သံဖြူဇရပ်မှာ ထပ်လုပ်တာလဲ ဘယ်ကောင်ခွင့်ပြုချက်နဲ့ လဲ မေးစရာမလိုဘူး။
အဲဒီဖွင့်ပွဲမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် အုန်းမြင့်ကိုယ်တိုင်တက်တယ်။ အုန်းမြင့်လည်း ဗညားစန်း ဆီက ၀န်ကြီးချုပ်မဖြစ်ခင် မွန်တိုင်းမှူးဘ၀ ကတည်းက မျိုးမျိုးမြက်မြက်လေးရထားတော့ သေမင်းတမန်ပြတိုက်ကို အလွန်အကျွံ အမွှန်းတင်တယ်။ နာဂစ်မှာ သေတဲ့ ပြည်သူ တစ်သိန်းခွဲ ထက် သေမင်းတစ်မန် ၇ထားလမ်းဖောက်လို့  သေတဲ့ လူ ၈ သောင်းက ပိုပြီး တန်ဖိုးရှိတယ်။ဂုဏ်ရှိတယ်ဆိုပြီး သောက်တလွှဲတွေ ပြောလို့ အုန်းမြင့်လည်း ကောင်းကောင်းအဆဲခံရပါလေရော။ 
အဲဒီဖွင့်ပွဲနေ့ မှာ ဗညားစန်း ကိုယ်တိုင် အဘအုန်းမြင့် ဘောကို ဘယ်လောက်မ ထားလဲဆိုရင် သံဃာတော် နဲ့  ဆိုဖာကုလားထိုင် မှာ ကြမ်းတစ်ပြေးထဲ အတူထိုင်ခိုင်းတဲ့အထိပဲ။ ဒီကောင်ကိုယ်တိုင်က အုန်းမြင့်ဘေးမှာ ခုန် တစ်လုံးဆွဲထိုင်တယ်။ ဘုန်းကြီးထက် ဖင်တစ်ခြမ်း မြှင့်ချင်သေးတယ်။ မွန်ပြည်နယ်လွှတ်တော်မှာတောင် မွန်စာနဲ့ ကဗျည်းတင်သေးတယ်။ သေမင်တမန်ပြတိုက်မှာ မွန်စာတစ်လုံးမှ မပါလို့ သူငယ်ချင်းတစ်ယောက်က ဝေဖန်မိတော့ စီးပွားရေးလုပ်နေတာ နားမလည်ဘူးလားဆိုတဲ့ ပုံစံမျိုးနဲ့ ဗညားစန်းက ဖေ့ဘွတ်မှာ ပြန်ပတ်တယ်။ ဒါလား အမျိုးသားရေး။ အဲဒီလို ဟိုလိုလို ဒီလိုလိုလုပ်နေတဲ့ ကောင်က ရွေးကောက်ပွဲနေ့ မှာ ( အဖေ - မွန်အမျိုးသားပါတီ ဒုက္ကဌကို ဘေးမှာထားပြီး ကျနော်တို့ မိသားစု တစ်ခုလုံး အနီကိုပဲ ) မဲပေးခဲ့တယ်ဆိုပြီး ဒီမိုဖက်တော်သားယောင်ယောင် ၊ တိုင်းရင်းသားအရေးယောင်ယောင် အကွက်တွေ ရွေ့ နေတာ ရှက်တက်ရင် လဲသေလို့ ရတယ်။ 
ဒီလို သူတို့ မိသားစု စစ်တပ်ကကောင်တွေနဲ့ ပေါင်းပြီး လုပ်စားနေတဲ့ အသံတွေ ထွက်မလာအောင် အခု ဟင်္သာမီဒီယာ ဆိုပြီး မွန်ပြည်နယ် မှာ မီဒီယာတစ်ခု ထပ်ထောင်လိုက်သေးတယ်။
ပြောရမယ်ဆိုရင် ဗညားစန်းတို့ မိကွန်ချမ်းတို့ မောင်နှမတွေဟာ ကိုယ်ကျိုးစီးပွားအတွက် သာကူးဆိတ်လစိ မျိုးတွေပဲ ဆိုတာ မွန်တိုင်းရင်းသားအားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ဒါကို မွန်တိုင်းရင်းသားခေါင်းဆောင် အတော်များများက သိပေမယ့် ငွေမျက်နှာတစ်ခုထဲနဲ့ ဒီကောင်တွေကို နေရာပေးဆက်ဆံနေတာ လူမျိုးသိက္ခာကျတယ်။ ပိုဆိုးတာက ဒီကောင်တွေ မောင်နှမဘေးမှာ ကပ်မြှောင်လုပ်နေတဲ့အမီးကျက်အမီးစား ခေါင်းကျက်ခေါင်းစား ကောင်တွေက ပိုပြီ ရွံဖို့ ကောင်းတယ်။ ဗညားစန်း တို့ လိုကောင်စားတွေဟာ တိုင်းပြည် နဲ့  လူမျိုးကို လူပိန်းကြိုက်နည်းတွေနဲ့ အောက်လုံးပြပြီး အမဲဝိုင်းဖျက်နေတဲ့ ကောင်စားတွေပဲဆိုတာ နှစ်ခါပြန်ထပ်ကြည့်ဖို့ တောင် မလိုပါဘူး။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More