Wednesday, March 23, 2016

Volta a Catalunya ပွဲ စုစည်းချက် ပထမ ပိုင်း။

Grand Tour ထိပ်သီး ၄ ဦးပါတဲ့ Volta a Catalunya ပွဲ မနက်ဖြန်စမယ်...။
....
မတ်လ ၂၁ ကနေ ၂၇ အထိ သီတင်းတပတ်ကြာကျင်းပမဲ့ စပိန်နိုင်ငံက (ဘာစီ လိုးနားမြိုံဝန်းကျင်) Volta a Catalunya ပွဲဆီ နာမည်ကြီး Grand Tour ထိပ် သီး ၄ ဦးစလုံးဝင်ပြိုင်မယ်လို့သိရပါတယ်။

Grand Tour ဆိုတာကတော့ ၂၁ ရက်တာစီးရတဲ့ မဟာပွဲကြီး ၃ ခုကို ဆိုလို တာဖြစ်ပါတယ်။ အဲဒီထဲက ပထပ ပွဲက မေလမှာကျင်းပတဲ့ အီတလီက Giro d'Italia ပွဲဖြစ်ပါတယ်။ Alberto Contador (Tinkoff) ဟာ မနှစ်က အဲဒီပွဲမှာ ပန်းရောင်အကျီရထားသူပါ။
ဒုတိယပွဲကတော့ ကမ္ဘာမှာလူသိအများဆုံးစက်ဘီးပွဲဖြစ်တဲ့၊ ဇူလိုင်လမှာကျင်း ပတဲ့ ပြင်သစ်နိုင်ငံက Tour de France ပါပဲ။ Chris Froome (Team Sky) ဟာ မနှစ်က အဲဒီပွဲမှာ အ၀ါရောင်အကျီရထားသူဖြစ်ပါတယ်။
တတိယပွဲကတော့ သြဂုတ်လနှောင်းပိုင်းကနေ စက်တင်ဘာလလယ်အထိ စပိန်မှာကျင်းပတဲ့ Vuelta a Espana ပွဲပါ။ Fabio Aru (Astana Pro Team) ဟာ မနှစ်က အဲဒီပွဲမှာ အနီရောင်အကျီရထားသူဖြစ်ပါတယ်။
ဒီလို Grand Tour ဆရာကြီးတွေအားလုံး တနေရာတည်းမှာတွေ့တဲ့ပွဲဆိုတာ မရှိသလောက်ပါပဲ။ ဘာကြောင့်လဲဆိုရင် စက်ဘီးသမားတဦးဟာ အဲဒီ ၃ ပွဲထဲ က နိုင်ခြေရှိတဲ့ ပွဲတခုတည်းကိုသာရွေးလေ့ရှိလို့ဖြစ်ပါတယ်။
ဒါပေမဲ့ အခု စပိန်မှာကျင်းပမဲ့ပွဲက အဲဒီလို Grand Tour မဟုတ်ပဲ Grand Tour အတွက် သွေးပူလေ့ကျင့်တဲ့ပွဲသာဖြစ်တာကြောင့် ဆရာကြီးတွေ အခု လို တပြိုင်တည်းလာဆုံကြတာဖြစ်မှာပါ။ ဒီဆရာကြီး ၃ ဦးနဲ့အတူ အီတလီနဲ့ စပိန်ပွဲနှစ်ခုစလုံးမှာ ပထမ ရဖူးပြီး ပြင်သစ်ပွဲမှာ နှစ်ကြိမ် ဒုတိယရထားသူ Nairo Quintana (Movistar) လဲ ဒီပွဲကို ၀င်နွဲမှာဖြစ်ပါတယ်။
ဒါအပြင် တခြားနာမည်ကြီး GC ဆရာကြီးတွေဖြစ်တဲ့ Richie Porte (BMC Racing), Joaquim Rodriguez (Katusha), Rigoberto Urán (Cannondale), Tejay van Garderen (BMC Racing Team), Dan Martin (Etixx-Quick Step) နဲ့ Ryder Hesjedal (Trek-Segafredo) လည်း ဒီပွဲမှာ ပါဖို့စာရင်းပေးထားပါတယ်။

ဒါကြောင့် မနက်ဖြန် စပိန်မှာစတင်မဲ့ပွဲအပေါ် အများက အတော်စိတ်ဝင်စားနေ ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဇတ်လိုက်ကြီး ပီတာဆာဂန်အပါဝင် စပရင့် တာ အတော်များများကတော့ အဲဒီပွဲဆီမသွားပဲ ဘလဂျီယံမှာကျင်းပမဲ့ Spring Classics အတွက် ပြင်နေကြပါတယ်။
Contador နဲ့အတူ ၀င်စီးကြမဲ့ (Tinkoff) အသင်းသားတွေကတော့ Matteo Tosatto, Pawel Poljanski, Ivan Rovny, Jesper Hansen, Yuri Trofimov, Jesús Hernández and Evgeni Petrov တို့ဖြစ်ပါတယ်။
Froome နဲ့အတူ ၀င်စီးကြမဲ့ Sky အသင်းသားတွေကတော့ Thomas, Ben Swift, Ian Boswell, Vasil Kiryienka, Mikel Nieve, Wout Poels and Nicolas Roche တို့ဖြစ်ပါတယ်။

မနက်ဖြန်မှာ ပထမ နေ့အဖြစ် Calella ကနေ Calella အထိ (မြို့ပတ်) 175.8 km ကိုစတင်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ဒီပွဲမှာထူးခြားတာက အသင်းလိုက် စံချိန် ပြု၊ တဦးချင်းစံချိန်ပြုပွဲတွေမရှိပဲ ၇ ရက်စလုံး တာဝေးပွဲတွေဖြစ်တာကြောင့် Grand Tour ဆရာကြီးတွေရဲ့ ခြေစွမ်း၊ တောင်တက်စွမ်းတွေကို ကောင်း ကောင်းမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ။
.........

Volta a Catalunya ပွဲ ပထမနေ့ Bouhanni အနိုင်ရ။
...
စပိန်နိုင်ငံ ဘာစီလိုးနားဒေသမှာ ဒီနေ့စတင်တဲ့ သီတင်းတပတ်ကြာ Volta a Catalunya ပွဲစဉ်ရဲ့ ပထမနေ့ Calella ကနေ Calella အထိ (မြို့ဝန်းကျင် တခြား မြို့တွေ၊ တောင်တွေကိုပတ်ပြီး ပြန်ဝင်) 175.8 km ပြိုင်ပွဲအတွင်း
Nacer Bouhanni (Fra) Cofidis, Solutions Credits က 4:28:51 နာရီနဲ့ ပထမ ရသွားပါတယ်။

သူနောက်မှာတော့ Ben Swift (GBr) Team Sky နဲ့ Daryl Impey (RSA) Orica-GreenEdge တို့က ဒု-တ အဖြစ် ကပ်လျက်ပန်းဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်(စနေနေ့) က အီတလီမှာကျင်းပတဲ့ Milan-San Remo ပွဲအတွင်း ပန်း အ၀င်မှာ ချိန်းကြိုးကျလို့ ဒုက္ခများသွားတဲ့ Bouhanni အတွက် ၄၈ နာရီ အတွင်း ပထမ ဆုံးအောင်ပွဲဖြစ်ပါတယ်။
Grand Tour ချန်ပီယံ ၃ ဦးစလုံးပါတဲ့အပြင် GC ဆရာကြီးတွေ အတော်စုံတာကြောင့် ဒီပွဲ အပေါ်အားလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။ Calella မြို့မှာ ရာသီဥတုက သာ သာယာယာရှိပေမဲ့ အဲဒီကနေအထွက် တောင်တန်းတွေပေါ်မှာ မိုးရွာလို့ အအေးဒဏ်ကို စက်ဘီးသမားတွေခံလိုက်ရပါတယ်။
ဒီနေ့ဟာ ဖွင့်ပွဲနေ့ဖြစ်တဲ့အတွက် GC ဆရာတွေ အကြိတ်အနယ်စီးတဲ့ပုံ မတွေ့ရသေးပါဘူး။ မနက်ဖြန်မှာလည်း စပရင့်တာတွေပဲ ပထမ ရနိုင်သေးတယ်လို့ကျွမ်းကျင်သူတွေက ဆိုနေပါ တယ်။ မနက်ဖြန်ပွဲစဉ်ကတော့ Mataró ကနေ Olot အထိ 178.8 km ကို ယှဉ်ပြိုင်ကြမှာဖြစ် ပါတယ်။ ။


ဒီနေ့ပွဲအပြီး ၁-၁၀ GC သမားတွေကတော့..
General classification after stage 1
# Rider Name (Country) Team Result
1 Nacer Bouhanni (Fra) Cofidis, Solutions Credits 4:28:41 
2 Ben Swift (GBr) Team Sky 0:00:04 
3 Daryl Impey (RSA) Orica-GreenEdge 0:00:06 
4 Cameron Meyer (Aus) Dimension Data 0:00:09 
5 Enrico Gasparotto (Ita) Wanty - Groupe Gobert 0:00:10 
6 Aleksei Tsatevich (Rus) Team Katusha 
7 Carlos Barbero (Spa) Caja Rural-Seguros RGA 
8 Jordi Simon (Spa) Verva ActiveJet Pro Cycling Team 
9 Kévin Reza (Fra) FDJ 
10 Eduard Prades (Spa) Caja Rural-Seguros RGA 
11 Georg Preidler (Aut) Team Giant-Alpecin တို့ဖြစ်ပါတယ်။
......

Breaking News!
...
ဒီနေ့မနက် ၈ နာရီခန့်က အီးယူရဲ့မြို့တော် ဘလဂျီယံနိုင်ငံ ဘရာဆဲမြို့ရဲ့ လေဆိပ်နဲ့ မြေအောက်ရထားဘူတာတွေမှာ ဗုံးပေါက်ပွဲမှုဖြစ်ပြီး အနည်း ဆုံး ၁၃ ဦးသေ၊ အများအပြားဒဏ်ရာရပြီး ရထားလမ်းပါ ပိတ်လိုက်ရပါတယ်။

ဒါက အားလုံးအတွက် အရေးပေါ်နိုင်ငံတကာသတင်းပါ။ သာမန်အားဖြင့်ဆိုရင် တော့ ဗုံးကွဲတဲ့သတင်းက စက်ဘီးသမားတွေနဲ့ဘာမှမဆိုင်ပါဘူး။
ဒါပေမဲ့ ဒီတပတ်အတွင်း ဘလဂျီယံမှာ Spring Classicis ပွဲတွေကျင်းပဖို့ ပြင် ထားတယ်လေ။ မနက်ဖြန်ကျင်းပဖို့ရှိတဲ့ Dwars door Vlaanderen ပွဲကို ဖျက်ကောင်းဖျက်ရနိုင်တယ်လို့ သတင်းထွက်နေပါတယ်။
ပြိုင်ပွဲတာဝန်ရှိသူတွေဖက်တော့ ဒီနေ့လည်ပိုင်း ရဲတာဝန်ရှိသူတွေနဲ့ ဆွေးနွေး ပြီးမှ သတင်းအတိအကျထုတ်ပြန်မယ်လို့ပြောပါတယ်။ ပွဲကျင်းပမဲ့နေရာဟာ မြို့တော်နဲ့ဝေးပေမဲ့ အဲဒီဒေသဆီ အသွားအလာကိစ္စအတွက် ဘရာလေဆိပ် ကို အသုံးပြုရမှာမို့ အခက်ခဲရှိနိုင်တယ်လို့ဆိုပါတယ်။
လာမဲ့ ၂၅ ရက် (သောကြာနေ့) နဲ့ ၂၇ (တနင်္ဂနွေ) တွေမှာကျင်းပမဲ့ E3 Harelbeke နဲ့ Gent-Wevelgem ပွဲတွေအပေါ် ဒီဗုံးကွဲမှုက အကျိုးသက် ရောက်မှုရှိစေမလား။ အဲဒီပွဲတွေပါ ဖျက်ရဖို့ရှိလာနိုင်သလားဆိုတာကတော့ မသေချာသေးပါဘူး။
မနက်ဖြန်ပွဲကို လူသိနည်းပေမဲ့ သောကြာ-တနင်္ဂနွေနှစ်ပွဲကတော့ ကမ္ဘာကျော်
Spring Classicis ပွဲတွေဖြစ်ပြိး ကမ္ဘာချန်ပီယံ ပီတာဆာဂန်အပါဝင် နာမည် ကြီး အားလု့းနီးပါးဝင်ပြိုင်ကြမဲ့ မဟာပွဲကြီးတွေဖြစ်ပါတယ်။
ဘာဖြစ်ဖြစ် ဒီညနေမှာတော့ စပိန်နိုင်ငံ ဘာစီလိုးနားဒေသက Volta a Catalunya ပွဲ ဒုတိယနေ့ကို ကြည့်ဖို့ မမေ့ကြပါနဲ့။ ။
...
နောက်ဆုံးထပ်ဝင်လာတဲ့သတင်းတခုအရ မနက်ဖြန်ပွဲစဉ်ကို အပြောင်းအလဲမရှိပဲ မူလစီစဉ် ထားတဲ့အတိုင်း ဆက်လုပ်မယ်လို့ သိရပါကြောင်း...။ "For the moment, Dwars door Vlaanderen will take place tomorrow"။ ။
........

Volta a Catalunya ပွဲ ဒုတိယနေ့ Bouhanni ပဲ ဆက်အနိုင်ရ။
...
စပိန်နိုင်ငံ ဘာစီလိုးနားဒေသမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ Volta a Catalunya ပွဲ ဒုတိယနေ့ (Mataró ကနေ Olot အထိ) 178.8 km ပြိုင်ပွဲမှာ Nacer Bouhanni (Fra) Cofidis, Solutions Credits က 4:39:10 နာရီနဲ့ ပထမ ရသွားပါတယ်။

ဒါဟာ ၂ ရက်ဆက်တိုက် Bouhanni အနိုင်ရခြင်းပါ။ သူ့နောက်မှာတော့ Gianni Meersman (Bel) Etixx - Quick-Step နဲ့ Philippe Gilbert (Bel) BMC Racing Team ကပ်လျက်ပန်းဝင်ပြီး ဒု-တ ရကြပါတယ်။
Bouhanni ဟာ ၂ ရက်ဆက်တိုက် ပထမ ရတဲ့အပြင် time bonus ၁၀ စက္ကန့် ထပ်ရတဲ့အတွက် မနေ့က ဒုတိယ ရထားသူ Ben Swift (Team Sky) နဲ့ breakaway rider Thomas De Gendt (Lotto Soudal) တို့ကို ၁၄ စက္ကန့် အသာဖြတ်ပြီး ၂ ရက်ပေါင်း GC ပထမ ဆုကိုပါ ယူသွားခဲ့ပါတယ်။
ပထမပိုင်းမှာ ၄ ဦးပါ Breakaway အဖွဲ့တခုထွက်ပြေးလွတ်မြောက်သွားပြီး ပန်းဝင်ဖို့ ကီလို ၃၀ အလိုကျမှ ပြန်ဖမ်းမိပါတယ်။ ပွဲဟာ မြေပြန့်များတဲ့ အတွက် Breakaway တွေ ပန်းဝင်တဲ့အထိမပြေးနိုင်ဘူးဆိုရင် စပရင့်တာ တွေပဲ အောင်ပွဲရလေ့ရှိတယ်ဆိုတဲ့အတိုင်း ဒီနေ့မှာလည်း Bouhanni ပဲ ပထမရသွားတဲ့သဘောပါ။
၂ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 2
# Rider Name (Country) Team Result
1 Nacer Bouhanni (Fra) Cofidis, Solutions Credits 9:07:41 
2 Ben Swift (GBr) Team Sky 0:00:14 
3 Thomas De Gendt (Bel) Lotto Soudal 
4 Daryl Impey (RSA) Orica-GreenEdge 0:00:16 
5 Philippe Gilbert (Bel) BMC Racing Team 
6 Maxime Bouet (Fra) Etixx - Quick-Step 
7 Louis Vervaeke (Bel) Lotto Soudal 0:00:17 
8 Javier Moreno (Spa) Movistar Team 0:00:18 
9 Ruben Fernandez (Spa) Movistar Team 0:00:19 
10 Aleksei Tsatevich (Rus) Team Katusha 0:00:20 
20 Christopher Froome (GBr) Team Sky 
25 Alberto Contador (Spa) Tinkoff Team
38 Nairo Quintana (Col) Movistar Team
54 Fabio Aru (Ita) Astana Pro Team တို့ဖြစ်ပါတယ်။
ဒါပေမဲ့ မနက်ဖြန် Girona ကနေ La Molina (Alp) အထိ 172.1 km ပွဲမှာတော့ ကုန်းတက်အတော်များများပါတာကြောင့် တောင်တက်သမားတွေ၊ အထူးသဖြင့် GC ဆရာကြီးတွေဖြစ်တဲ့ Christopher Froome (GBr) Team Sky, Alberto Contador (Spa) Tinkoff Team, Nairo Quintana (Col) Movistar Team နဲ့ Fabio Aru (Ita) Astana Pro Team တို့ရဲ့ ခြေစွမ်းတွေ ကို မြင်ရလိမ့်မယ်လို့ခန့်မှန်းရပါတယ်။
...
ဘရာဆဲဗုံးခွဲခံရမှုအား ၀မ်းနည်းကြောင်းပြသ...
...
ဒီနေ့ စက်ဘီးပွဲစတင်ဖို့ စက်ဘီးသမားတွေနေရာယူမှုမလုပ်ခင်လေးမှာ ဘရာဆဲ ဗုံးပေါက်ကွဲမှုသတင်းကြားရတဲ့အတွက် ဘလဂျိယံစက်ဘီးအသင်း က အနက်ရောင်အကျီတွေဝတ်ဆင်စီးနင်းခဲ့တယ်လို့သိရပါတယ်။
တခါ Peloton တဖွဲ့လုံးကလည်း သေဆုံးသွားသူတွေအတွက် တမီနစ် ငြိမ်သက် အလေးပြုခဲ့တယ်လို့သိရပါတယ်။ 
ဒီဗုံးခွဲမှုကြောင့် ဖျက်သိမ်းခံရနိုင်တယ်ဆိုတဲ့ ဘလဂျီယံနိုင်ငံက Dwars door Vlaanderen ပွဲကိုလည်း မူလအစီစဉ်အတိုင်း မနက်ဖြန်ကျင်းပမယ်လို့သိရပါ တယ်။ ။
......

The queen stage မှာ Chris Froome အနိုင်ရနိုင်သလား...။
...
စပိန်နိုင်ငံ ဘာစီလိုးနားဒေသမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ Volta a Catalunya ပွဲ တတိယနေ့ (Girona ကနေ La Molina (Alp) အထိ 172.1 km တောင်တက်ပွဲမှာ တိုးဒီဖရင့်ချန်ပီယံ Chris Froome အနိုင်ရတယ်ဆိုပြီး ထင်ကြေးပေးပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

၇ ရက်ကြာကျင်းပတဲ့ ဒီပွဲစဉ်ရဲ့ ပထမ နှစ်ရက်ဟာ တောင်တက်မပါပဲ မြေပြန့် များတာကြောင့် တာတိုဘုရင် Nacer Bouhanni (Fra) Cofidis, Solutions Credits က နှစ်ရက်ဆက်တိုက် အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့ ၃ ရက်မြောက်ပွဲမှာတော့ The queen stage ဆိုတဲ့အတိုင်း မဟာတောင်တက်တွေပါတာကြောင့် တာတိုဘုရင်တွေအစား တာဝေးဘုရင် တွေ၊ အထူးသဖြင့် GC သမားတွေ အကြိတ်အနယ်ပြိုင်ကြလိမ့်မယ်လို့ ခန့်မှန်း ရပါတယ်။
တာဝေးဘုရင်တွေ အတော်များများက ဥရောပရဲ့ နွေဦးပွဲတွေကိုဝင်ထားပြိး ဖြစ်တာကြောင့် အားအင်ကုန်နေချိန်မှာ အခုမှ ပထမ ဆုံးဝင်စီးမဲ့ တိုးဒီဖရင့်ချန် ပီယံ ခရစ်ဖလိုး က အနိုင်ရတယ်ဆိုပြီး ထင်နေကြတာလဲဖြစ်နိုင်ပါတယ်။
Chris Froome ရဲ့ အဓိက အသင်းဖေါ် Geraint Thomas ဟာ ဥရောပ နွေဦး ပွဲနှစ်ခုဖြစ်တဲ့ Volta ao Algarve နဲ့ Paris-Nice နှစ်ပွဲစလုံးမှာ အ၀ါရောင်ရ ထားသူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ သူဟာ ကိုယ်တိုင်အနိုင်ရဖို့ထက် အသင်းခေါင်းဆောင် Chris Froome အနိုင်ရဖို့အတွက်သာ ဦးစားပေးစီးလိမ့် မယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ သူတို့ရဲ့မဟာပြိုင်ဖက် Grand Tour ချန်ပီယံတွေဖြစ်တဲ့ Richie Porte and Tejay van Garderen (BMC), Nairo Quintana (Movistar), Alberto Contador (Tinkoff), Fabio Aru (Astana), Dan Martin (Etixx-Quick Step) and and Ilnur Zakarin (Katusha) တို့ကလည်း စကိုင်းအသင်းက မျှော်သလို သူတို့လည်းမျှော်လင့်ထားမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
ကဲ မကြာခင်မီနစ်ပိုင်းအတွင်းစတင်တော့မဲ့ Volta a Catalunya ပွဲ တတိယ နေ့ တောင်တက်ပွဲမှာ ဘယ်သူအနိုင်ရမလဲ။ လွဲမှပဲလွဲရော အရဲစွန့်မှန်းချက် ပေးရမယ်ဆိုရင် စကိုင်းအသင်းက Chris Froome၊ Geraint Thomas တို့ အတွဲနဲ့ Alberto Contador (Tinkoff)၊ Nairo Quintana (Movistar) တို့ထဲ က တဦးဦးအနိုင်ရမယ်လို့ ခန့်မှန်းလိုက်ပါကြောင်း...။ ။
.......

Volta a Catalunya ပွဲ တတိယနေ့ Daniel Martin အနိုင်ရ။
...
စပိန်နိုင်ငံ ဘာစီလိုးနားဒေသမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ Volta a Catalunya ပွဲ တတိယနေ့ (Girona ကနေ La Molina (Alp) အထိ 172.1 km တောင်တက်ပွဲမှာ Daniel Martin (Irl) Etixx - Quick-Step က 5:00:27 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ နာမည်ကြီး GC သမား (ဒီနေ့ ပထမ ရမယ်လို့ စာရေးသူ မှန်းခဲ့သူ ၄ ဦးထဲကတဦး) Alberto Contador (Spa) Tinkoff Team က 0:00:02 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Romain Bardet (Fra) AG2R La Mondiale က တတိယ ရပါတယ်။
တခြား ၄-၁၀ ပန်းဝင်သူတွေကတော့ ... 
4 Tejay Van Garderen (USA) BMC Racing Team 
5 Richie Porte (Aus) BMC Racing Team 0:00:09 
6 Nairo Quintana (Col) Movistar Team 
7 Davide Formolo (Ita) Cannondale Pro Cycling 0:00:11 
8 Ilnur Zakarin (Rus) Team Katusha 0:00:12 
9 Christopher Froome (GBr) Team Sky 
10 Hugh Carthy (GBr) Caja Rural-Seguros RGA 0:00:18 တို့ဖြစ်ပါ တယ်။
...
အားကစားသတင်းထောက်တွေ ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့အတိုင်းပါပဲ၊ ဒီ နေ့ပွဲမှာ ပေ ၄၀၀၀ ကျော် တောင် ၄ လုံးလောက်ပါတဲ့အတွက် နောက်ဆုံး တောင်က ပွဲရဲ့အဆုံးအဖြတ် ကိုပေးသွားတာပါ။

ပထမ ပိုင်းမှာ ၇ ဦးပါ Breakaway အဖွဲ့တခုထွက်ပြေးလွတ်မြောက်သွားတယ် လို့သိရပေမဲ့ မြင်ခွင့်မရလိုက်ပါဘူး။ တီဗွီ မှာစပြတဲ့ ကီလို ၅၀ ၀န်းကျင်အလို မှာတော့ ရှေ့မှာ ၂ ဦးပြေးနေပြီး သူတို့နောက်မှာ ၅ ဦးက စက္ကန့် ၃၀ ခန့်ပြတ်ပြီး chasers အဖြစ် လိုက်နေပါတယ်။ 
အဲဒီနောက်မှာမှ Peloton ကို စကိုင်းအသင်းကဦးဆောင်ပြီး ပုံမှန်ခြေနဲ့လိုက် နေပါတယ်။ နောက်ပိုင်းမှာတော့ ၅ ဦးထဲတဦးထွက်ပြေးလွတ်မြောက်လာပြီး ရှေ့နှစ်ဦးဆီမိလာပါတယ်။ ၁၀ မီနစ်ခန့် ၃ ယောက်ပေါင်းစီးပြီးတဲ့နောက် အဲဒီ ပုဂ္ဂိုလ်တယောက်တည်း ထွက်ပြေးသွားပါတယ်။
Pieter Weening (Roompot) ဟာ အပြေးနိုင်ဆုံးပုဂ္ဂိုလ်ဖြစ်သွားပြီး ကျန်လူ အားလုံးကို Peloton ကဖမ်းမိတဲ့ ကီလို ၃၀ ၀န်းကျင်အထိ သူဟာ တဦးတည်း ရှေ့မှာပြေးနေဆဲပါ။
Jordi Simon (Verva ActiveJet Pro Cycling Team) က အုပ်စုထဲကနေ ထွက်ပြီးထပ်လိုက်ပေမဲ့ နောက်ဆုံးတောင်ကုန်းအတက် ပန်းဝင်ဖို့ ၈ ကီလိုခန့် အလိုမှာတော့ အားလုံးကို Peloton က မိသွားပါတယ်။
ပန်းဝင်တောင်ကုန်းအထိ Peloton ထဲမှာ အင်ပြည့်အားပြည့် ပါလာတဲ့အသင်း တွေကတော့ Team Sky နဲ့ Movistar Team ပါပဲ။ ဒုတိယ ရသွားတဲ့၊ ဒီနေ့ အတွက်တိုက်ခိုက်မှုအားအကောင်းဆုံးဖြစ်တဲ့ Alberto Contador ရဲ့ Tinkoff Team အသင်းဟာ ရှေ့ဖေါ်ပြပါ နှစ်သင်းလောက် အသင်းဖေါ်အားမကောင်းလှ ပါ။
...

ပန်းဝင်ဖို့ ၃ ကီလိုလောက်မှာကတည်းက GC ဆရာကြီးတွေ အချင်းချင်း ခြေ စွမ်းပြကြပါတယ်။ Wout Poels (Team Sky) က အရှိန်တင် ထွက်ပြေးတဲ့ အခါ Quintana (Movistar) နဲ့ Zakarin (Katusha) တို့က ချက်ချင်းလိုက် ဖမ်းတဲ့အတွက် လွတ်အောင် မပြေးနိုင်ခဲ့ပါဘူး။
အဲဒီနောက် Richie Porte (BMC) နဲ့ van Garderen တို့ တခါထွက်ပြေးပါ သေးတယ်၊ ထုံးစံအတိုင်း လွတ်အောင်မပြေးနိုင်ခဲ့ပါဘူး။ ပန်းဝင်ဖို့ တကီလို နီးပါးအလိုမှာထွက်ပြေးတဲ့ Quintana (Movistar) ရဲ့ အရှိန်က အတော်ပြင်း ပါတယ်။ ဒါပေမဲ့ လွတ်အောင်မပြေးနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ဆရာကြီးတွေအချင်းချင်းကြား မြွေမြွေချင်း ခြေကြည့်နေတုန်း Daniel Martin (Irl) Etixx - Quick-Step ထွက်ပြေးတဲ့အခါ အားလုံး အငိုက်မိသွား ပုံရပါတယ်။ Alberto Contador (Spa) Tinkoff Team ချက်ချင်းထလိုက်နိုင် ပေမဲ့ ကျန်လူတွေ ပြတ်ကျန်ခဲ့ပါတယ်။
မနက်ဖြန်မှာလဲ တောင်တက်ပွဲတွေများတဲ့အတွက် ဒီနေ့အကြိတ်အနယ် ပြိုင်ရ တဲ့ GC သမားတွေပဲ အကြိတ်အနယ်ထပ်ပြိုင်ရဘွယ်ရှိနေပါတယ်။ ဒီနေ့ ကြည့်ရတဲ့ခြေစွမ်းအတိုင်း ဆိုရင်တော့ ပထမ ရနိုင်တယ်လို့ ထင်ကြေးပေးခံရ သူ Christopher Froome (GBr) Team Sky ဟာ Alberto Contador (Spa) Tinkoff Team ကို မမီဘူးဖြစ်နေတယ်လို့ထင်ရ ပါတယ်။
...

၃ ရက်တာပွဲအပြီး ၁-၁၀ ရထားတဲ့ GC သမားတွေကတော့...
General classification after stage 3
# Rider Name (Country) Team Result
1 Daniel Martin (Irl) Etixx - Quick-Step 14:08:18 
2 Alberto Contador (Spa) Tinkoff Team 0:00:06 
3 Romain Bardet (Fra) AG2R La Mondiale 0:00:08 
4 Tejay Van Garderen (USA) BMC Racing Team 0:00:12 
5 Nairo Quintana (Col) Movistar Team 0:00:19 
6 Richie Porte (Aus) BMC Racing Team 
7 Davide Formolo (Ita) Cannondale Pro Cycling 0:00:21 
8 Christopher Froome (GBr) Team Sky 0:00:22 
9 Ilnur Zakarin (Rus) Team Katusha 
10 Geraint Thomas (GBr) Team Sky 0:00:28 
11 Rigoberto Uran (Col) Cannondale Pro Cycling တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Bagà ကနေ Port Ainé အထိ 172.2 km ကို ဆက်လက် ယှဉ်ပြိုင်ရ ဖို့ရှိနေပါတယ်။ မနက်ဖြန်ပွဲမှာ ပေ ၃၀၀၀ ကျော်မြင့်တဲ့ တောင် ၃ လုံးနဲ့ ပေ ၂၀၀၀ ကျော်မြင့်တဲ့တောင်တလုံးပါတာကြောင့် GC သမားတွေရဲ့ခြေစွမ်းကို ကောင်းကောင်း မြင်ရ နိုင်ပါတယ်။ လွဲလက်စနဲ့ထပ်မှန်းရမယ်ဆိုရင် Alberto Contador (Spa) Tinkoff Team နဲ့ Nairo Quintana (Col) Movistar Team တဦးဦး ရနိုင်ပါတယ်။ ။
...
ရှေ့ပိုင်းမှာတင်ပြဖို့တခုကျန်ခဲ့တာက မနေ့ကအထိ ၂ ရက်ဆက်တိုက် ပထမ ရထားတဲ့ တာ တိုဘုရင် Nacer Bouhanni ဟာ ပထမ ပိုင်း တောင်တာင်နှစ်လုံးတက်ပြီးတဲ့နောက် ၅ မီနစ်ခန့်ပြတ်ကျန်ခဲ့ပါတယ်။ နောက်ပိုင်း ၇ မီနစ်အထိပြတ်ကျန်ခဲ့ပြီး ကီလို ၉၀ အလိုမှာ တော့ ဆက်မစီးနိုင်တော့ပဲ ပွဲကနေ ထွက်လိုက်ရပါတယ်။

တခါ ထိပ်တန်း GC ဆရာကြီးတဦးဖြစ်သူ Tom Dumoulin (Giant-Alpecin) ဟာလည်း နေ မကောင်း (အအေးပက် နာစေး)ဖြစ်နေတဲ့အတွက် ဒီနေ့ပွဲကနေ ထွက်လိုက်ရတယ်လို့ သိရပါ တယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More